top of page

၂၀၂၀ ေမလ(၅/၆/၇)ရက္ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား





ေမလ(၅/၆/၇) ရက္မ်ားတြင္လည္း ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္အား ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားရွိခဲ့သည္။ ေမလ(၇) ရက္ေန႔၌ ျမန္မာ့တပ္မေတာ္၏ ေျမျပင္၊ေဝဟင္ထိုးစစ္ဆင္တိုက္ခိုက္မႈ တို႔သည္ မင္းျပားၿမိဳ႕နယ္၊ ႏွင့္ ပလက္ဝၿမိဳ႕နယ္အတြင္း ပိုမိုျပင္းထန္ခဲ့သည္။ ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသအတြင္း၌စစ္အင္အားမ်ားကိုလည္းထပ္မံျဖည့္တင္းလ်က္ရွိသည့္အျပင္ ႀကီးမားေသာထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားအတြက္ ျပင္ဆင္ေနသည္ကိုေတြ႕ရွိရသည္။


မိမိတို႔ညီေနာင္(၃) ဖြဲ႕၏တစ္ဖက္သတ္အပစ္အခတ္ရပ္ဆိုင္းျခင္းအေပၚအခြင့္ေကာင္းယူ၍ ျမန္မာ့တပ္မေတာ္မွစစ္ေရးလႈပ္ရွားမႈမ်ားေၾကာင့္ ကိုးကန္႔၊ တအာင္းေဒသအတြင္း၌လည္းယခုရက္မ်ားအတြင္းတိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ေနာက္ထပ္လည္း တိုက္ပြဲမ်ားထပ္မံျဖစ္ပြားလာနိုင္ေသာ ျမန္မာ့တပ္မေတာ္၏ စစ္ေရးလႈပ္ရွားမႈမ်ားကိုေတြ႕ျမင္ေနရပါသည္။


ျမန္မာ့တပ္မေတာ္သည္ တိုက္ပြဲျဖစ္ပြားေနေသာေနရာမ်ားအျပင္ တိုက္ပြဲျဖစ္ပြားျခင္းမရွိသည့္ေနရာမ်ားကိုပါ လက္နက္ႀကီးမ်ားျဖင့္ ေန႔တိုင္းပစ္ခတ္တိုက္ခိုက္မႈမ်ားရွိေနခဲ့သည္။ အထူးသျဖင့္ အမ္း၊ ေျမပံု၊ ရေသ့ေတာင္၊ပုဏၰားကြ်န္း၊ ပလက္ဝ ေဒသအတြင္း၌ေန႔၊ညအခိ်န္မေရြးအေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ေနျခင္းျဖစ္သည္။


၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၅) ရက္ေန႔၊ နံနက္(၁၁) နာရီ(၄၀) မိနစ္အခိ်န္တြင္ ပလက္ဝၿမိဳ႕နယ္၊ ႏွမ္းေခ်ာင္းရြာ အေရွ႕ေျမာက္ဖက္၊ မီတာ (၈၀၀) အကြာအေဝးေတာင္တန္းရွိရကၡိဳင့္တပ္ေတာ္အား အင္အား(၁၅၀) ခန္႔ ရွိေသာ ျမန္မာ့တပ္မေတာ္သည္ သံုးဖက္သံုးတန္ မွ ဝိုင္းပတ္ပိတ္ဆို႔ၿပီးလာေရာက္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။


ရကၡိဳင့္တပ္ေတာ္သည္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားသည့္ကာလအတြင္း တိုက္ပြဲမ်ားမျဖစ္ပြားရေအာင္ အတတ္နိုင္ဆံုးထိန္းသိမ္းေနေသာ္လည္းျမန္မာ့တပ္မေတာ္၏ ၾကည္း၊ေရ၊ေလ ပူးေပါင္းထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားေၾကာင့္တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနျခင္းျဖစ္သည္။


ေမလ(၆) ရက္ေန႔၊ ညေန(၇) နာရီအခိ်န္တြင္ ပလက္ဝၿမိဳ႕နယ္၊ ေရႊေခ်ာင္းဝရြာအေနာက္ေျမာက္ဖက္(၁.၄) ကီလိုမီတာအကြာအေဝး၌လည္း ရန္သူသည္မိမိတို႔ရွိရာေနရာသို႔တိုက္ခိုက္လာေသာေၾကာင့္ႏွစ္ဖက္ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့သည္။


