
#Zawgyi





သို့သော်လည်း စစ်ရာဇဝတ်နယ်ချဲ့အစွန်းရောက် တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်များမှာ မရပ်တန့်ဘဲ ဆက်လက်ရှိနေသောကြောင့် တိုက်ပွဲများမှာဆက်လက်ရှိနေခဲ့သည်။





ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်အပြင် Covid-19 ရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်တားဆီးရေးကာလအတွင်းတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်အရှိန်မှာလျော့ကျသွားခြင်းမရှိသေးဘဲ ဆက်လက်မြှင့်တင်လျက်ရှိသောကြောင့်ယခုကဲ့သို့တိုက်ပွဲများဆက်လက်ရှိနေရခြင်းသာဖြစ်သည်။







ရက္ခိုင့်တပ်တော်



#Unicode

၂၀၂၀ ပြည့်နှစ်၊မေလ(၃) ရက်နေ့ရခိုင်ပြည်တိုက်ပွဲသတင်း ၂၀၂၀ ပြည့်နှစ်၊ မေလ(၃) ရက်နေ့မှ မေလကုန်(၃၁ ရက်နေ့အထိ) အထိ ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်တပ်များဖြစ်ကြသော တအာင်း၊ ကိုးကန့်တပ်များနှင့်အတူ တစ်ဖက် သတ်အပစ်အခတ်ရပ်စဲကြားအား တစ်လနီးပါးထပ်မံသက်တမ်းတိုးခဲ့သည်။ သိူ့သော်လည်း စစ်ရာဇဝတ်နယ်ခဲျ့အစွန်းရောက် တပ်ဖွဲ့ဖြစ်သော မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်များမှာ မရပ်တန့်ဘဲ ဆက်လက်ရှိနေသောကြောင့် တိုက်ပွဲများမှာဆက်လက်ရှိနေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ မေလ(၃) ရက်နေ့တွင် ၊ ပလက်ဝမြို့၊ ရုပ်ဝရွာအနောက်မြောက်ဖက်တောင်တန်းရှိ မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအား မြန်မာ့တပ်မတော်သည် တတိယနေ့အဖြစ် နံနက်(၉) နာရီ(၁၅) မိနစ်မှစတင်၍ မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရန်သူသည် အထိနာခဲ့ပြီးတပ်လန်ခြင်းနှင့်အတူနောက်ဆုတ်သွားသည်။ ရန်သူ(၁၀) ဦးအားအချိန်တိုတိုအတွင်းသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားသည့်အပြင် Covid-19 ရောဂါထိန်းခုျပ်ရေး နှင့်လကာကွယ်တားဆီးရေးကာလအတွင်းတိုက်ပွဲများမဖြစ်ပွားလိုသော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ်အရှိန်မှာလျော့ကျသွားခြင်းမရှိသေးဘဲ ဆက်လက်မြှင့်တင်လျက်ရှိသောကြောင့်ယခုကဲ့သို့တိုက်ပွဲများဆက်လက်ရှိနေရခြင်းသာဖြစ်သည်။ မေလ(၂) ရက်နေ့တွင် ပလက်ဝမြို့ပတ်ဝန်းကျင်၌ တိုက်ပွဲ(၅) နေရာအထိရှိခဲ့ပြီး အခြား(၃) နေရာ၌လည်း ရင်ဆိုင်တိုက်ပွဲ၊ ထိတွေ့မှုများရှိခဲ့သည်။ ထို့ကြောင့်မေလ(၂) ရက်နေ့၌ တိုက်ပွဲ(၈) နေရာအထိရှိခဲ့သည်။ မေလ(၃) ရက်နေ့၌ ပလက်ဝ၊ ရုပ်ဝရွာအနီး၌ သာတိုက်ပွဲရှိခဲ့သည်။ သတင်း နှင့် ပြန်ကြားရေး ရက္ခိုင့်တပ်တော်


Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army