top of page

၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား




၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား


တစ္ကမ႓ာလံုး ကို႐ိုနာကူးစက္ေရာဂါအား ရင္ဆိုင္ေနၾကရသည့္အခိ်န္၊ ျမန္မာတစ္ႏိုင္ငံလံုး၌ ကို႐ိုနာကူးစက္ေရာဂါ(၁၁၇) ဦးေတြ႕ရွိၿပီးသည့္အခိ်န္၌ပင္ ျမန္မာ့တပ္မေတာ္သည္ ရကၡိဳင့္တပ္ေတာ္အေပၚထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားကို အရွိန္ေလ်ာ့ခ်ျခင္းမရွိေသးသည့္အျပင္ ကို႐ိုနာအက်ပ္အတည္းအားအခြင့္ေကာင္းယူၿပီး စစ္ရာဇဝတ္နယ္ခဲ်႕အၾကမ္းဖက္ျမန္မာ့တပ္မေတာ္သည္ ရခိုင္၊ ပလက္ဝေဒသအႏွံ႔အရွိန္အဟုန္ျပင္းစြာျဖင့္ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိသည္။


ဧၿပီလဆန္းမွစ၍ ယေန႔အထိ ျမန္မာ့တပ္မေတာ္၏ ထိုးစစ္၊ ေလေၾကာင္း ႏွင့္ လက္နက္ႀကီးပစ္ခတ္တိုက္ခိုက္မႈမ်ားမွာ ေန႔တိုင္းနီးပါးရွိခဲ့သည္။ သၾကၤန္ကာလအတြင္း၊ ကို႐ိုနာအက်ပ္အတည္းမ်ားကိုဂ႐ုမစိုက္ဘဲ ျမန္မာ့တပ္မေတာ္သည္ထိုးစစ္ကိုဆက္လက္ျမႇင့္တင္လာေသာေၾကာင့္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားေသာ မိမိတို႔ရကၡိဳင့္တပ္ေတာ္အေနျဖင့္မလြဲမေရွာင္သာခုခံကာကြယ္စစ္မ်ားမွ ဟန္ခ်က္ညီတံု႔ျပန္စစ္မ်ားကိုဆင္ႏႊဲခဲ့ရသည္။ ထို႔ေၾကာင့္ဧၿပီလ၊ တတိယအပတ္မွစၿပီးတိုက္ပြဲမ်ားဆက္လက္ျပင္းထန္ခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္ ေန႔၌ ျမန္မာ့တပ္မေတာ္သည္ ပလက္ဝ ႏွင့္ မင္းျပားရွိ မိမိတို႔ရကၡိဳင့္တပ္ေတာ္၊ တပ္စခန္းရွိရာေနရာႏွစ္ခုအား အင္အားအလံုးအရင္းျဖင့္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ ထို႔အတူ ျမန္မာ့တပ္မေတာ္သည္ၾကက္ဥဝရြာအားမီးရိႈ႕ဖ်က္ဆီးခဲ့ၿပီး စစ္ရာဇဝတ္မႈမ်ားကိုထပ္မံက်ဴးလြန္လ်က္ရွိသည္။ ရခိုင္ရြာမ်ားအတြင္းသို႔လက္နက္ႀကီးမ်ားျဖင့္တမင္တကာ ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့သည္။



(၁) မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳရြာေတာင္ဖက္(၁) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာ အား ျမန္မာ့တပ္မေတာ္၏ အင္အား(၂၈၀) ခန္႔ျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ဧၿပီလ(၂၀)ရက္ နံနက္(၈) နာရီ(၅၂) မိနစ္မွစတင္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ေသာေၾကာင့္ ယေန႔တစ္ေန႔လံုးနီးပါးတိုက္ပြဲမ်ားေတာက္ေလွ်ာက္ျဖစ္ပြားခဲ့ၿပီးျပင္းထန္ခဲ့သည္။ ျမန္မာ့တပ္မေတာ္၌ အင္အားမလုံေလာက္ေသာေၾကာင့္အမိ်ဳးသမီးတပ္ဖြဲ႕ဝင္မ်ားပါ တိုက္ခိုက္လ်က္ရွိေၾကာင္းသိရွိရသည္။ ဤထိုးစစ္အတြင္တြင္လည္းး ရန္သူ႔ဖက္မွ ထိခိုက္၊က်ဆံုးမႈမ်ားရွိခဲ့သည္။