ေမလ(၆) ရက္၊ ည(၈) နာရီ(၂၃) မိနစ္တြင္လည္း မင္းျပားၿမိဳ႕နယ္၊ ရာေမာင္ေတာင္တန္းရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ ဝင္ေရာက္တိုက္ခိုက္လာေသာေၾကာင့္ တစ္နာရီနီးပါး အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့သည္။ ရန္သူ႔ဖက္မွ ထိခိုက္က်ဆံုးမႈမ်ားရွိခဲ့သည္။ ထို႔ေၾကာင့္အထိအခိုက္အက်အဆံုးရွိေသာျမန္မာ့တပ္မေတာ္သည္ ေမလ(၇) ရက္ေန႔၌ ေန႔လည္(၁၂) နာရီေနာက္ပိုင္းမွစတင္၍ေလေၾကာင္းမွ ျပင္းထန္စြာလာေရာက္တိုက္ခိုက္ခဲ့ၿပီးတိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့သည္။


ေမလ(၇)ေန႔၊ ေန႔လယ္(၁) နာရီ(၄၀) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ ေလာင္းကဒူးရြာ အေနာက္ဖက္၊ ပြိဳင့္- ၆၀၂( Point-602) ေတာင္ကုန္းတြင္လည္းေကာင္း၊ ေန႔လယ္(၂) နာရီ(၄၀) မိနစ္အခိ်န္တြင္ပလက္ဝၿမိဳ႕နယ္၊ ႐ုပ္ဝရြာအနီးပတ္ဝန္းက်င္ရွိေတာင္တန္းတြင္လည္းေကာင္း ျမန္မာ့တပ္မေတာ္မွ က်ဴးေက်ာ္ဝင္ေရာက္လာေသာေၾကာင့္တိုက္ပြဲမ်ားအသီးသီးျဖစ္ပြားခဲ့သည္။ ရန္သူသည္ Point-602 ကုန္းအား ဂ်က္တိုက္ေလယာဥ္(၂) စီးျဖင့္ နံနက္(၁၁) နာရီ (၅၀) မိနစ္မွ ေန႔လယ္(၂) နာရီ(၃၀) မိနစ္အတြင္း လွည့္ပတ္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။


ထို႔အတူ ရဟတ္ယာဥ္(၂) စီးျဖင့္လည္း ေန႔လယ္(၁) နာရီ(၁၅) မိနစ္မွ (၂) နာရီနီးပါးအထိ ေရာ့ကတ္မ်ား၊ စက္ေသနတ္မ်ားျဖင့္ မရပ္မနားပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေမလအတြင္း ေလေၾကာင္းတိုက္ခိုက္မႈ ေျမျပင္မွ ထိုးစစ္ဆင္တိုက္ခိုက္မႈ အျပင္းထန္ဆံုးေန႔ျဖစ္သည္။


ျမန္မာ့တပ္မေတာ္၏ ေမလ(၅/၆/၇) ရက္ထိုးစစ္မ်ားအတြင္း မိမိတို႔ဖက္မွ ထိခိုက္ဒဏ္ရာရသူ၊အသက္ေပးဆပ္စြန္႔လႊတ္ရသူ အခိ်ဳ႕ရွိခဲ့သည္။ ထိုးစစ္မ်ားအတြင္း သတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာအာရကၡစစ္သည္ေတာ္မ်ား၊တိုင္းျပည္ႏွင့္လူမိ်ဳးအတြက္ အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရေသာအာရကၡစစ္သည္ေတာ္မ်ားအား မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။


တၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္ အေၾကာင္းအမိ်ဳးမိ်ဳးျပကာ အရပ္သားျပည္သူလူထုမ်ားကို ဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္းမ်ားကိုျပဳလုပ္ေနရံုသာမက ႏိုင္ငံ့ဝန္ထမ္းမ်ား၊ NLD အဖြဲ႕ဝင္မ်ား ႏွင့္ ၾကံ့ခိုင္ေရးပါတီဝင္(ေဟာင္း) မ်ားကိုဖမ္းဆီးျခင္းတို႔ကိုဆက္တိုက္လုပ္ေဆာင္လာသည္။ ဤကဲ့သို႔ေသာေကာက္က်စ္ယုတ္မာေသာလုပ္ရပ္မ်ားကို ျမန္မာ့တပ္မေတာ္မွ ရည္ရြယ္ခ်က္ရွိရွိျဖင့္လုပ္ေဆာင္ေနျပီး မိမိတို႔အဖြဲ႕အ စည္းမွျပဳလုပ္သည္ဟုစြပ္စြဲေျပာဆိုလ်က္ရွိသည္။၎တို႔၏တစ္ဖက္သတ္စြပ္စြဲေျပာဆိုခ်က္မ်ား၎တို႔၏ ေက်ာေထာက္ေနာက္ခံမီဒီယာမ်ား၊ အစိုးရပိုင္မီဒီယာမ်ားမွတစ္ဆင့္ ထုတ္လႊင့္ျပသကာမိမိတို႔အဖြဲ႕အစည္းအား အထင္အျမင္လြဲေအာင္လုပ္ေဆာင္ေနၾကသည္။


