top of page

၂၀၂၀ ျပည့္ႏွစ္၊ေမလ(၄) ရက္ေန႔ရခိုင္ျပည္တိုက္ပြဲသတင္း




၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၄) ရက္ေန႔တြင္ မိမိတို႔အဖို႔ ရင္ဆိုင္တိုက္ပြဲမ်ား ႀကီးႀကီးမားမားမရွိေသာ္လည္း စစ္ရာဇဝတ္နယ္ခဲ်႕အစြန္းေရာက္တပ္ဖြဲ႕ျဖစ္ေသာ ျမန္မာ့တပ္မေတာ္သည္ ေျမပံုၿမိဳ႕နယ္၊စညႇင္းရြာေျမာက္ဖက္(၅) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းအားဂ်က္တိုက္ေလယာဥ္(၁) စီးျဖင့္ ေန႔လယ္ (၀၃) နာရီမွ (၀၃) နာရီ(၂၀) မိနစ္ခန္႔အထိ မိနစ္(၂၀) ၾကာလာေရာက္ဗံုးႀကဲတိုက္ခိုက္ခဲ့သည္။ ထို႔ေနာက္ ရဟတ္ယာဥ္(၁) စီးျဖင့္(၁၅) မိနစ္ၾကာလာေရာက္တိုက္ခိုက္ခဲ့သည္။ ထို႔အျပင္ လက္နက္ႀကီးမ်ားျဖင့္ အႀကိမ္(၁၀၀) ေက်ာ္ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲပစ္ခတ္တိုက္ခိုက္ခဲ့သည္။


ျမန္မာ့တပ္မေတာ္အေနျဖင့္ ရကၡိဳင့္တပ္ေတာ္ အေပၚထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ မရပ္တန္႔ဘဲ ဆက္လက္ရွိေနခဲ့သည္။ ျမန္မာ့တက္မေတာ္သည္လမ္းသြားလမ္းလာအရပ္သားမ်ားအား အေၾကာင္းအမိ်ဳးမိ်ဳးျပ၍ ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ႏွိပ္စက္ညႇဥ္းပန္းျခင္းတို႔ကို ဆက္သြယ္ေရးအင္တာနက္လိုင္း၊ ဖုန္းလိုင္းမ်ားကိုျဖတ္ေတာက္ၿပီး လူမိ်ဳတံုးသတ္ျဖတ္ျခင္းသို႔ဦးတည္ေသာ လုပ္ရပ္မ်ားကိုလုပ္ေဆာင္လ်က္ရွိသည္။


ျမန္မာ့တပ္မေတာ္၏သတ္ျဖတ္မႈကိုစိုးရိမ္ေၾကာက္လန္႔ေသာေၾကာင့္ တိမ္းေရွာင္ေနၾက၍ ရြာသားမ်ားမရွိသည့္ ေက်းရြာမ်ားအတြင္းရွိ လူမဲ့ေနအိမ္မ်ားမွ ေရႊ၊ေငြ၊ ပစၥည္းမ်ားကိုခိုးယူျခင္း၊ ကြဲ်၊ ႏြားတိရစၧာန္မ်ားကိုသတ္ျဖတ္ျခင္း၊ ေက်းရြာမ်ားအား ရြာလံုးကြ်တ္မီးရိႈ႕ျခင္း စသည္တို႔ကို လူမိ်ဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ဆက္တိုက္ျပဳလုပ္လာေနခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၄) ရက္ေန႔တြင္ ၊ ညေန(၆) နာရီခန္႔တြင္ ရေသ့ေတာင္အေျခစိုက္၊ ခမရ(၅၃၈) တပ္ရင္း ႏွင့္ (၁) ကီလိုမီတာခန္႔အကြာအေဝးရွိ"ငေတာက္တူေခ်ရြာေဟာင္းႏွင့္ငေတာက္တူရြာသစ္" အားမီးရိႈ႕ဖ်က္ ဆီးခဲ့သည္။ အိမ္ေျခ မည္ေရြ႕မည္မွ် မီးေလာင္ပ်က္စီးသည္ကိုေလာေလာဆယ္မသိရေသးပါ။


