၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ(၁၄) ရက္၊ ရခိုင္ျပည္တိုက္ပြဲသတင္း



#Zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ(၁၄) ရက္ေန႔၌လည္း ျမန္မာ့တပ္မေတာ္(ေခၚ) လူမ်ိဳးေရးအစြန္းေရာက္ နယ္ခ်ဲ႕ဖက္ဆစ္က်ဴးေက်ာ္တပ္ဖြဲ႕ သည္ ယမန္ေန႔ကတည္းက ၾကည္း၊ ေရ၊ ေလ ပူးေပါင္းထိုးစစ္ဆင္ တိုက္ခိုက္ေနေသာရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ေက်း႐ြာပတ္ဝန္းက်င္အား ဂ်က္တိုက္ေလယာဥ္အပါအဝင္ လက္နက္ႀကီးပစ္ကူ အေျမာက္အျမားျဖင့္ ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္ေနခဲ့သည္။


ထို႔ေၾကာင့္တိုက္ပြဲမ်ားဆက္လက္ရွိေနသည့္အျပင္ ရန္သူသည္ အဆိုပါပတ္ဝန္းက်င္အား လက္နက္ခဲယမ္း၊ လူအင္အားအေျမာက္အျမားကို ဆက္လက္ပို႔ေဆာင္ေနၿပီး ယခုထက္ျပင္းထန္ေသာထိုးစစ္အတြက္ ျပင္ဆင္လ်က္ရွိသည္။


အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္း၊ ရွမ္းကုန္းေက်း႐ြာေျမာက္ဖက္ရွိေတာင္တန္း၌ စခန္းခ်တပ္စြဲထားေသာ ျမန္မာ့တပ္မေတာ္၏ တပ္မ(၆၆) လက္ေအာက္ခံတပ္ဖြဲ႕တစ္ခုသည္ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနခဲ့သည္မွာ ကာလအတန္ၾကာၿပီျဖစ္သည္။


၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၁၄) ရက္၊ ေန႔လယ္ (၁၂) နာရီ (၄၀) မိနစ္ မွ ေန႔လယ္ (၂) နာရီ ေက်ာ္ အတြင္း အဆိုပါ ျမန္မာ့တပ္မေတာ္၏တပ္စခန္းမွ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာလက္နက္ႀကီးက်ည္မ်ားသည္ ေညာင္ေျခေထာက္႐ြာအတြင္း က်ေရာက္ေပါက္ကြဲ၍ လူေနအိမ္အခ်ိဳ႕မီးေလာင္ပ်က္စီးခဲ့သည္။ ႐ြာသူ႐ြာသားမ်ားမွာ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနၾကေသာေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေခ်။




ေအာက္တိုဘာလ (၁၃) ရက္ေန႔တြင္လည္း တပ္မ (၆၆) လက္ေအာက္ခံတပ္ရင္းတစ္ခုမွ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနေသာေၾကာင့္ အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းအုပ္စု၊ နန္းေခ်ာင္းေက်း႐ြားသားတစ္္ဦးမွာ မိမိအိမ္တြင္ရွိေနစဥ္ကာလ၊ ေန႔လယ္ (၂) နာရီ (၃၀) မိနစ္ခန႔္၌ လက္နက္ႀကီးစထိမွန္ခဲ့၍ ဒဏ္ရာရရွိခဲ့သည္။


ျမန္မာ့တပ္မေတာ္သည္ ရခိုင္ျပည္အတြင္း၌ အရပ္သားမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္ေနၿပီး စစ္ရာဇဝတ္မႈမ်ားကို ေျဗာင္က်က်ဆက္လက္ က်ဴးလြန္ေနဆဲျဖစ္သည္။



သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


#Unicode

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၄) ရက်နေ့၌လည်း မြန်မာ့တပ်မတော်(ခေါ်) လူမျိုးရေးအစွန်းရောက် နယ်ချဲ့ဖက်ဆစ်ကျူးကျော်တပ်ဖွဲ့ သည် ယမန်နေ့ကတည်းက ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေသောရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာပတ်ဝန်းကျင်အား ဂျက်တိုက်လေယာဉ်အပါအဝင် လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့သည်။


ထို့ကြောင့်တိုက်ပွဲများဆက်လက်ရှိနေသည့်အပြင် ရန်သူသည် အဆိုပါပတ်ဝန်းကျင်အား လက်နက်ခဲယမ်း၊ လူအင်အားအမြောက်အမြားကို ဆက်လက်ပို့ဆောင်နေပြီး ယခုထက်ပြင်းထန်သောထိုးစစ်အတွက် ပြင်ဆင်လျက်ရှိသည်။


အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ ရှမ်းကုန်းကျေးရွာမြောက်ဖက်ရှိတောင်တန်း၌ စခန်းချတပ်စွဲထားသော မြန်မာ့တပ်မတော်၏ တပ်မ(၆၆) လက်အောက်ခံတပ်ဖွဲ့တစ်ခုသည် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။


၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ နေ့လယ် (၁၂) နာရီ (၄၀) မိနစ် မှ နေ့လယ် (၂) နာရီ ကျော် အတွင်း အဆိုပါ မြန်မာ့တပ်မတော်၏တပ်စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်ကြီးကျည်များသည် ညောင်ခြေထောက်ရွာအတွင်း ကျရောက်ပေါက်ကွဲ၍ လူနေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်။ ရွာသူရွာသားများမှာ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေကြသောကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ချေ။


အောက်တိုဘာလ (၁၃) ရက်နေ့တွင်လည်း တပ်မ (၆၆) လက်အောက်ခံတပ်ရင်းတစ်ခုမှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ နန်းချောင်းကျေးရွားသားတစ််ဦးမှာ မိမိအိမ်တွင်ရှိနေစဉ်ကာလ၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်ခန့်၌ လက်နက်ကြီးစထိမှန်ခဲ့၍ ဒဏ်ရာရရှိခဲ့သည်။


မြန်မာ့တပ်မတော်သည် ရခိုင်ပြည်အတွင်း၌ အရပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျဆက်လက် ကျူးလွန်နေဆဲဖြစ်သည်။



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army