ျမန္မာ့တပ္မေတာ္သည္သတင္းမီဒီယာသမားမ်ားကိုၿခိမ္းေျခာက္ထားသည့္အျပင္သတင္းလြတ္လပ္ခြင့္ကိုဖိႏွိပ္ထားၿပီး ရကၡိဳင့္တပ္ေတာ္အား ဘက္ေပါင္းစံုမွ ထိုးႏွက္တိုက္ခိုက္ျခင္း၊ တစ္ဖက္သတ္စြပ္စြဲေျပာဆိုျခင္းမ်ားကို ဆက္တိုက္ျပဳလုပ္လ်က္ရွိသည္။


ထို႔အျပင္လူမိဳ်းေရးပဋိပကၡမ်ားျဖစ္ေပၚလာေစရန္ လုပ္ေဆာင္ေနေသာ လုပ္ရပ္မ်ား၊ ေျပာဆိုေရးသားမႈမ်ားကိုလည္းခပ္စိပ္စိပ္ေတြ႕ျမင္ေနရသည္။


ျမန္မာ့တပ္မေတာ္၏ထိုးစစ္မ်ားကို မရပ္တန္႔ပါက မိမိတို႔အေနျဖင့္ ထုတ္ျပန္ထားသည့္အတိုင္း လိုအပ္လၽွင္လိုအပ္သလို တံု႔ျပန္သြားမည္။ မိမိတို႔ျပည္သူလူထု၏ အသက္အိုးအိမ္၊စည္းစိမ္တို႔ကိုၿခိမ္းေျခာက္ေနေသာ ျမန္မာ့တပ္မေတာ္၏တပ္မ၊တပ္ရင္းမ်ားကို လက္တံု႔ျပန္တိုက္ခိုက္သြားမည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