(၂) မင္းျပားၿမိဳ႕နယ္၊ ရာေမာင္တံတား၌သြားလာေနၾကေသာ အရပ္သားခရီးသြားကားမ်ားထဲမွ WHO( ကမ႓ာ့က်န္းမာေရးအဖြဲ႕) မွ ဝန္ထမ္း(၂) ဦးပါ ကားတစ္စီးသည္ ညေန(၅) နာရီ(၄၀) မိနစ္ အခိ်န္၌ ရာေမာင္တံတားအားျဖတ္သန္းရန္ အတြက္၎တံထားထိပ္ရွိ ျမန္မာ့တပ္မေတာ္၏ တပ္စခန္းတြင္ခြင့္ျပဳခ်က္ေတာင္းခံခဲ့သည္။ အဆိုပါ WHO ဝန္ထမ္း(၂) ဦးမွာ Coronavirus သံသယရွိေသာသူမ်ား၏ ေသြးနမူနာမ်ားကိုစစ္ေဆးရန္အတြက္ ခရီးသြားလာျခင္းျဖစ္သည္။


ထိုသူတို႔သည္ ရာေမာင္တံတားကိုကားျဖင့္ျဖတ္သန္းရန္ ၎တံထားထိပ္ရွိ ျမန္မာ့တပ္မေတာ္၏တပ္စခန္းတြင္ခြင့္ျပဳခ်က္ေတာင္းခံခဲ့သည္။ အဆိုပါ ျမန္မာ့တပ္မေတာ္၏ ရာေမာင္တံတားထိပ္တပ္စခန္းမွ ခြင့္ျပဳခ်က္ရ၍ ရာေမာင္တံတားအားျဖတ္သန္းေနစဥ္အတြင္း ခြင့္ျပဳလိုက္ေသာ ျမန္မာ့တပ္မေတာ္၏တပ္စခန္းမွ လက္နက္ငယ္ျဖင့္ပစ္ခတ္၍ ဝန္ထမ္းႏွစ္ဦးမွာ ေသနတ္က်ည္ထိမွန္၍ ျပင္းထန္ဒဏ္ရာရရွိခဲ့သည္။ ထို႔အျပင္WHO ဝန္ထမ္းႏွစ္ဦးစီးလာေသာ ကားမွာ လမ္းေဘးထိုးက်သြားခဲ့သည္။


ဤကဲ့သို႔ျဖစ္ပ်က္ၿပီး တစ္နာရီခန္႔ၾကာမွ ရကၡိဳင့္တပ္ေတာ္မွ ေတြ႕ျမင္၍ အဆိုပါ WHO ဝန္ထမ္း(၂) ဦးအား ကယ္တင္ခဲ့ၿပီး လိုအပ္ေသာေဆးဝါးမ်ားျဖင့္အေကာင္းဆံုးကုသေပးကာ လံုျခံဳစိတ္ခ်ရေသာေနရာသို႔ပို႔ေဆာင္ရန္ႀကိဳးစားလ်က္ရွိသည္။ အေသးစိပ္သတင္းမ်ားကို သိရွိရပါကထပ္မံတင္ေပးသြားပါမည္။


(၃) မင္းျပားၿမိဳ႕နယ္၊ ေထာင့္ေသွ်ရြာအတြင္းသို႔ျမန္မာ့တပ္မေတာ္၏ ဖားၿပိဳရြာအနီးေတာင္ကုန္းမွ လက္နက္ႀကီးမ်ားျဖင့္ တမင္တကာပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ မင္းရြာအတြင္း နံနက္(၁၁) နာရီ(၄၅) မိနစ္၌လည္းေကာင္း၊ ေထာင့္ေခ်ရြာအတြင္း ေန႔လယ္(၁) နာရီ(၁၅) မိနစ္၌လည္းေကာင္း၊ ျမစ္နားရြာအတြင္း ေန႔လယ္(၁) နာရီ(၃၀) မိနစ္၌လည္းေကာင္း အသီးသီး လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့သည္။ ျမန္မာ့တပ္မေတာ္မွ ကိ်န္းေတာင္ ႏွင့္ ရာေမာင္တံတားထိပ္မွ လက္နက္ႀကီးမ်ားျဖင့္ရြာမ်ားကိုဦးတည္ပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ျမစ္နားရြာသူ တစ္ဦးျဖစ္ေသာ အဖ ဦးစိန္ေအာင္၏ သမီးမသန္းသန္းေဝ(၂၉ ႏွစ္) မွာေသဆံုးခဲ့ၿပီး ဒဏ္ရာရရွိခဲ့ေသာ အျပစ္မဲ့ရြာသူ၊ရြာသားအခိ်ဳ႕ရွိခဲ့သည္။


