top of page

၂၀၂၀ျပည့္ႏွစ္၊ဇူလိုင္လ(၂၄/၂၅/၂၆/၂၇/၂၈) ရက္မ်ားအတြင္းရခိုင္ျပည္တိုက္ပြဲသတင္းမ်ားႏွင့္ ေဒသအေျခအေန


၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၄/၂၅/၂၆/၂၇/၂၈) ရက္မ်ားအတြင္း ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား ႏွင့္ ရခိုင္ေဒသအေျခအေနမ်ား


28, July, 2020




၂၀၂၀ ျပည့္၊ ဇူလိုင္လ၊ စတုတၳအပတ္အတြင္း ရခိုင္၊ ပလက္ဝေဒသအတြင္း တိုက္ပြဲမ်ားေန႔တိုင္းရွိခဲ့သည္။ အထူးသျဖင့္ ရန္သူသည္ လက္နက္ႀကီးမ်ားကိုအဓိကထားၿပီး ေနရာအႏွံ႔ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ ေနခဲ့သည္။ ထိုကဲ့သို႔ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ အမ္းၿမိဳ႕နယ္အတြင္းရွိ အရပ္သားျပည္သူလူထုအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၁၆) ရက္ေန႔မွစတင္ၿပီး ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီး၊ ေလေၾကာင္းပစ္ကူ၊ စစ္အင္အားအလုံးအရင္းမ်ားျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိသည့္ ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္( ေအာင္သာေဇ) ပတ္ဝန္းက်င္ရွိ ရကၡိဳင့္တပ္ေတာ္တပ္ဖြဲ႕ဝင္မ်ားအား နယ္ေျမရွင္းလင္းေရး ေခါင္းစဥ္ျဖင့္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္။ သို႔ေသာ္လည္း ထိုးစစ္ဆင္သည့္တစ္ပတ္အတြင္း ရန္သူ႔ဖက္မွအထိအခိုက္အက်အဆုံးမ်ားျပားခဲ့သည္။ ထို႔ေၾကာင့္ ရန္သူသည္ ေျမျပင္မွထိုးစစ္ဆင္ တိုက္ခိုက္မႈမျပဳလုပ္ဘဲ လက္နက္ႀကီးမ်ားျဖင့္ အေဝးမွသာပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။


တစ္ၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ပလက္ဝ ႏွင့္ အမ္းၿမိဳ႕နယ္မ်ား၌ ခပ္စိပ္စိပ္ျပဳလုပ္ေနခဲ့သည္။


ေက်ာက္ျဖဴ၊ ရမ္းၿဗဲ၊ ေတာင္ကုတ္၊ ေျမပုံ၊ အမ္းၿမိဳ႕နယ္မ်ား၌ ျမန္မာ့တပ္မေတာ္သည္ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကိုမျပဳလုပ္ဘဲ အရပ္သားျပည္သူလူထုမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္း၊ သတ္ျဖတ္ျခင္း၊ ဖမ္းဆီးျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားကို ဆက္တိုက္ျပဳလုပ္ခဲ့သည္။


ေဒသခံ ျပည္သူလူထုမ်ားကို ဦးတည္သတ္ျဖတ္ေနေသာ၊ ၿခိမ္းေျခာက္ေနေသာ ျမန္မာ့တပ္မေတာ္ ၏ တပ္ဖြဲ႕၊ တပ္ရင္းမ်ား၊ ျမန္မာ့တပ္မေတာ္၏ စစ္ဆင္ေရးတြင္ပူးေပါင္းေဆာင္႐ြက္ေနသူမ်ားကို လက္စားေခ် တုံ႔ျပန္သြားမည္။


ယခုရက္သတၱပတ္တိုက္ပြဲမ်ားအတြင္း၌လည္း ရန္သူ႔ထံမွ စစ္အသုံးအေဆာင္ပစၥည္းမ်ား၊ လက္နက္ခဲယမ္းအခ်ိဳ႕၊ ရန္သူ႔အေလာင္းအခ်ိဳ႕ကို ထပ္မံသိမ္းဆည္းရမိခဲ့သည္။ မိမိတို႔ဖက္မွလည္း အာရကၡစစ္သည္ေတာ္အခ်ိဳ႕ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ အသက္ေပးဆပ္စြန႔္လႊတ္ခဲ့ရသည္။


မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမျဖစ္ပြားရေအာင္ ထိန္းထိန္းသိမ္းသိမ္းေနေသာ္လည္း ျမန္မာ့တပ္မေတာ္မွ ယခုကဲ့သို႔ ထိုးစစ္မ်ားကို ေနရာအႏွံ႔အရွိန္အဟုန္ျမႇင့္ ဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ ယခုကဲ့သို႔ တိုက္ပြဲမ်ား ျပင္းထန္လာရျခင္းျဖစ္သည္။ စစ္အင္အား၊ လက္နက္ခဲယမ္းမ်ားကို ျမန္မာ့တပ္မေတာ္မွ ဆက္လက္ျဖည့္တင္းေနသည့္အျပင္ ႀကီးမားေသာထိုးစစ္မ်ားကို ထပ္မံျပဳလုပ္ရန္ျပင္ဆင္ေနေသာေၾကာင့္ ေနာက္ရက္မ်ား၌ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္လာႏိုင္သည္။


(၁) ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၄) ရက္ေန႔၊ နံနက္ (၈) နာရီ (၂၅) မိနစ္တြင္ ရခိုင္ျပည္၊ အမ္းၿမိဳ႕နယ္၊ ကဇုကိုင္းေက်း႐ြာ၊ အေရွ႕ေတာင္ဖက္ ၊ ရန္ကုန္-စစ္ေတြ ကားလမ္းမအနီးတြင္လည္းေကာင္း၊


(၂) ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၆) ရက္ေန႔၊ နံနက္ (၉) နာရီ(၂၃) မိနစ္တြင္ ရခိုင္ျပည္၊ မင္းျပားၿမိဳ႕နယ္၊ ခြဆုံ႐ြာ ႏွင့္ မင္း႐ြာအၾကား (ရန္ကုန္-စစ္ေတြ ကားလမ္းမ) ထက္တြင္လည္းေကာင္း


(၃) ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၇) ရက္၊ နံနက္ (၆) နာရီ (၃၆) မိနစ္တြင္ ရခိုင္ျပည္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ တရဂူ႐ြာအေနာက္ဖက္ (၁.၆)ကီလိုမီတာ ခန႔္အကြာအေဝး၌လည္းေကာင္း၊


(၄) ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၇) ရက္၊ ေန႔လယ္ (၁) နာရီ (၀၈) မိနစ္တြင္ ရခိုင္ျပည္၊ မင္းျပားၿမိဳ႕နယ္၊ ကံ႐ြာ ႏွင့္ ခေလာင္း႐ြာေဟာင္းၾကားတြင္လည္းေကာင္း၊


(၅) ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၇) ရက္၊ ညေန(၃) နာရီ(၂၀) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္ရွိ ပြိဳင့္ (၈၂၅) ကုန္းပတ္ဝန္းက်င္တြင္လည္းေကာင္း၊


(၆) ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၈) ရက္၊ နံနက္ (၈) နာရီ (၄၂) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္ရွိ ပြိဳင့္ (၉၈၂) ကုန္းပတ္ဝန္းက်င္တြင္လည္းေကာင္း ထိေတြ႕မႈ၊ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္



၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၄/၂၅/၂၆/၂၇/၂၈) ရက်များအတွင်း ရခိုင်ပြည်တိုက်ပွဲသတင်းများ နှင့် ရခိုင်ဒေသအခြေအနေများ


