၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁) ရက်၊ ညနေ(၄) နာရီ(၃၅) မိနစ်ခန့်မှစတင်ပြီး မြန်မာ့တပ်မတော်၊ ( တပ်ရင်းအမည်စုံစမ်းဆဲ) သည်ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊မညင်းတောင်၊ အမျက်တောင်ရှိ ရွာသူ/ရွာသားများပိုင်ဆိုင်သည့် စပါးပုံ၊ ကောက်ရိုးပုံများရှိရာ မညင်းတောင်ရွာ၏အရှေ့မြောက်ဖက်လယ်ကွင်းများအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် စပါးပုံ၊ ကောက်ရိုးပုံအချို့မှာ တစ်နာရီကျော်ကြာမီးလောင်ပျက်စီးခဲ့သည်။
ထို့အပြင် ၎င်းတို့ မီးရှို့ဖျက်ဆီးကြသည့်အနီးပတ်ဝန်းကျင်ရှိ ရွာသားများပိုင်ဆိုင်သည့်ကျွဲ၊နွားများထဲမှ နွား(၃) ကောင်အား ပစ်သတ်ကာ ခိုးယူသွားခဲ့ကြသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးသော အဆိုပါတပ်ရင်းအားလက်တုံ့ပြန်တိုက်ခိုက်သွားမည်။
သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်
Comments