top of page

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၃၁) ရက္ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၃၁) ရက္ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား


ဇူလိုင္လ(၃၁) ရက္၊ AA Info Desk




၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၃၁) ရက္ေန႔ ၌ ယခင္ေန႔ရက္မ်ားကဲ့သို႔ႏွစ္ဖက္တိုက္ပြဲမ်ားႀကီးႀကီးမားမားမရွိခဲ့ေခ်။ စစ္ရာဇဝတ္ေကာင္ နယ္ခဲ်႕ ျမန္မာ့တပ္မေတာ္သည္ေျမျပင္မွထိုးစစ္ဆင္တိုက္ခိုက္ျခင္းမ်ားကိုလည္းႀကီးႀကီးမားမားမျပဳလုပ္ခဲ့ေခ်။


ဇူလိုင္(၃၁) ရက္၊ နံနက္(၈) နာရီ(၁၅) မိနစ္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ ရွာရွည္ျပင္ေက်းရြာ၏ အေရွ႕ေျမာက္ဖက္(၁.၅) ကီလိုမီတာအကြာအေဝး၌ မိနစ္အနည္းငယ္ထိေတြ႕မႈတစ္ခုသာရွိခဲ့သည္။


ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ခိ်န္ခါလီေက်းရြာ၌ ျမန္မာ့တပ္မေတာ္မွ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၁၃) ရက္ေန႔၌သတ္ျဖတ္သြားခဲ့ေသာ အသက္(၆၁) ႏွစ္အရြယ္ရွိဦးထြန္းေမာင္စိန္ ၏ အေလာင္းအား ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ(၃၁) ရက္၊နံနက္(၆) နာရီတြင္ ၎၏ေနအိမ္-အိမ္သာက်င္းထဲတြင္ မိသားစုဝင္မ်ားမွျပန္လည္ေတြ႕ရွိခဲ့သည္။


အဆိုပါ ခိ်န္ခါလီရြာမွ ရြာသူရြာသားမ်ားမွာ ျမန္မာ့တပ္မေတာ္၏ သတ္ျဖတ္မႈ၊ ဖမ္းဆီးမႈအႏၲရာယ္ကိုစိုးရိမ္၍ တိမ္းေရွာင္ေနၾကသူမ်ားျဖစ္သည္။ ယခုရက္မ်ားအတြင္း မိမိရြာ( ခိ်န္ခါလီရြာ)သို႔ျပန္လာခိ်န္၌ ျမန္မာ့တပ္မေတာ္မွ သတ္ျဖတ္ၿပီးအေလာင္းေဖ်ာက္ဖ်က္ျခင္းခံခဲ့ရေသာဦးထြန္းေမာင္စိန္၏အေလာင္းအားေတြ႕ရွိျခင္းျဖစ္သည္။ (၁၈)ရက္အၾကာမွ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။ အျပစ္မဲ့ရခိုင္ျပည္သူမ်ားကိုဦးတည္သတ္ျဖတ္ေနၿပီး စစ္ရာဇဝတ္မႈမ်ားကိုျမန္မာ့တပ္မေတာ္သည္ေျဗာင္က်က်က်ဴးလြန္လ်က္ရွိသည္။


ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသအတြင္း ဤကဲ့သို႔ေသာလုပ္ရပ္မ်ားကိုလူမိ်ဳးေရးအမုန္းတရားမ်ားျဖင့္ေနရာအႏွံ႔ျပဳလုပ္ေနၿပီးလူမိ်ဳးျဖဳတ္ရွင္းလင္းေရးလုပ္ငန္းမ်ားကိုလည္းျမန္မာအစိုးရႏွင့္ ပူးတြဲလုပ္ေဆာင္လ်က္ရွိသည္။


အျခားတစ္ဖက္တြင္ ျမန္မာ့တပ္မေတာ္သည္လယ္ကြင္းမ်ား၊ အရပ္သားျပည္သူလူထုမ်ားပံုမွန္သြားလာသည့္လမ္းမ်ား၌ စြန္႔လႊတ္မိုင္းမ်ားကို ရည္ရြယ္ခ်က္ရွိရွိျဖင့္ ေထာင္ထားၿပီး ျပည္သူလူထု၏အသက္အႏၲရာယ္ကိုၿခိမ္းေျခာက္လ်က္ရွိသည္။


