၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလအတြင္း ျမန္မာ့တပ္မေတာ္၏ ရခိုင္ေဒသစစ္ဆင္ေရး ႏွင့္ တိုက္ပြဲသတင္းမ်ား
၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ(၁၇) ရက္

ကို႐ိုနာကူးစက္ေရာဂါ ထိန္းခဳ်ပ္ႏိုင္ေရး၊ ႀကိဳတင္ကာကြယ္တားဆီးႏိုင္ေရး၊ တိုက္ဖ်က္ေရးလုပ္ငန္းမ်ား၊ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား ႏွင့္ ၂၀၂၀ေရြးေကာက္ပြဲကာလမ်ားတြင္အေထာက္အကူျပဳေစရန္အတြက္ ရကၡိဳင့္တပ္ေတာ္သည္ ညီေနာင္မဟာမိတ္မ်ားျဖစ္ၾကေသာ MNDAA (ကိုးကန္႔)၊ TNLA( တအာင္း) တို႔ႏွင့္အတူတကြ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား ထပ္မံေျကညာခဲ့ၿပီးျဖစ္ပါသည္။
ဤကဲ့သို႔ေၾကညာထားစဥ္ကာလအတြင္း၌မိမိကိုယ္မိမိခုခံကာကြယ္ေသာတိုက္ပြဲမ်ားမွလြဲ၍တိုက္ပြဲမ်ားမျဖစ္ပြားေအာင္မိမိတို႔ဖက္မွ အတတ္ႏိုင္ဆံုးထိန္းသိမ္းခဲ့ပါသည္။ ထို႔ေၾကာင့္လည္း တိုက္ပြဲအေရအတြက္မွာ သိသိသာသာေလ်ာ့က်ခဲ့ပါသည္။သို႔ေသာ္လည္း စစ္ရာဇဝတ္နယ္ခဲ်႕ဖက္ဆစ္အၾကမ္းဖက္ျမန္မာ့တပ္မေတာ္သည္ မိမိတို႔တစ္ဖက္သတ္အပစ္အခတ္ရပ္ထားသည့္အေျခအေန ႏွင့္ ကို႐ိုနာကူးစက္ေရာဂါကာလအားအခြင့္ေကာင္းယူၿပီး စစ္ဆင္ေရးမ်ားကိုမရပ္မနားဆက္တိုက္ျပဳလုပ္ေနေသာေၾကာင့္ တိုက္ပြဲမ်ားမွာ ေန႔တိုင္းနီးပါးျဖစ္ပြားလ်က္ရွိသည္။
အထူးသျဖင့္ ရေသ့ေတာင္၊ဘူးသီးေတာင္၊ေက်ာက္ေတာ္၊ ေျမာက္ဦး၊ပလက္ဝ၊ ေျမပံု၊ အမ္း ၿမိဳ႕နယ္မ်ား၌ ျမန္မာ့တပ္မေတာ္၏ စစ္ေရးျပင္ဆင္မႈ၊ စစ္ဆင္ေရးမ်ားေၾကာင့္ တိုက္ပြဲမ်ားရွိခဲ့သည္။
ထို႔အျပင္ ျမန္မာအစိုးရသည္ Covid-19အားအေၾကာင္းျပ၍ညမထြက္ရအမိန္႔မ်ားကို ရခိုင္တစ္ျပည္လံုးနီးပါး၌ထုတ္ျပန္ထားသည္။ ဤသည္ကိုလည္း ျမန္မာ့တပ္မေတာ္သည္ ထပ္မံအခြင့္ေကာင္းယူကာေလေျကာင္း၊ ေရေၾကာင္း၊ ကုန္းလမ္းမ်ားမွတစ္ဆင့္ စစ္အင္အားတိုးခဲ်႕ျခင္းမ်ားကို ညအခိ်န္မ်ား၌ရခိုင္ျပည္အႏွံ့ဆက္တိုက္ျပဳလုပ္လ်က္ရွိသည္။ စစ္ေရး၊ နိုင္ငံေရးအျမတ္ထုတ္လ်က္ရွိသည္။
အျခားတစ္ဖက္တြင္ ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီးမ်ားျဖင့္ ရပ္ရြာမ်ားကိုဦးတည္တိုက္ခိုက္ျခင္း၊ ေရတပ္စစ္သေဘာၤမ်ားေပၚမွ ျမစ္ေၾကာင္း တစ္ေလွ်ာက္လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားေၾကာင့္ အရပ္သားျပည္သူလူထု( ကေလး၊ အမိဳ်းသမီး၊ အမိဳ်းသမီးကိုယ္ဝန္ေဆာင္မ်ား) မ်ားထိခိုက္၊ေသဆံုးသည့္အေရအတြက္မွာ ပိုမိုျမင့္တက္လ်က္ရွိသည္။