ဒဏ္ရာရရွိသူမ်ားမွာ---


(က) ဦးေမာင္ေအးသန္း(၄၁ႏွစ္)ရင္ဘတ္၊ လက္နက္ႀကီးက်ည္စထိမွန္၍ဒဏ္ရာရ။


(ခ) ဦးေမာင္ေအးသန္း၏သမီး၊ မသန္းဦးၾကည္(၂၀ႏွစ္)"ခႏၶာကိုယ္တစ္ခုလုံး၌လက္နက္ႀကီးက်ည္စထိမွန္။


(ဂ)ဦးေမာင္ေအးသန္း၏ဇနီးဦးဆန္းရီ(၄၀ႏွစ္)လက္ တြင္ လက္နက္ႀကီးစထိမွန္။


(ဃ) ဦးထြန္းေမာင္(၄၃ႏွစ္)၊ လက္နက္ႀကီးက်ည္စထိမွန္၍ ဒဏ္ရာရ။


(င) ေဒၚသိန္းတင္ေအး(၄၈ႏွစ္)(ဘ)ဦးစိန္ထြန္း။ေထာင့္ေသွ်ရြာ၊ မ်က္လုံး၌လက္နက္ႀကီးက်ည္စထိမွန္။


(၄) ပလက္ဝၿမိဳ႕ အေရွ႕ဖက္မီတာ (၅၀၀) ခန္႔အကြာအေဝး(ကုလားတန္ျမစ္အေရွ႕ဖက္ဘက္ကမ္း ေတာင္ကုန္းရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာအား ျမန္မာ့တပ္မေတာ္သည္ ညေန(၄) နာရီ(၅၀) မိနစ္တြင္ ထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ မိမိတို႔အေနျဖင့္အေကာင္းဆံုးခုခံကာကြယ္ႏိုင္ခဲ့ေသာေၾကာင့္ ရန္သူသည္အထိအခိုက္၊ အက်အဆံုးမ်ားျဖင့္ေနာက္ဆုတ္သြားခဲ့သည္။ ရန္သူ(၇) ဦးသုတ္သင္ရွင္းလင္းႏိုင္ခဲ့ၿပီး ဒဏ္ရာရရွိသူမ်ားလည္း ထပ္မံရွိခဲ့သည္။



(၅) ပလက္ဝၿမိဳ႕နယ္၊ ျကက္ဥဝရြာ အား ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ(၂၀) ရက္၊ေန႔လယ္(၂) နာရီ(၃၅) မိနစ္အခိ်န္၌ ျမန္မာ့တပ္မေတာ္မွ မီး႐ိႈ႕ဖ်က္ဆီးခဲ့သည္။ ကနဦးရရွိေသာသတင္းမ်ားအရ ၾကက္ဥဝရြာရွိ အိမ္အမ်ားစုမွာ မီးေလာင္ကြ်မ္း၍ ပ်က္စီးခဲ့ေၾကာင္းသိရွိရသည္။ ထို႔အျပင္ ၾကက္ဥ၀ရြာ၊ ရြာသား(၃) ေယာက္(သို႔မဟုတ္) ၄ ေယာက္ကိုလည္း ျမန္မာ့တပ္မေတာ္မွ ဖမ္းဆီးထားေၾကာင္းထပ္မံသိရွိရသည္။


ယခင္ရက္မ်ား၌ မတင္ျဖစ္ခဲ့ေသာ တိုက္ပြဲသတင္းမ်ား ႏွင့္ယေန႔၏ေနာက္ဆက္တြဲတိုက္ပြဲသတင္းမ်ားရွိပါက ဆက္လက္တင္ေပးသြားပါမည္။


