top of page

၂၀၂၀ ျပည့္၊ ေအာက္တိုဘာ(၄) ရက္၊ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား


၂၀၂၀ ျပည့္၊ ေအာက္တိုဘာ(၄) ရက္၊ရခိုင္ျပည္တိုက္ပြဲသတင္းမ်ာ





(ရကၡိဳင့္တပ္ေတာ္မွ တစ္ရက္တာေခတၱလက္လြတ္ခဲ့ရေသာ မိမိတို႔စခန္းငယ္တစ္ခုအား (၂၄) နာရီအတြင္းျပန္လည္သိမ္းပိုက္ရရွိ)


ျမန္မာနိုင္ငံ၌ ကမၻာလုံးဆိုင္ရာကိုရိုနာကူးစက္ေရာဂါ၊ ဒုတိယလွိုင္းကာလအား ရင္ဆိုင္ၾကဳံေတြ႕ေနရေသာ အခ်ိန္ကာလျဖစ္သည္။ ဤသည္ကို ဖက္ဆစ္နယ္ခ်ဲ႕စစ္ရာဇဝတ္တပ္ဖြဲ႕ ျမန္မာ့တပ္မေတာ္သည္ အျမတ္ထုတ္ၿပီး အခြင့္ေကာင္းယူကာ ရကၡိဳင့္တပ္ေတာ္အေပၚ ျပင္းထန္ေသာထိုးစစ္ဆင္တိုက္ခိုက္မွုမ်ားကို မိုက္မဲစြာ ႏွင့္ တာဝန္မဲ့စြာ ဆက္လက္ျပဳလုပ္လ်က္ရွိသည္။


ျမန္မာ့တပ္မေတာ္၏ သတင္းမွန္ျပန္ၾကားေရးမွ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔၌ "မိမိတို႔စခန္းငယ္တစ္ခုအား သိမ္းပိုက္ရရွိသည္" ဟု သတင္းထုတ္ျပန္ထားသည္။ ထိုစခန္းငယ္သည္ ရေသ့ေတာင္ၿမိဳ႕နယ္ ၊ ေအာင္သာစည္ေက်းရြာ၏ အေနာက္ေတာင္ဖက္ မီတာ(၇၀၀) ခန႔္ (သို႔မဟုတ္)ထီးစြဲေက်းရြာ၏ အေရွ႕ေတာင္ဖက္ မီတာ (၁၁၀၀)ေက်ာ္အကြာအေဝး၌ တည္ရွိသည္။ ျမန္မာ့တပ္မေတာ္မွ ရကၡိဳင့္တပ္ေတာ္အေပၚ ကာလရွည္ထိုးစစ္ဆင္တိုက္ခိုက္ေနသည့္ ေနရာမ်ားထဲမွ တစ္ခုျဖစ္သည္။






ဤေနရာအား ျမန္မာ့တပ္မေတာ္သည္ "ဇြန္လ" ကတည္းကပင္ ထိုးစစ္ဆင္တိုက္ခိုက္ေနေသာေၾကာင့္ ယခုဆိုလၽွင္ ေလးလေက်ာ္အထိ ၾကာျမင့္ခဲ့ၿပီျဖစ္သည္။ ရန္သူသည္ ရဟတ္ယာဥ္ႏွင့္လက္နက္ႀကီးပစ္ကူ အေျမာက္အျမား၊ အင္အားအလုံးအရင္းျဖင့္ အဆိုပါစခန္းငယ္အား ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ေအာက္တိုဘာလ (၃) ရက္ေန႔တြင္ မိမိတို႔အေနျဖင့္ အဆိုပါစခန္းငယ္အား ေခတၱစြန႔္လႊတ္ခဲ့ရသည္။ ထို႔အျပင္ မိမိတို႔၏ လက္နက္ခဲယမ္းအခ်ိဳ႕ ဆုံးရွုံးခဲ့ရသည္။ ဒဏ္ရာရရွိသူအနည္းငယ္မွလြဲ၍ အက်အဆုံးမရွိခဲ့ေခ်။


ယမန္ေန႔က မိမိတို႔ေခတၱစြန႔္လႊတ္ခဲ့ေသာ စခန္းငယ္အား အာရကၡစစ္သည္ေတာ္တို႔သည္ အရွုံးမေပးတတ္ေသာစိတ္ဓာတ္၊ ေျပာင္ေျမာက္ေသာရဲစြမ္းသတၱိ၊ ထက္ျမက္ေသာတိုက္ရည္ခိုက္ရည္တို႔ျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔၊ ညေန (၅) နာရီ (၃၀) မိနစ္တြင္ ျပန္လည္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သည္။


