top of page

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ


ဖေဖော်ဝါရီ(၂၈) ရက်၊ (ညသန်းခေါင်) နံနက်(၀၂) နာရီခန့်တွင် မင်းပြားမြို့​၊အနီး"ကြပ်​စင်​တံတား" အနီးတွင် ရေကြောင်းမှတက်လာသော မြန်မာ့တပ်မတော်၏ လူ၊လက်နက်အပြည့်ပါသော စစ်သဘောင်္(၃)အား ရက္ခိုင့်တပ်တော်မှ မိနစ်(၁၀) မိနစ်ခန့်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ စစ်သဘောင်္(၃) စီးထဲမှ တစ်စီးအား ရက္ခိုင့်တပ်တော်မှလက်စားချေတုံ့ပြန်သောအားဖြင့် ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်၊သေဆုံးမှု အများအပြားရှိနိုင်သည်။


ရန်သူသည် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးနောက် အကျအဆုံးများတိုင်း၎င်းတို့ ပြုလုပ်နေကျလုပ်ရပ်များထဲမှတစ်ခုဖြစ်သော ရခိုင်မြို့ရွာများအား လက်​နက်​ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ထိုသို့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းပြားမြို့​၊မင်းဘာကြီးရပ်​ကွက်​အတွင်း၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူလူထု (၅) ဦးမှာ လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီးဦး​မောင်​ထွီး၏ ဇနီး ​ဒေါ်သန်းနု​ယေ အသက်​ (၄၈) နှစ်​မှာလက်​နက်​​ကြီးစထိမှန်​၍ ​သေဆုံးခဲ့​ကြောင်းသိရှိရသည်​။ ရသေ့တောင်မြို့နယ်၊ ရစိုးချောင်းကျေးရွာ၊ တောင်ဖက်၊ မီတာ(၈၀၀) အတွင်း၌လည်း ဖေဖော်ဝါရီလ(၂၈) ရက်၊နံနက်(၇) နာရီ(၃၅) မိနစ်မှစတင်၍တပ်မ(၂၂) လက်အောက်ခံတပ်ရင်းတစ်ခုဟုယူဆရသော အင်အား(၁၅၀)ကျော်ပါစစ်ကြောင်း နှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် ရစိုးချောင်းဗျူဟာ အပါအဝင် အခြား(၁) နေရာမှ လက်နက်ကြီးများဖြင့် နံနက်(၈) နာရီ (၂၇) မိနစ်မှစတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်စားချေတုံ့ပြန်သောအားဖြင့် အနည်းဆုံးရန်သူ(၁၀) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ သတင်းနှင့် ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

2 Comments


khinemyokyunn
Feb 28, 2020

အာရက္ခစစ်သည်တော်ရို့ ဖီးကင်းစွာနန့် ရန်သူအောက်ချီး အကြမ်းဖက်သမား ဓမရတိကို အများဂြီးသုတ်သင် နှိုင်ပါစီ။ဒေါ်သန်းနုယေအတွက် လားစားချေပီးပါ

Like

mgsoelina
Feb 28, 2020

arakan army ကျမ်ပါဇီ

Like
  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page