သတင္း ႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ တစ်ကမ္ဘာလုံး ကိုရိုနာကူးစက်ရောဂါအား ရင်ဆိုင်နေကြရသည့်အချိန်၊ မြန်မာတစ်နိုင်ငံလုံး၌ ကိုရိုနာကူးစက်ရောဂါ(၁၁၇) ဦးတွေ့ရှိပြီးသည့်အချိန်၌ပင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို အရှိန်လျော့ချခြင်းမရှိသေးသည့်အပြင် ကိုရိုနာအကျပ်အတည်းအားအခွင့်ကောင်းယူပြီး စစ်ရာဇဝတ်နယ်ခဲျ့အကြမ်းဖက်မြန်မာ့တပ်မတော်သည် ရခိုင်၊ ပလက်ဝဒေသအနှံ့အရှိန်အဟုန်ပြင်းစွာဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဧပြီလဆန်းမှစ၍ ယနေ့အထိ မြန်မာ့တပ်မတော်၏ ထိုးစစ်၊ လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းနီးပါးရှိခဲ့သည်။ သင်္ကြန်ကာလအတွင်း၊ ကိုရိုနာအကျပ်အတည်းများကိုဂရုမစိုက်ဘဲ မြန်မာ့တပ်မတော်သည်ထိုးစစ်ကိုဆက်လက်မြှင့်တင်လာသောကြောင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသော မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့်မလွဲမရှောင်သာခုခံကာကွယ်စစ်များမှ ဟန်ချက်ညီတုံ့ပြန်စစ်များကိုဆင်နွှဲခဲ့ရသည်။ ထို့ကြောင့်ဧပြီလ၊ တတိယအပတ်မှစပြီးတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက် နေ့၌ မြန်မာ့တပ်မတော်သည် ပလက်ဝ နှင့် မင်းပြားရှိ မိမိတို့ရက္ခိုင့်တပ်တော်၊ တပ်စခန်းရှိရာနေရာနှစ်ခုအား အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့အတူ မြန်မာ့တပ်မတော်သည်ကြက်ဥဝရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရာဇဝတ်မှုများကိုထပ်မံကျူးလွန်လျက်ရှိသည်။ ရခိုင်ရွာများအတွင်းသို့လက်နက်ကြီးများဖြင့်တမင်တကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (၁) မင်းပြားမြို့နယ်၊ ဖားပြိုရွာတောင်ဖက်(၁) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာ အား မြန်မာ့တပ်မတော်၏ အင်အား(၂၈၀) ခန့်ဖြင့် ၂၀၂၀ ပြည့်နှစ်၊နံနက်(၈) နာရီ(၅၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ယနေ့တစ်နေ့လုံးနီးပါးတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့ပြီးပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်၌ အင်အားမလုံလောက်သောကြောင့်အမျိုးသမီးတပ်ဖွဲ့ဝင်များပါ တိုက်ခိုက်လျက်ရှိကြောင်းသိရှိရသည်။ ဤမြန်မာ့တပ်မတော်၏ထိုးစစ်အတွင်း ရန်သူ့ဖက်မှ ထိခိုက်၊ကျဆုံးမှုများရှိခဲ့သည်။ (၂) မင်းပြားမြို့နယ်၊ ရာမောင်တံတား၌သွားလာနေကြသော အရပ်သားခရီးသွားကားများထဲမှ WHO( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဝန်ထမ်း(၂) ဦးပါ ကားတစ်စီးသည် ညနေ(၅) နာရီ(၄၀) မိနစ် အချိန်၌ ရာမောင်တံတားအားဖြတ်သန်းရန် အတွက်၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏ တပ်စခန်းတွင်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆိုပါ WHO ဝန်ထမ်း(၂) ဦးမှာ Coronavirus သံသယရှိသောသူများ၏ သွေးနမူနာများကိုစစ်ဆေးရန်အတွက် ခရီးသွားလာခြင်းဖြစ်သည်။ ထိုသူတို့သည် ရာမောင်တံတားကိုကားဖြင့်ဖြတ်သန်းရန် ၎င်းတံထားထိပ်ရှိ မြန်မာ့တပ်မတော်၏တပ်စခန်းတွင်ခွင့်ပြုချက်တောင်းခံခဲ့သည်။ အဆိုပါ မြန်မာ့တပ်မတော်၏ ရာမောင်တံတားထိပ်တပ်စခန်းမှ ခွင့်ပြုချက်ရ၍ ရာမောင်တံတားအားဖြတ်သန်းနေစဉ်အတွင်း ခွင့်ပြုလိုက်သော