ရန္သူ၏ ထီးစြဲ၊ ရေသ့ေတာင္ဗ်ဴဟာမ်ားမွ လက္နက္ႀကီးပစ္ကူမ်ား၊ ရဟတ္ယာဥ္ပစ္ကူမ်ား အေျမာက္အျမားပစ္ခတ္ေနသည့္ၾကားမွ အာရကၡစစ္သည္ေတာ္မ်ားသည္ နယ္ခ်ဲ႕ဖက္ဆစ္အၾကမ္းဖက္ တပ္ဖြဲ႕အား အျပတ္အသတ္ေခ်မွုန္းၿပီး ေအာင္ပြဲရယူနိုင္ခဲ့သည္။ မိမိထက္ စစ္သည္အင္အား၊ လက္နက္အင္အား၊ ပစ္ကူအားသာလြန္ေသာ ရန္သူကို အျပတ္အသတ္ေခ်မွုန္းၿပီး ေအာင္ပြဲရယူနိုင္ခဲ့ျခင္းျဖစ္သည္။


ရန္သူသည္ ေအာက္တိုဘာလ (၄) ရက္၊ ညေန (၇) နာရီ (၃၀) မိနစ္တြင္ ဘူးသီးေတာင္ဗ်ဴဟာမွ (MRLS)အတြဲလိုက္ဒုံးမ်ားျဖင့္လည္းေကာင္း၊ ရဟတ္ယာဥ္ (၂) စီးျဖင့္လည္းေကာင္း တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာအား ညအခ်ိန္မ်ား၌ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာ္လည္း ရကၡိဳင့္တပ္ေတာ္မွ အထိအခိုက္အနည္းဆုံးျဖင့္ ခုခံနိုင္ခဲ့သည္။


အာရကၡစစ္သည္ေတာ္မ်ားမွ ႏွစ္နာရီနီးပါးၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီးေနာက္ ညေန (၇) နာရီ (၂၆) မိနစ္တြင္ မိမိတို႔ေခတၱလက္လႊတ္ခဲ့ရေသာစခန္းငယ္အား အလုံးစုံျပန္လည္တိုက္ခိုက္သိမ္းပိုက္ရယူခဲ့သည္။ ရကၡိဳင့္တပ္ေတာ္မွ တစ္ရက္တာေခတၱလက္လႊတ္ခဲ့ရေသာ မိမိတို႔စခန္းအား (၂၄) နာရီအတြင္း ျပန္လည္သိမ္းပိုက္ရယူခဲ့ျခင္းျဖစ္သည္။


တပ္မ (၄၄) လက္ေအာက္ခံ၊ မုတၱမအေျခစိုက္ (၁၀၂) တပ္ရင္း၊ ေမာ္လၿမိဳင္အေျခစိုက္ ခမရ (၁၀၄) ႏွင့္ တပ္မ (၂၂) လက္ေအာက္ခံ ခမရ (၂၀၈) တပ္ရင္းမ်ားမွ အရာရွိမ်ားအပါအဝင္ တပ္ဖြဲ႕ဝင္ (၃၀) ဦးေက်ာ္အား ေခ်မွုန္းသုတ္သင္နိုင္ခဲ့သည္။ မိမိတို႔ဆုံးရွုံးခဲ့ေသာ လက္နက္ခဲယမ္းမ်ားအျပင္ လက္နက္ငယ္ (၄၀) လက္ အပါအဝင္ ခဲယမ္းအေျမာက္အျမားပါဝင္ေသာ ရန္သူ႔လက္နက္ခဲယမ္း အေျမာက္အျမား ႏွင့္ စစ္အသုံးအေဆာင္ပစၥည္းမ်ားလည္း သိမ္းဆည္းရမိခဲ့သည္။






ထို႔အတူ အျခားတစ္ေနရာျဖစ္ေသာ မင္းျပားၿမိဳ႕နယ္၊ ေမလြန္းေက်းရြာ၏အေရွ႕ေတာင္ဖက္(၁) ကီလိုမီတာအကြာအေဝး ျမန္မာ့တပ္မေတာ္ (ခ) စစ္ရာဇဝတ္နယ္ခ်ဲ႕ ဖက္ဆစ္တပ္သည္ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာ ေနရာအခ်ိဳ႕အား ထပ္မံထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ေသာေၾကာင့္ ေအာက္တိုဘာလ (၄) ရက္၊ ညေန (၄) နာရီ (၂၈) မိနစ္တြင္ တိုက္ပြဲထပ္မံျဖစ္ပြားခဲ့သည္။ ေအာက္တိုဘာလ (၃) ရက္ေန႔၌လည္း ရန္သူသည္ အဆိုပါပတ္ဝန္းက်င္ရွိ မိမိတို႔စခန္း (၃) ခုအား အျပင္းအထန္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ေသးသည္။ ရကၡိဳင့္တပ္ေတာ္မွ အေကာင္ဆုံးခုခံကာကြယ္နိုင္ခဲ့ေသာေၾကာင့္ ရန္သူ႔ဖက္မွ (၂၀) ဦးထက္မနည္း ထိခိုက္က်ဆုံးမွုမ်ားရွိခဲ့သည္။


