top of page

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၆/၂၇) ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၆/၂၇) ရက္ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား




ရခိုင္ျပည္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာတစ္ေလွ်ာက္၌ ျမန္မာ့တပ္မေတာ္မွ "နယ္ေျမရွင္းလင္းေရးလုပ္မည္"ဟု ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၄) ရက္၌ေၾကညာၿပီးေနာက္, ႏွစ္ရက္အၾကာ(ဇြန္လ၂၆ ရက္) မွစတင္ၿပီး ရကၡိဳင့္တပ္ေတာ္အေပၚ ႀကီးမားေသာထိုးစစ္အား ျမန္မာ့တပ္မေတာ္မွ စတင္ျပဳလုပ္ခဲ့သည္။ ထို႔ေၾကာင့္ ၎တို႔ နယ္ေျမရွင္းလင္းေရးလုပ္မည္ဟု ေၾကညာထားေသာေက်း႐ြာမ်ားမွ ႐ြာသူ႐ြာသားမ်ားမွာ စိုးရိမ္စိတ္မ်ားႏွင့္ တိမ္းေရွာင္ေနၾကရသည္။ စစ္ေဘးေရွာင္အေရအတြက္မွာလည္း ပိုမိုမ်ားျပားလာခဲ့သည္။


လူမ်ိဳးေရးအစြန္းေရာက္ က်ဴးေက်ာ္သူနယ္ခ်ဲ႕ ျမန္မာ့တပ္မေတာ္သည္ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားရွိရာေနရာသို႔ ရေသ့ေတာင္အေျခစိုက္ ခမရ (၅၃၆) ၊ ခမရ (၅၃၇) ႏွင့္ ထီးစြဲ႐ြာ စသည့္ေနရာ (၃) ေနရာမွေန၍ လက္နက္ႀကီးမ်ားျဖင့္ ေတာက္ေလွ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထိုးစစ္ဆင္တိုက္ခိုက္မႈအား ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၆) ရက္၊ နံနက္ (၉) နာရီ (၄၀) မွစ၍ ျပဳလုပ္ခဲ့သည္။ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္႐ြာေတာင္ဖက္ ႏွင့္ အေနာက္ေျမာက္ဖက္မွ စုစုေပါင္းအင္အား (၃၀၀) ေက်ာ္ျဖင့္ အင္အားအလုံးအရင္းျဖင့္လည္းေကာင္း၊ လက္နက္ႀကီးပစ္ကူမ်ားအား ေနရာ (၃) ေနရာမွပစ္ကူေပး၍လည္းေကာင္း ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။


ညေန (၆) နာရီေက်ာ္သည္အထိ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ားရွိခဲ့သည္။ ထို႔ေၾကာင့္ ဇြန္လ (၂၆) ရက္ေန႔၌ တစ္ေန႔လုံးနီးပါး အျပန္အလွန္ပစ္ခတ္တိုက္ခိုက္ခဲ့ၾကၿပီး ျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္ခဲ့သည္။


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၇) ရက္ေန႔၌ ျမန္မာ့တပ္မေတာ္သည္ ယမန္ေန႔နည္းတူ ထိုးစစ္ဆင္တိုက္ခိုက္မႈအား ဒုတိယေန႔အျဖစ္ ဆက္လက္ျပဳလုပ္ခဲ့သည္။


ဇြန္လ (၂၆/၂၇) ရက္၊ ျမန္မာ့တပ္မေတာ္၏ ႏွစ္ရက္တာထိုးစစ္အတြင္း ရကၡိဳင့္တပ္ေတာ္မွ အေကာင္းဆုံးခုခံ တိုက္ခိုက္ႏိုင္ခဲ့သည္။ ႏွစ္ရက္တာအတြင္း ရန္သူ (၄၀) ေက်ာ္အား ရကၡိဳင့္တပ္ေတာ္မွ သုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ရန္သူ႔ဖက္မွ ဒဏ္ရာရသူ (၂၀) ဦးထက္မနည္းရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း အလတ္စားဒဏ္ရာရသူအခ်ိဳ႕ရွိခဲ့သည္။


ေျမျပင္တြင္ အထိနာေနေသာျမန္မာ့တပ္မေတာ္သည္ လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ ရေသ့ေတာင္အေျခစိုက္တပ္ရင္းမ်ားမွ ရေသ့ေတာင္ၿမိဳ႕အတြင္းသို႔ ဇြန္လ (၂၇) ရက္၊ ညေန(၄) နာရီ(၄၀) မိနစ္တြင္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ လူအေသအေပ်ာက္၊ ထိခိုက္ဒဏ္ရာရမႈမရွိခဲ့ေသာ္လည္း လူေနအိမ္အခ်ိဳ႕ ထိခိုက္ပ်က္စီးမႈရွိခဲ့သည္။ မူလတန္းစာသင္ေက်ာင္းအနီး လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့သည္။