ျမန္မာ့တပ္မေတာ္၏ ၎တို႔က်ဴးလြန္ေနေသာလုပ္ရပ္မ်ားအား မိမိတို႔အဖြဲ႕အစည္းအေပၚ အျပစ္ပံုခ်ေသာလုပ္ရပ္ကို ျပင္းထန္စြာရွုတ္ခ်ၿပီး အရပ္သားျပည္သူမ်ားထိခိုက္မႈ၊ ေသဆံုးမႈမ်ားမွာ မိမိတို႔ႏွင့္သက္ဆိုင္မႈ မရွိေၾကာင္းထုတ္ျပန္အပ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္




၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁) ရက်နေ့ ၌ ယခင်နေ့ရက်များကဲ့သို့နှစ်ဖက်တိုက်ပွဲများကြီးကြီးမားမားမရှိခဲ့ချေ။ စစ်ရာဇဝတ်ကောင် နယ်ခဲျ့ မြန်မာ့တပ်မတော်သည်မြေပြင်မှထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကိုလည်းကြီးကြီးမားမားမပြုလုပ်ခဲ့ချေ။


ဇူလိုင်(၃၁) ရက်၊ နံနက်(၈) နာရီ(၁၅) မိနစ်တွင် မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာ၏ အရှေ့မြောက်ဖက်(၁.၅) ကီလိုမီတာအကွာအဝေး၌ မိနစ်အနည်းငယ်ထိတွေ့မှုတစ်ခုသာရှိခဲ့သည်။


ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ၌ မြန်မာ့တပ်မတော်မှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၁၃) ရက်နေ့၌သတ်ဖြတ်သွားခဲ့သော အသက်(၆၁) နှစ်အရွယ်ရှိဦးထွန်းမောင်စိန် ၏ အလောင်းအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃၁) ရက်၊နံနက်(၆) နာရီတွင် ၎င်း၏နေအိမ်-အိမ်သာကျင်းထဲမှ မိသားစုဝင်များမှပြန်လည်တွေ့ရှိခဲ့သည်။


အဆိုပါ ချိန်ခါလီရွာမှ ရွာသူရွာသားများမှာ မြန်မာ့တပ်မတော်၏ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုအန္တရာယ်ကိုစိုးရိမ်၍ တိမ်းရှောင်နေကြသူများဖြစ်သည်။ ယခုရက်များအတွင်း မိမိရွာ( ချိန်ခါလီရွာ)သို့ပြန်လာချိန်၌ မြန်မာ့တပ်မတော်မှ သတ်ဖြတ်ပြီးအလောင်းဖျောက်ဖျက်ခြင်းခံခဲ့ရသောဦးထွန်းမောင်စိန်၏အလောင်းအားတွေ့ရှိခြင်းဖြစ်သည်။ (၁၈)ရက်အကြာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အပြစ်မဲ့ရခိုင်ပြည်သူများကိုဦးတည်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုများကိုမြန်မာ့တပ်မတော်သည်ဗြောင်ကျကျကျူးလွန်လျက်ရှိသည်။


မြန်မာ့တပ်မတော်သည် ရခိုင်ဒေသအတွင်း ဤကဲ့သို့သောလုပ်ရပ်များကိုလူမျိုးရေးအမုန်းတရားများဖြင့်နေရာအနှံ့ပြုလုပ်နေပြီးလူမျိုးဖြုတ်ရှင်းလင်းရေးလုပ်ငန်းများကိုလည်းမြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိသည်။


အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည်လယ်ကွင်းများ၊ အရပ်သားပြည်သူလူထုများပုံမှန်သွားလာသည့်လမ်းများ၌ စွန့်လွှတ်မိုင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ထားပြီး ပြည်သူလူထု၏အသက်အန္တရာယ်ကိုခြိမ်းခြောက်လျက်ရှိသည်။


မြန်မာ့တပ်မတော်၏ ၎င်းတို့ကျူးလွန်နေသောလုပ်ရပ်များအား မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချသောလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပြီး အရပ်သားပြည်သူများထိခိုက်မှု၊ သေဆုံးမှုများမှာ မိမိတို့နှင့်သက်ဆိုင်မှု မရှိကြောင်းထုတ်ပြန်အပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

872 views
bottom of page