ထို႔ေၾကာင့္ အရပ္သားျပည္သူလူထုမ်ားအေနျဖင့္ ျမန္မာ့တပ္မေတာ္၏ စစ္သေဘာၤမ်ားသြားလာေနသည့္အခိ်န္မ်ား၌"ေစာင့္ၾကည့္စနစ္တစ္ခု"ထားရွိၿပီး စစ္သေဘာၤမ်ားေပၚမွ ပစ္ခတ္တိုက္ခိုက္ေနသည့္လက္နက္ႀကီး၊လက္နက္ငယ္မ်ားအႏၲရာယ္ကို ႀကိဳတင္ကာကြယ္တားဆီးႏိုင္ရန္ သတိထားျပဳလုပ္သင့္ေၾကာင္း သတိေပးအပ္ပါသည္။ ျမစ္ကမ္းေဘးအနီးတည္ရွိေသာ ေက်းရြာမ်ား၏ေနအိမ္မ်ားတြင္ လံုျခံဳေသာဗံုးခိုက်င္းမ်ားကို ေကာင္းမြန္စြာျပဳလုပ္ထားၾကပါရန္ကိုလည္း အသိေပးတိုက္တြန္းအပ္ပါသည္။
စက္တင္ဘာလ(၁) ရက္မွ (၁၇) ရက္အတြင္းျမန္မာ့တပ္မေတာ္၏ ထိုးစစ္တိုက္ခိုက္ေနမႈမ်ားေၾကာင့္ တိုက္ပြဲအႀကိမ္အေရအတြက္ (၁၀) ေက်ာ္ရွိခဲ့သည္။
(၁)၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ(၃) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္၏ တပ္မ(၄၄) လက္ေအာက္ခံ၊ သိမ္ဆိပ္အေျခစိုက္ ခမရ(၉) တပ္ရင္း မွ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဘုရားေပါင္းေက်းရြာ ႏွင့္ ေတာင္ေပါက္ေက်းရြာ(၂) ရြာအား မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲ ရည္ရြယ္ခ်က္ရွိရွိျဖင့္မီးရိႈ႕ဖ်က္ဆီးခဲ့သည္။ အရပ္သား(၂) ဦးကိုလည္း ခမရ(၉) တပ္ရင္းမွသတ္ျဖတ္ခဲ့သည္။
(၂) ၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ(၄) ရက္ေန႔တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်က္ေတာင္ရြာ၊ အေနာက္ေတာင္ဖက္(၈၀၀) မီတာအကြာအေဝး၌ စစ္ရာဇဝတ္ဖက္ဆစ္တပ္ ျမန္မာ့တပ္မေတာ္မွ အင္အားအလံုးအရင္းျဖင့္ထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၃)စက္တင္ဘာလ(၆) ရက္ေန႔တြင္လည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခမီေခ်ာင္းရြာ အေနာက္ေတာင္ဖက္ေတာင္တန္းတြင္နာရီဝက္ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၄) စက္တင္ဘာလ(၇) ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခမီေခ်ာင္းရြာအေနာက္ေတာင္ဖက္ေတာင္တန္းတြင္ မိနစ္အနည္းငယ္ၾကာထိေတြ႕မႈျဖစ္ပြားခဲ့သည္။