၂၀၂၀ ပြည့်၊ ဇူလိုင်လ၊ စတုတ္ထအပတ်အတွင်း ရခိုင်၊ ပလက်ဝဒေသအတွင်း တိုက်ပွဲများနေ့တိုင်းရှိခဲ့သည်။ အထူးသဖြင့် ရန်သူသည် လက်နက်ကြီးများကိုအဓိကထားပြီး နေရာအနှံ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက် နေခဲ့သည်။ ထိုကဲ့သို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အမ်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူလူထုအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှစတင်ပြီး မြန်မာ့တပ်မတော်သည် လက်နက်ကြီး၊ လေကြောင်းပစ်ကူ၊ စစ်အင်အားအလုံးအရင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်( အောင်သာဇေ) ပတ်ဝန်းကျင်ရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ထိုးစစ်ဆင်သည့်တစ်ပတ်အတွင်း ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးများပြားခဲ့သည်။ ထို့ကြောင့် ရန်သူသည် မြေပြင်မှထိုးစစ်ဆင် တိုက်ခိုက်မှုမပြုလုပ်ဘဲ လက်နက်ကြီးများဖြင့် အဝေးမှသာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


တစ်ပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကို ပလက်ဝ နှင့် အမ်းမြို့နယ်များ၌ ခပ်စိပ်စိပ်ပြုလုပ်နေခဲ့သည်။


ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မြေပုံ၊ အမ်းမြို့နယ်များ၌ မြန်မာ့တပ်မတော်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုမပြုလုပ်ဘဲ အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။


ဒေသခံ ပြည်သူလူထုများကို ဦးတည်သတ်ဖြတ်နေသော၊ ခြိမ်းခြောက်နေသော မြန်မာ့တပ်မတော် ၏ တပ်ဖွဲ့၊ တပ်ရင်းများ၊ မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးတွင်ပူးပေါင်းဆောင်ရွက်နေသူများကို လက်စားချေ တုံ့ပြန်သွားမည်။


ယခုရက်သတ္တပတ်တိုက်ပွဲများအတွင်း၌လည်း ရန်သူ့ထံမှ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအချို့၊ ရန်သူ့အလောင်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခစစ်သည်တော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။


မိမိတို့အနေဖြင့် တိုက်ပွဲများမဖြစ်ပွားရအောင် ထိန်းထိန်းသိမ်းသိမ်းနေသော်လည်း မြန်မာ့တပ်မတော်မှ ယခုကဲ့သို့ ထိုးစစ်များကို နေရာအနှံ့အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်နေသောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာရခြင်းဖြစ်သည်။ စစ်အင်အား၊ လက်နက်ခဲယမ်းများကို မြန်မာ့တပ်မတော်မှ ဆက်လက်ဖြည့်တင်းနေသည့်အပြင် ကြီးမားသောထိုးစစ်များကို ထပ်မံပြုလုပ်ရန်ပြင်ဆင်နေသောကြောင့် နောက်ရက်များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်။


(၁) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ (၂၅) မိနစ်တွင် ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာ၊ အရှေ့တောင်ဖက် ၊ ရန်ကုန်-စစ်တွေ ကားလမ်းမအနီးတွင်လည်းကောင်း၊


(၂) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နံနက် (၉) နာရီ(၂၃) မိနစ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ခွဆုံရွာ နှင့် မင်းရွာအကြား (ရန်ကုန်-စစ်တွေ ကားလမ်းမ) ထက်တွင်လည်းကောင်း


(၃) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နံနက် (၆) နာရီ (၃၆) မိနစ်တွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တရဂူရွာအနောက်ဖက် (၁.၆)ကီလိုမီတာ ခန့်အကွာအဝေး၌လည်းကောင်း၊


(၄) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၀၈) မိနစ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကံရွာ နှင့် ခလောင်းရွာဟောင်းကြားတွင်လည်းကောင်း၊


(၅) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်၊ ညနေ(၃) နာရီ(၂၀) မိနစ်တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၈၂၅) ကုန်းပတ်ဝန်းကျင်တွင်လည်းကောင်း၊


(၆) ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈) ရက်၊ နံနက် (၈) နာရီ (၄၂) မိနစ်တွင် ပလက်ဝမြို့နယ်ရှိ ပွိုင့် (၉၈၂) ကုန်းပတ်ဝန်းကျင်တွင်လည်းကောင်း ထိတွေ့မှု၊ တိုက်ပွဲများဖြစ်ပွားခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

844 views
bottom of page