ေအာက္တိုဘာလ (၄) ရက္ေန႔တိုက္ပြဲမ်ားအတြင္း ရန္သူစုစုေပါင္း (၆၀) ဦးအထက္အား သုတ္သင္ရွင္းလင္းနိုင္ခဲ့သည္။ ရန္သူမ်ားအတြက္ အထိနာဆုံးေန႔ရက္တစ္ရက္ျဖစ္သည္။


တိုက္ပြဲမ်ားအတြင္း သတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္နိုင္ခဲ့ၾကေသာ အာရကၡစစ္သည္ေတာ္မ်ား၊ ထူးခၽြန္စစ္သည္မ်ားအား မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


ေအာက္တိုဘာလ (၅) ရက္၊ ညေန (၁၀) နာရီ (၁၅) မိနစ္တြင္ ထုတ္ျပန္သည္။




၂၀၂၀ ပြည့်၊ အောက်တိုဘာ(၄) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ


(ရက္ခိုင့်တပ်တော်မှ တစ်ရက်တာခေတ္တလက်လွတ်ခဲ့ရသော မိမိတို့စခန်းငယ်တစ်ခုအား (၂၄) နာရီအတွင်းပြန်လည်သိမ်းပိုက်ရရှိ)


မြန်မာနိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာကိုရိုနာကူးစက်ရောဂါ၊ ဒုတိယလှိုင်းကာလအား ရင်ဆိုင်ကြုံတွေ့နေရသော အချိန်ကာလဖြစ်သည်။ ဤသည်ကို ဖက်ဆစ်နယ်ချဲ့စစ်ရာဇဝတ်တပ်ဖွဲ့ မြန်မာ့တပ်မတော်သည် အမြတ်ထုတ်ပြီး အခွင့်ကောင်းယူကာ ရက္ခိုင့်တပ်တော်အပေါ် ပြင်းထန်သောထိုးစစ်ဆင်တိုက်ခိုက်မှုများကို မိုက်မဲစွာ နှင့် တာဝန်မဲ့စွာ ဆက်လက်ပြုလုပ်လျက်ရှိသည်။


မြန်မာ့တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၌ "မိမိတို့စခန်းငယ်တစ်ခုအား သိမ်းပိုက်ရရှိသည်" ဟု သတင်းထုတ်ပြန်ထားသည်။ ထိုစခန်းငယ်သည် ရသေ့တောင်မြို့နယ် ၊ အောင်သာစည်ကျေးရွာ၏ အနောက်တောင်ဖက် မီတာ(၇၀၀) ခန့် (သို့မဟုတ်)ထီးစွဲကျေးရွာ၏ အရှေ့တောင်ဖက် မီတာ (၁၁၀၀)ကျော်အကွာအဝေး၌ တည်ရှိသည်။ မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်တော်အပေါ် ကာလရှည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နေရာများထဲမှ တစ်ခုဖြစ်သည်။


ဤနေရာအား မြန်မာ့တပ်မတော်သည် "ဇွန်လ" ကတည်းကပင် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ယခုဆိုလျှင် လေးလကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရန်သူသည် ရဟတ်ယာဉ်နှင့်လက်နက်ကြီးပစ်ကူ အမြောက်အမြား၊ အင်အားအလုံးအရင်းဖြင့် အဆိုပါစခန်းငယ်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ (၃) ရက်နေ့တွင် မိမိတို့အနေဖြင့် အဆိုပါစခန်းငယ်အား ခေတ္တစွန့်လွှတ်ခဲ့ရသည်။ ထို့အပြင် မိမိတို့၏ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရသည်။ ဒဏ်ရာရရှိသူအနည်းငယ်မှလွဲ၍ အကျအဆုံးမရှိခဲ့ချေ။


ယမန်နေ့က မိမိတို့ခေတ္တစွန့်လွှတ်ခဲ့သော စခန်းငယ်အား အာရက္ခစစ်သည်တော်တို့သည် အရှုံးမပေးတတ်သောစိတ်ဓာတ်၊ ပြောင်မြောက်သောရဲစွမ်းသတ္တိ၊ ထက်မြက်သောတိုက်ရည်ခိုက်ရည်တို့ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။