မြန်မာ့တပ်မတော်၏တပ်စခန်းမှ လက်နက်ငယ်ဖြင့်ပစ်ခတ်၍ ဝန်ထမ်းနှစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင်WHO ဝန်ထမ်းနှစ်ဦးစီးလာသော ကားမှာ လမ်းဘေးထိုးကျသွားခဲ့သည်။ ဤကဲ့သို့ဖြစ်ပျက်ပြီး တစ်နာရီခန့်ကြာမှ ရက္ခိုင့်တပ်တော်မှ တွေ့မြင်၍ အဆိုပါ WHO ဝန်ထမ်း(၂) ဦးအား ကယ်တင်ခဲ့ပြီး လိုအပ်သောဆေးဝါးများဖြင့်အကောင်းဆုံးကုသပေးကာ လုံခြုံစိတ်ချရသောနေရာသို့ပို့ဆောင်ရန်ကြိုးစားလျက်ရှိသည်။ အသေးစိပ်သတင်းများကို သိရှိရပါကထပ်မံတင်ပေးသွားပါမည်။ (၃) မင်းပြားမြို့နယ်၊ ထောင့်သျှေရွာအတွင်းသို့မြန်မာ့တပ်မတော်၏ ဖားပြိုရွာအနီးတောင်ကုန်းမှ လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မင်းရွာအတွင်း နံနက်(၁၁) နာရီ(၄၅) မိနစ်၌လည်းကောင်း၊ ထောင့်ချေရွာအတွင်း နေ့လယ်(၁) နာရီ(၁၅) မိနစ်၌လည်းကောင်း၊ မြစ်နားရွာအတွင်း နေ့လယ်(၁) နာရီ(၃၀) မိနစ်၌လည်းကောင်း အသီးသီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ မြန်မာ့တပ်မတော်မှ ကျိန်းတောင် နှင့် ရာမောင်တံတားထိပ်မှ လက်နက်ကြီးများဖြင့်ရွာများကိုဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြစ်နားရွာသူ တစ်ဦးဖြစ်သော အဖ ဦးစိန်အောင်၏ သမီးမသန်းသန်းဝေ(၂၉ နှစ်) မှာသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော အပြစ်မဲ့ရွာသူ၊ရွာသားအချို့ရှိခဲ့သည်။ ဒဏ်ရာရရှိသူများမှာ--- (က) ဦးမောင်အေးသန်း(၄၁နှစ်)ရင်ဘတ်၊ လက်နက်ကြီးကျည်စထိမှန်၍ဒဏ်ရာရ။ (ခ) ဦးမောင်အေးသန်း၏သမီး၊ မသန်းဦးကြည်(၂၀နှစ်)"ခန္ဓာကိုယ်တစ်ခုလုံး၌လက်နက်ကြီးကျည်စထိမှန်။ (ဂ)ဦးမောင်အေးသန်း၏ဇနီးဦးဆန်းရီ(၄၀နှစ်)လက် တွင် လက်နက်ကြီးစထိမှန်။ (ဃ) ဦးထွန်းမောင်(၄၃နှစ်)၊ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရ။ (င) ဒေါ်သိန်းတင်အေး(၄၈နှစ်)(ဘ)ဦးစိန်ထွန်း။ထောင့်သျှေရွာ၊ မျက်လုံး၌လက်နက်ကြီးကျည်စထိမှန်။ (၄) ပလက်ဝမြို့ အရှေ့ဖက်မီတာ (၅၀၀) ခန့်အကွာအဝေး(ကုလားတန်မြစ်အရှေ့ဖက်ဘက်ကမ်း တောင်ကုန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် ညနေ(၄) နာရီ(၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့်အကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့သောကြောင့် ရန်သူသည်အထိအခိုက်၊ အကျအဆုံးများဖြင့်နောက်ဆုတ်သွားခဲ့သည်။ ရန်သူ(၇) ဦးသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း ထပ်မံရှိခဲ့သည်။ (၅) ပလက်ဝမြို့နယ်၊ ကြက်ဥဝရွာ အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၂၀) ရက်၊နေ့လယ်(၂) နာရီ(၃၅) မိနစ်အချိန်၌ မြန်မာ့တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည်။ ကနဦးရရှိသောသတင်းများအရ ကြက်ဥဝရွာရှိ အိမ်အများစုမှာ မီးလောင်ကျွမ်း၍ ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ထို့အပြင် ကြက်ဥဝရွာ၊ ရွာသား(၃) ယောက်(သို့မဟုတ်) ၄ ယောက်ကိုလည်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးထားကြောင်းထပ်မံသိရှိရသည်။ ယခင်ရက်များ၌ မတင်ဖြစ်ခဲ့သော တိုက်ပွဲသတင်းများ နှင့်ယနေ့၏နောက်ဆက်တွဲတိုက်ပွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ သတင်း နှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

1,303 views
bottom of page