ရကၡိဳင့္တပ္ေတာ္အေနျဖင့္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲထားသည့္အျပင္ Covid-19 ေရာဂါထိန္းခ်ဳပ္ေရး ႏွင့္ကာကြယ္တားဆီးေရးကာလအတြင္းတိုက္ပြဲမ်ားမျဖစ္ပြားလိုေသာ္လည္း ျမန္မာ့တပ္မေတာ္၏ ထိုးစစ္အရွိန္မွာေလ်ာ့က်သြားျခင္းမရွိေသးဘဲ ဆက္လက္ျမႇင့္တင္ လ်က္ရွိေသာေၾကာင့္ေနာက္ထပ္တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားလာဖြယ္ရွိသည္။


တိုက္ပြဲေနာက္ဆက္တြဲမ်ားရွိပါက ဆက္လက္တင္ေပးသြားပါမည္။


သတင္း ႏွင့္ ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



၂၀၂၀ ပြည့်နှစ်၊ မေလ(၄) ရက်နေ့တွင် မိမိတို့အဖို့ ရင်ဆိုင်တိုက်ပွဲများ ကြီးကြီးမားမားမရှိသော်လည်း စစ်ရာဇဝတ်နယ်ခဲျ့အစွန်းရောက်တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်သည် မြေပုံမြို့နယ်၊စညှင်းရွာမြောက်ဖက်(၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းအားဂျက်တိုက်လေယာဉ်(၁) စီးဖြင့် နေ့လယ် (၀၃) နာရီမှ (၀၃) နာရီ(၂၀) မိနစ်ခန့်အထိ မိနစ်(၂၀) ကြာလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် ရဟတ်ယာဉ်(၁) စီးဖြင့်(၁၅) မိနစ်ကြာလာရောက်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လက်နက်ကြီးများဖြင့် အကြိမ်(၁၀၀) ကျော် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မြန်မာ့တပ်မတော်အနေဖြင့် ရက္ခိုင့်တပ်တော် အပေါ်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ မရပ်တန့်ဘဲ ဆက်လက်ရှိနေခဲ့သည်။ မြန်မာ့တက်မတော်သည်လမ်းသွားလမ်းလာအရပ်သားများအား အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ဆက်သွယ်ရေးအင်တာနက်လိုင်း၊ ဖုန်းလိုင်းများကိုဖြတ်တောက်ပြီး လူမျိုတုံးသတ်ဖြတ်ခြင်းသို့ဦးတည်သော လုပ်ရပ်များကိုလုပ်ဆောင်လျက်ရှိသည်။ မြန်မာ့တပ်မတော်၏သတ်ဖြတ်မှုကိုစိုးရိမ်ကြောက်လန့်သောကြောင့် တိမ်းရှောင်နေကြ၍ ရွာသားများမရှိသည့် ကျေးရွာများအတွင်းရှိ လူမဲ့နေအိမ်များမှ ရွှေ၊ငွေ၊ ပစ္စည်းများကိုခိုးယူခြင်း၊ ကွဲျ၊ နွားတိရစ္ဆာန်များကိုသတ်ဖြတ်ခြင်း၊ ကျေးရွာများအား ရွာလုံးကျွတ်မီးရှို့ခြင်း စသည်တို့ကို လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ဆက်တိုက်ပြုလုပ်လာနေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ(၄) ရက်နေ့တွင် ၊ ညနေ(၆) နာရီခန့်တွင် ရသေ့တောင်အခြေစိုက်၊ ခမရ(၅၃၈) တပ်ရင်း နှင့် (၁) ကီလိုမီတာခန့်အကွာအဝေးရှိ"ငတောက်တူချေရွာဟောင်းနှင့်ငတောက်တူရွာသစ်" အားမီးရှို့ဖျက် ဆီးခဲ့သည်။ အိမ်ခြေ မည်ရွေ့မည်မျှ မီးလောင်ပျက်စီးသည်ကိုလောလောဆယ်မသိရသေးပါ။ ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်အပြင် Covid-19 ရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်တားဆီးရေးကာလအတွင်းတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်အရှိန်မှာလျော့ကျသွားခြင်းမရှိသေးဘဲ ဆက်လက်မြှင့်တင် လျက်ရှိသောကြောင့်နောက်ထပ်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာဖွယ်ရှိသည်။ တိုက်ပွဲနောက်ဆက်တွဲများရှိပါက ဆက်လက်တင်ပေးသွားပါမည်။ သတင်း နှင့် ပြန်ကြားရေး ရက္ခိုင့်တပ်တော်

525 views
bottom of page