ထို႔အတူ စစ္ရာဇဝတ္နယ္ခ်ဲ႕အၾကမ္းဖက္တပ္ဟုေခၚေသာ ျမန္မာ့တပ္မေတာ္၏ ေစြ႕ေခ်ာင္ဗ်ဴဟာကုန္းမွ အမ္းၿမိဳ႕နယ္၊ ဆင္ဦးတိုက္ေက်း႐ြာအတြင္းသို႔ ဇြန္လ (၂၇) ရက္ေန႔၊ နံနက္(၈) နာရီ(၂၇) မိနစ္ ညေန(၄) နာရီအတြင္း လက္နက္ႀကီးအႀကိမ္ (၂၀) ခန႔္အား မည္သည့္တိုက္ပြဲမွ် ျဖစ္ပြားခဲ့ျခင္းမရွိဘဲ ရမ္းသန္းပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ဧၿပီလ (၈) ရက္ေန႔၌လည္းဤကဲ့သို႔ပစ္ခတ္တိုက္ခိုက္မႈရွိခဲ့သည္။ ေလာေလာဆယ္႐ြာသူ႐ြာသားမ်ား ထိခိုက္၊ ေသဆုံးမႈမသိရေသးပါ။


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၂၇) ရက္၊ ေန႔လယ္ပိုင္းတြင္ စညႇင္း႐ြာ၊ အေနာက္ေတာင္ဖက္ (၁) ကီလိုမီတာ ခန႔္အကြာအေဝးရွိ ေနရာ၌ ဂဏန္းေထာင္ရန္သြားစဥ္ ျမန္မာ့တပ္မေတာ္မွ ေထာင္ထားေသာမိုင္းအား မနန္းစုမွ နင္းမိခဲ့ေသာေၾကာင့္ ညာဖက္ေျခေထာက္ျပတ္သြားခဲ့သည္။ ဦးဖိုးစံ၏ သမီးျဖစ္သူ မနန္းစု (ကရင္လူမ်ိဳး) အသက္ (၂၀) သည္ ၎႐ြာ၌ အိမ္ေထာင္က်ေနေသာသူတစ္ဦးျဖစ္သည္။


ျမန္မာ့တပ္မေတာ္သည္ အရပ္သားျပည္သူလူထုမ်ားသြားလာေနၾကသည့္လမ္းမ်ား၌ နင္းမိုင္း၊ စြန႔္လႊတ္မိုင္းမ်ားကို ေထာင္ထားေလ့ရွိေသာေၾကာင့္ ျမန္မာ့တပ္မေတာ္လႈပ္ရွားေနသည့္ ႐ြာမ်ား၊ ၎တို႔စခန္းခ်တပ္စြဲခဲ့ေသာေနရာမ်ားအနီး သြားလာရာတြင္ မိဘျပည္သူလူထုမ်ားအေနျဖင့္ အထူးဂ႐ုျပဳ၍သတိထားသြားလာၾကပါရန္ အသိေပးအပ္ပါသည္။


ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္/ ရကၡိဳင့္တပ္ေတာ္အေနျဖင့္ ျမန္မာအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္တို႔၏ ရခိုင္ျပည္သူလူထုမ်ားအေပၚ ရက္စက္ယုတ္မာသည့္ ယခုကဲ့သို႔ေသာလုပ္ရပ္မ်ား၊ ရခိုင္ျပည္သူလူထု၊ ရခိုင္ရပ္႐ြာမ်ားကို လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ဦးတည္သတ္ျဖတ္ေနေသာလုပ္ရပ္မ်ားကို ေကာင္းစြာမွတ္တမ္းတင္ထားပါသည္။ မိမိတို႔၏ ရင္ထဲ၊ ႏွလုံးသားထဲတြင္ မည္သည့္အခါမွ် ေမ့ေပ်ာက္လိမ့္မည္မဟုတ္ဆိုသည္ကိုလည္း သိေစအပ္သည္။


တိုက္ပြဲမ်ားအတြင္း သတၱိေျပာင္ေျမာက္စြာတိုက္ပြဲဝင္ခဲ့ေသာ အာရကၡစစ္သည္ေတာ္မ်ားအားေလးနက္စြာ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။


သတင္းႏွင့္ျပန္ၾကားေရး

ရကၡိဳင့္တပ္ေတာ္


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆/၂၇) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ



ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတစ်လျှောက်၌ မြန်မာ့တပ်မတော်မှ "နယ်မြေရှင်းလင်းရေးလုပ်မည်"ဟု ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၄) ရက်၌ကြေညာပြီးနောက်, နှစ်ရက်အကြာ(ဇွန်လ၂၆ ရက်) မှစတင်ပြီး ရက္ခိုင့်တပ်တော်အပေါ် ကြီးမားသောထိုးစစ်အား မြန်မာ့တပ်မတော်မှ စတင်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသောကျေးရွာများမှ ရွာသူရွာသားများမှာ စိုးရိမ်စိတ်များနှင့် တိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင်အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။


