top of page

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၆) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ



၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၃) ရက်နေ့မှစတင်၍ပလက်ဝ၊ ရသေ့တောင်၊ ဘူးသီးတောင်၊မြေပုံ၊မင်းပြားမြို့နယ်များ၌ ဆက်သွယ်ရေး Internet အင်တာနက်လိုင်းများကို NLD အစိုးရမှဒုတိယအကြိမ်ဖြတ်တောက်လိုက်သည်။ ထို့နောက် မြန်မာ့တပ်မတော်၏ ရက္ခိုင့်တပ်တော်အပေါ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရခိုင်နှင့် ပလက်ဝမြို့နယ်များအတွင်း၌အရှိန်အဟုန်မြှင့်ကာပြုလုပ်လာနေသောကြောင့် တိုက်ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

ဖေဖော်ဝါရီလ(၆) ရက်အတွင်း၌-

(၁)အမ်းမြို့နယ်၊ “ကဇူးကိုင်းရွာ”၊အရှေ့ဖက် (၄.၆)ကီလိုမီတာအကွာအဝေး၌လည်းကောင်း၊

(၂)ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်၏လက်နက်ကြီးပစ်ကူပေးနေသောအမြောက်စခန်းတစ်ခုအနီးတွင်လည်းကောင်း၊

(၃)ကျောက်တော်မြို့နယ်၊ကုလားတန်အရှေ့ဖက်ကမ်း၊ “ဝက်မကျရွာ”အနီးရှိတောင်ကုန်း ( ယမန့်နေ့၊ နေ့လည်(၂) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော ခပေါ်ရွာအနီးပတ်ဝန်းကျင်) ၌လည်းကောင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ထီးစွဲရွာအနီးရှိ၊ မယူမြစ်ထဲတွင်သွားလာနေသော မြန်မာ့တပ်မတော်၏ စစ်သဘောင်္ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

အသေးစိပ်အချက်အလက်များကိုလောလောဆယ်မသိရသေးပါ။ သိရှိရပါက အချိန်နှင့်တပြေးညီဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Comentarios


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page