မေလ(၅/၆/၇) ရက်များတွင်လည်း မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိခဲ့သည်။ မေလ(၇) ရက်နေ့၌ မြန်မာ့တပ်မတော်၏ မြေပြင်၊ဝေဟင်ထိုးစစ်ဆင်တိုက်ခိုက်မှု တို့သည် မင်းပြားမြို့နယ်၊ နှင့် ပလက်ဝမြို့နယ်အတွင်း ပိုမိုပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း၌စစ်အင်အားများကိုလည်းထပ်မံဖြည့်တင်းလျက်ရှိသည့်အပြင် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများအတွက် ပြင်ဆင်နေသည်ကိုတွေ့ရှိရသည်။ မိမိတို့ညီနောင်(၃) ဖွဲ့၏တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းခြင်းအပေါ်အခွင့်ကောင်းယူ၍ မြန်မာ့တပ်မတော်မှစစ်ရေးလှုပ်ရှားမှုများကြောင့် ကိုးကန့်၊ တအာင်းဒေသအတွင်း၌လည်းယခုရက်များအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။ နောက်ထပ်လည်း တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်သော မြန်မာ့တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကိုတွေ့မြင်နေရပါသည်။ မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားနေသောနေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကိုပါ လက်နက်ကြီးများဖြင့် နေ့တိုင်းပစ်ခတ်တိုက်ခိုက်မှုများရှိနေခဲ့သည်။ အထူးသဖြင့် အမ်း၊ မြေပုံ၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပလက်ဝ ဒေသအတွင်း၌နေ့၊ညအချိန်မရွေးအကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ(၅) ရက်နေ့၊ နံနက်(၁၁) နာရီ(၄၀) မိနစ်အချိန်တွင် ပလက်ဝမြို့နယ်၊ နှမ်းချောင်းရွာ အရှေ့မြောက်ဖက်၊ မီတာ (၈၀၀) အကွာအဝေးတောင်တန်းရှိရက္ခိုင့်တပ်တော်အား အင်အား(၁၅၀) ခန့် ရှိသော မြန်မာ့တပ်မတော်သည် သုံးဖက်သုံးတန် မှ ဝိုင်းပတ်ပိတ်ဆို့ပြီးလာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ရက္ခိုင့်တပ်တော်သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း တိုက်ပွဲများမဖြစ်ပွားရအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေသော်လည်းမြန်မာ့တပ်မတော်၏ ကြည်း၊ရေ၊လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ မေလ(၆) ရက်နေ့၊ ညနေ(၇) နာရီအချိန်တွင် ပလက်ဝမြို့နယ်၊ ရွှေချောင်းဝရွာအနောက်မြောက်ဖက်(၁.၄) ကီလိုမီတာအကွာအဝေး၌လည်း ရန်သူသည်မိမိတို့ရှိရာနေရာသို့တိုက်ခိုက်လာသောကြောင့်နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မေလ(၆) ရက်၊ ည(၈) နာရီ(၂၃) မိနစ်တွင်လည်း မင်းပြားမြို့နယ်၊ ရာမောင်တောင်တန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ဝင်ရောက်တိုက်ခိုက်လာသောကြောင့် တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့်အထိအခိုက်အကျအဆုံးရှိသောမြန်မာ့တပ်မတော်သည် မေလ(၇) ရက်နေ့၌ နေ့လည်(၁၂) နာရီနောက်ပိုင်းမှစတင်၍လေကြောင်းမှ ပြင်းထန်စွာလာရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ မေလ(၇)နေ့၊ နေ့လယ်(၁) နာရီ(၄၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ လောင်းကဒူးရွာ အနောက်ဖက်၊ ပွိုင့်- ၆၀၂( Point-602) တောင်ကုန်းတွင်လည်းကောင်း၊ နေ့လယ်(၂) နာရီ(၄၀) မိနစ်အချိန်တွင်ပလက်ဝမြို့နယ်၊ ရုပ်ဝရွာအနီးပတ်ဝန်းကျင်ရှိတောင်တန်းတွင်လည်းကောင်း မြန်မာ့တပ်မတော်မှ ကူျးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ ရန်သူသည် Point-602 ကုန်းအား ဂျက်တိုက်လေယာဉ်(၂) စီးဖြင့် နံနက်(၁၁) နာရီ (၅၀) မိနစ်မှ နေ့လယ်(၂) နာရီ(၃၀) မိနစ်အတွင်း လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူ ရဟတ်ယာဉ်(၂) စီးဖြင့်လည်း နေ့လယ်(၁) နာရီ(၁၅) မိနစ်မှ (၂) နာရီနီးပါးအထိ ရော့ကတ်များ၊ စက်သေနတ်များဖြင့် မရပ်မနားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မေလအတွင်း လေကြောင်းတိုက်ခိုက်မှု မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှု အပြင်းထန်ဆုံးနေ့ဖြစ်သည်။ မြန်မာ့တပ်မတော်၏ မေလ(၅/၆/၇) ရက်ထိုးစစ်များအတွင်း မိမိတို့ဖက်မှ ထိခိုက်ဒဏ်ရာရသူ၊အသက်ပေးဆပ်စွန့်လွှတ်ရသူ အခိုျ့ရှိခဲ့သည်။ ထိုးစစ်များအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များ၊တိုင်းပြည်နှင့်လူမိုျးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသောအာရက္ခစစ်သည်တော်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ တပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် အကြောင်းအမိုျးမိုျးပြကာ အရပ်သားပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကိုပြုလုပ်နေရုံသာမက နိုင်ငံ့ဝန်ထမ်းများ၊ NLD အဖွဲ့ဝင်များ နှင့် ကြံ့ခိုင်ရေးပါတီဝင်(ဟောင်း) များကိုဖမ်းဆီးခြင်းတို့ကိုဆက်တိုက်လုပ်ဆောင်လာသည်။ ဤကဲ့သို့သောကောက်ကျစ်ယုတ်မာသောလုပ်ရပ်များကို မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိဖြင့်လုပ်ဆောင်နေပြီး မိမိတို့အဖွဲ့အ စည်းမှပြုလုပ်သည်ဟုစွပ်စွဲပြောဆိုလျက်ရှိသည်။၎င်းတို့၏တစ်ဖက်သတ်စွပ်စွဲပြောဆိုချက်များ၎င်းတို့၏ ကျောထောက်နောက်ခံမီဒီယာများ၊ အစိုးရပိုင်မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသကာမိမိတို့အဖွဲ့အစည်းအား အထင်အမြင်လွဲအောင်လုပ်ဆောင်နေကြသည်။ မြန်မာ့တပ်မတော်သည်သတင်းမီဒီယာသမားများကိုခြိမ်းခြောက်ထားသည့်အပြင်သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်ထားပြီး ရက္ခိုင့်တပ်တော်အား ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်ခြင်း၊ တစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထို့အပြင်လူမိုျးရေးပဋိပက္ခများဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေသော လုပ်ရပ်များ၊ ပြောဆိုရေးသားမှုများကိုလည်းခပ်စိပ်စိပ်တွေ့မြင်နေရသည်။ မြန်မာ့တပ်မတော်၏ထိုးစစ်များကို မရပ်တန့်ပါက မိမိတို့အနေဖြင့် ထုတ်ပြန်ထားသည့်အတိုင်း လိုအပ်လျှင်လိုအပ်သလို တုံ့ပြန်သွားမည်။ မိမိတို့ပြည်သူလူထု၏ အသက်အိုးအိမ်၊စည်းစိမ်တို့ကိုခြိမ်းခြောက်နေသော မြန်မာ့တပ်မတော်၏တပ်မ၊တပ်ရင်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်။ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

709 views
bottom of page