၂၀၂၀ဖေဖော်ဝါရီလ(၁၀/၁၁)ရက်နေ့ပါမြန်မာ့တပ်မတော်၏စွပ်စွဲမှုများနှင့်ပတ်သက်၍ငြင်းဆိုသည့်ထုတ်ပြန်ကြေညာချက်
- ULA / AA
- Feb 12, 2020
- 1 min read
Updated: Sep 30, 2020
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀) ရက်နှင့် (၁၁) ရက်နေ့ပါ သတင်းများ နှင့်ပတ်သက်၍ စွပ်စွဲရေးသားထားသည်များနှင့် ပတ်သက်၍ ဟုတ်မှန်မှုမရှိသောကြောင့်ငြင်းဆိုသည့် ထုတ်ပြန်ကြေညာချက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်

ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာအတွင်းရှိနေအိမ်များအား AA အဖွဲ့များမှ မီးရှို့ဖျက်ဆီး" ဟူသော ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀) ရက်နေ့စွဲဖြင့်ရေးသားထုတ်ပြန်ထားသောသတင်း နှင့် " AA များက ကျောက်တော်မြို့နယ်၊ မြောက်တောင်ကျေးရွာ နှင့် တောင်ဘွယ်(မူ) ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်" ဟူသော ဖေဖော် ဝါရီလ(၁၁) ရက်နေ့စွဲဖြင့်ရေးသားထုတ်ပြန်ထားသောသတင်း(၂) ခုနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်၏ စွပ်စွဲရေးသားချက်များမှာ လုံးဝမှားယွင်းပြီးဟုတ်မှန်ခြင်းမရှိကြောင်းပြတ်သားစွာ ငြင်းလိုက်ပါသည်။


အခြားတစ်ဖက်တွင် အထက်ပါစွပ်စွဲချက်သတင်းများ၌ပါရှိသော လုပ်ရပ်များမှာ မြန်မာ့တပ်မတော်၏ အောက်တန်းကျပြီး ယုတ်မာသောလုပ်ရပ်များသာဖြစ်သည်။ ဤသည်ကိုဒေသခံပြည်သူလူထုများနှင့် ကျူးလွန်ခံရသောကာယကံရှင်များအားလုံးအသိပင်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်သည် ၎င်းတို့ကျူးလွန်နေသော စစ်ရာဇဝတ်မှုတိုင်းကို မိမိတို့အဖွဲ့အစည်းအပေါ် မဟုတ်မမှန်စွပ်စွဲရေးသားနေခြင်းများကိုဆက်တိုက်ပြုလုပ်နေသည်မှာ၎င်းတို့ ကျူးလွန်ထားခဲ့ပြီးဖြစ်သော ပြစ်မှုများကိုဖုံးဖိလိုပြီး မိမိတို့အဖွဲ့အစည်းအပေါ်ပုံလိုခြင်း၊ နိုင်ငံတကာအမြင်တွင်ထင်ယောင်ထင်မှားဖြစ်စေရန်ရည်ရွယ်ချက် ရှိရှိဖြင့်ပြုလုပ်နေခြင်းပင်ဖြစ်ပြီး အဆိုပါသတင်းများတွင်ပါရှိသောအကြောင်းအရာများမှာ မိမိတို့နှင့်သက်ဆိုင်ခြင်းမရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။
Comments