top of page

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ ည (၉) နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ မောင်တော၊ (၄) မိုင် (နခခ-၂) စခန်းအား လေကြောင်းတိုက်ခိုက်ပြီးနောက် အဆိုပါနေရာ၌ ထိခိုက်သေကျေပျက်စီးမှု အခြေအနေ



၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ ည (၉) နာရီ (၃၀) မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် မောင်တော၊ (၄) မိုင် (နခခ-၂) စခန်း (စစ်သုံပန်းများနှင့် တခြားအကျဉ်းသား များအား ခေတ္တထိန်းသိမ်းထားသည့်နေရာ) ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါနေရာရှိ မိမိတို့ ထိန်းသိမ်းထားသော -

 

(၁) မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊

(၂) ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊

(၃) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊

(၄) ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊

(၅) ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊

(၆) ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊

(၇) ALP နှင့် ဆက်စပ်နေသောသူများ

(၈) သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့အပါအဝင်

စုစုပေါင်း အကျဉ်းသား (၅၀) ကျော် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သော ရုပ်သံမှတ်တမ်း နှင့် အသက်မသေဘဲကျန်ရှိခဲ့ပြီး ဒဏ်ရာရသူသောသူများအား ဆေးကုသမှုပေးနေသော ရုပ်သံမှတ်တမ်း

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်

 

 

 

 

 


222 views

1 comentário


mrmh kamal
mrmh kamal
11 de set. de 2024

How can I get information about the accident?

Curtir
bottom of page