လူမျိုးရေးအစွန်းရောက် ကျူးကျော်သူနယ်ချဲ့ မြန်မာ့တပ်မတော်သည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆) ၊ ခမရ (၅၃၇) နှင့် ထီးစွဲရွာ စသည့်နေရာ (၃) နေရာမှနေ၍ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုးစစ်ဆင်တိုက်ခိုက်မှုအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၆) ရက်၊ နံနက် (၉) နာရီ (၄၀) မှစ၍ ပြုလုပ်ခဲ့သည်။ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ရွာတောင်ဖက် နှင့် အနောက်မြောက်ဖက်မှ စုစုပေါင်းအင်အား (၃၀၀) ကျော်ဖြင့် အင်အားအလုံးအရင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးပစ်ကူများအား နေရာ (၃) နေရာမှပစ်ကူပေး၍လည်းကောင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ညနေ (၆) နာရီကျော်သည်အထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် ဇွန်လ (၂၆) ရက်နေ့၌ တစ်နေ့လုံးနီးပါး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်နေ့၌ မြန်မာ့တပ်မတော်သည် ယမန်နေ့နည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုအား ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်ခဲ့သည်။


ဇွန်လ (၂၆/၂၇) ရက်၊ မြန်မာ့တပ်မတော်၏ နှစ်ရက်တာထိုးစစ်အတွင်း ရက္ခိုင့်တပ်တော်မှ အကောင်းဆုံးခုခံ တိုက်ခိုက်နိုင်ခဲ့သည်။ နှစ်ရက်တာအတွင်း ရန်သူ (၄၀) ကျော်အား ရက္ခိုင့်တပ်တော်မှ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဖက်မှ ဒဏ်ရာရသူ (၂၀) ဦးထက်မနည်းရှိခဲ့သည်။ မိမိတို့ဖက်မှလည်း အလတ်စားဒဏ်ရာရသူအချို့ရှိခဲ့သည်။


မြေပြင်တွင် အထိနာနေသောမြန်မာ့တပ်မတော်သည် လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ ရသေ့တောင်အခြေစိုက်တပ်ရင်းများမှ ရသေ့တောင်မြို့အတွင်းသို့ ဇွန်လ (၂၇) ရက်၊ ညနေ(၄) နာရီ(၄၀) မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လူအသေအပျောက်၊ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့သော်လည်း လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ မူလတန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။


ထို့အတူ စစ်ရာဇဝတ်နယ်ချဲ့အကြမ်းဖက်တပ်ဟုခေါ်သော မြန်မာ့တပ်မတော်၏ စွေ့ချောင်ဗျူဟာကုန်းမှ အမ်းမြို့နယ်၊ ဆင်ဦးတိုက်ကျေးရွာအတွင်းသို့ ဇွန်လ (၂၇) ရက်နေ့၊ နံနက်(၈) နာရီ(၂၇) မိနစ် ညနေ(၄) နာရီအတွင်း လက်နက်ကြီးအကြိမ် (၂၀) ခန့်အား မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဧပြီလ (၈) ရက်နေ့၌လည်းဤကဲ့သို့ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်။ လောလောဆယ်ရွာသူရွာသားများ ထိခိုက်၊ သေဆုံးမှုမသိရသေးပါ။


၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်၊ နေ့လယ်ပိုင်းတွင် စညှင်းရွာ၊ အနောက်တောင်ဖက် (၁) ကီလိုမီတာ ခန့်အကွာအဝေးရှိ နေရာ၌ ဂဏန်းထောင်ရန်သွားစဉ် မြန်မာ့တပ်မတော်မှ ထောင်ထားသောမိုင်းအား မနန်းစုမှ နင်းမိခဲ့သောကြောင့် ညာဖက်ခြေထောက်ပြတ်သွားခဲ့သည်။ ဦးဖိုးစံ၏ သမီးဖြစ်သူ မနန်းစု (ကရင်လူမျိုး) အသက် (၂၀) သည် ၎င်းရွာ၌ အိမ်ထောင်ကျနေသောသူတစ်ဦးဖြစ်သည်။


မြန်မာ့တပ်မတော်သည် အရပ်သားပြည်သူလူထုများသွားလာနေကြသည့်လမ်းများ၌ နင်းမိုင်း၊ စွန့်လွှတ်မိုင်းများကို ထောင်ထားလေ့ရှိသောကြောင့် မြန်မာ့တပ်မတော်လှုပ်ရှားနေသည့် ရွာများ၊ ၎င်းတို့စခန်းချတပ်စွဲခဲ့သောနေရာများအနီး သွားလာရာတွင် မိဘပြည်သူလူထုများအနေဖြင့် အထူးဂရုပြု၍သတိထားသွားလာကြပါရန် အသိပေးအပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေဖြင့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်တို့၏ ရခိုင်ပြည်သူလူထုများအပေါ် ရက်စက်ယုတ်မာသည့် ယခုကဲ့သို့သောလုပ်ရပ်များ၊ ရခိုင်ပြည်သူလူထု၊ ရခိုင်ရပ်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်သတ်ဖြတ်နေသောလုပ်ရပ်များကို ကောင်းစွာမှတ်တမ်းတင်ထားပါသည်။ မိမိတို့၏ ရင်ထဲ၊ နှလုံးသားထဲတွင် မည်သည့်အခါမျှ မေ့ပျောက်လိမ့်မည်မဟုတ်ဆိုသည်ကိုလည်း သိစေအပ်သည်။


တိုက်ပွဲများအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များအားလေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်

734 views
bottom of page