ရန်သူ၏ ထီးစွဲ၊ ရသေ့တောင်ဗျူဟာများမှ လက်နက်ကြီးပစ်ကူများ၊ ရဟတ်ယာဉ်ပစ်ကူများ အမြောက်အမြားပစ်ခတ်နေသည့်ကြားမှ အာရက္ခစစ်သည်တော်များသည် နယ်ချဲ့ဖက်ဆစ်အကြမ်းဖက် တပ်ဖွဲ့အား အပြတ်အသတ်ချေမှုန်းပြီး အောင်ပွဲရယူနိုင်ခဲ့သည်။ မိမိထက် စစ်သည်အင်အား၊ လက်နက်အင်အား၊ ပစ်ကူအားသာလွန်သော ရန်သူကို အပြတ်အသတ်ချေမှုန်းပြီး အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။


ရန်သူသည် အောက်တိုဘာလ (၄) ရက်၊ ညနေ (၇) နာရီ (၃၀) မိနစ်တွင် ဘူးသီးတောင်ဗျူဟာမှ (MRLS)အတွဲလိုက်ဒုံးများဖြင့်လည်းကောင်း၊ ရဟတ်ယာဉ် (၂) စီးဖြင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာအား ညအချိန်များ၌ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ အထိအခိုက်အနည်းဆုံးဖြင့် ခုခံနိုင်ခဲ့သည်။


အာရက္ခစစ်သည်တော်များမှ နှစ်နာရီနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ညနေ (၇) နာရီ (၂၆) မိနစ်တွင် မိမိတို့ခေတ္တလက်လွှတ်ခဲ့ရသောစခန်းငယ်အား အလုံးစုံပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူခဲ့သည်။ ရက္ခိုင့်တပ်တော်မှ တစ်ရက်တာခေတ္တလက်လွှတ်ခဲ့ရသော မိမိတို့စခန်းအား (၂၄) နာရီအတွင်း ပြန်လည်သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။


တပ်မ (၄၄) လက်အောက်ခံ၊ မုတ္တမအခြေစိုက် (၁၀၂) တပ်ရင်း၊ မော်လမြိုင်အခြေစိုက် ခမရ (၁၀၄) နှင့် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၈) တပ်ရင်းများမှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ဦးကျော်အား ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။ မိမိတို့ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအပြင် လက်နက်ငယ် (၄၀) လက် အပါအဝင် ခဲယမ်းအမြောက်အမြားပါဝင်သော ရန်သူ့လက်နက်ခဲယမ်း အမြောက်အမြား နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ အခြားတစ်နေရာဖြစ်သော မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာ၏အရှေ့တောင်ဖက်(၁) ကီလိုမီတာအကွာအဝေး မြန်မာ့တပ်မတော် (ခ) စစ်ရာဇဝတ်နယ်ချဲ့ ဖက်ဆစ်တပ်သည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာ နေရာအချို့အား ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် အောက်တိုဘာလ (၄) ရက်၊ ညနေ (၄) နာရီ (၂၈) မိနစ်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ (၃) ရက်နေ့၌လည်း ရန်သူသည် အဆိုပါပတ်ဝန်းကျင်ရှိ မိမိတို့စခန်း (၃) ခုအား အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သေးသည်။ ရက္ခိုင့်တပ်တော်မှ အကောင်ဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူ့ဖက်မှ (၂၀) ဦးထက်မနည်း ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။


အောက်တိုဘာလ (၄) ရက်နေ့တိုက်ပွဲများအတွင်း ရန်သူစုစုပေါင်း (၆၀) ဦးအထက်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူများအတွက် အထိနာဆုံးနေ့ရက်တစ်ရက်ဖြစ်သည်။


တိုက်ပွဲများအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်နိုင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်စစ်သည်များအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


အောက်တိုဘာလ (၅) ရက်၊ ညနေ (၁၀) နာရီ (၁၅) မိနစ်တွင် ထုတ်ပြန်သည်။

1,880 views

7 comentarios


Than Tun
Than Tun
06 oct 2020

Salute

Me gusta

soe htay lin
soe htay lin
06 oct 2020

ေလးစားပါေရ

Me gusta

Nyunt Tan
Nyunt Tan
05 oct 2020

ဝမ္းသာအားရ❤️

Me gusta

myint khine
myint khine
05 oct 2020

Well done Arakan Army.

Me gusta

Maung Chan
Maung Chan
05 oct 2020

Really great job our AA

Me gusta
bottom of page