(၅) စက္တင္ဘာလ(၈) ရက္ေန႔၊နံနက္(၉) နာရီ(၄၉) မိနစ္ တြင္ေျမပံုၿမိဳ႕နယ္၊ ေညာင္ခတ္ကန္( ေညာင္ကန္) ေက်းရြာအတြင္းသို႔ စစ္ရာဇဝတ္တပ္ လူမိဳ်းေရးအစြန္းေရာက္ နယ္ခဲ်႕ျမန္မာ့တပ္မေတာ္၏ တပ္မ(၆၆) လက္ေအာက္ခံတပ္ရင္း( အမည္စံုစမ္းဆဲ)၏ "နယ္ျခားေတာင္" ၌ စခန္းခ်တပ္စြဲထားသည့္ တပ္စခန္းတစ္ခုမွ မည္သည့္တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိဘဲလက္နက္ႀကီးမ်ားျဖင့္ တမင္တကာရည္ရြယ္ခ်က္ရွိရွိျဖင့္ အႀကိမ္(၁၅) ႀကိမ္ခန္႔ေတာက္ေလ်ာက္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။ ထို႔ေျကာင့္ ေညာင္ခတ္ကန္(ေညာင္ကန္) ေက်းရြာအတြင္းမွ အျပစ္မဲ့အရပ္သား(၄)ဦးပြဲခ်င္းၿပီးေသဆံုးကာ (၁၁) ဦးမွာလက္နက္ႀကီးစထိမွန္၍ အေသးစား၊အလတ္စား၊ အျပင္းစားဒဏ္ရာရရွိခဲ့သည္။ လက္ရွိအခိ်န္အထိ အျခားတစ္ဦးမွာ သတိမရေသးဘဲ သတိေမ့ေျမာလ်က္ရွိေနေသးသည္။
(၆) စက္တင္ဘာလ(၉) ရက္ေန႔တြင္ ပလက္ဝၿမိဳ႕နယ္၊ ပိႏၷဲတပင္ရြာ၊ အေနာက္ဖက္(၄.၅) ကီလိုမီတာအကြာအေဝး၌ တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၇) စက္တင္ဘာလ(၁၂) ရက္၊ေန႔လည္(၁၂) နာရီခန္႔အခိ်န္တြင္ ပလက္ဝၿမိဳ႕နယ္၊ ရပ္ဒိန္ရြာ ႏွင့္ေရႊေခ်ာင္းဝရြာအၾကား(ဆမီး-ပလက္ဝကားလမ္းေဘး)တိုက္ပြဲျဖစ္ပြားခဲ့သည္။ ရန္သူ(၅) ဦးအားသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။
(၈) စက္တင္ဘာလ(၁၃) ရက္ေန႔တြင္ ျမန္မာ့တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရးလုပ္မည္ဟု ေၾကညာထားသည့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းပတ္ဝန္းက်င္ရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား ဒ႐ုန္း(၁) စီးေပၚမွ ဗံုးျဖင့္တိုက္ခိုက္ခဲ့သည္။
(၉) စက္တင္ဘာလ( ၁၄)ရက္၊ ညေန(၄) နာရီ(၃၀) မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခမီေခ်ာင္းရြာအေနာက္ေတာင္ဖက္(၁) ကီလိုမီတာခန္႔အကြာအေဝး၌ မိနစ္အနည္းငယ္ၾကာတိုက္ပြဲျဖစ္ပြားခဲ့သည္။
(၁၀) စက္တင္ဘာလ( ၁၅)၊ ေန႔လည္(၃) နာရီ(၁၃) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ အညႇင္းဝရြာ၊ အေနာက္ေျမာက္ဖက္(၂) ကီလိုမီတာအကြာအေဝးရွိ ပြိဳင့္(၃၉၇) ကုန္းတြင္တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၁၁) စက္တင္ဘာလ(၁၆)၊ နံနက္(၉) နာရီ(၃၀) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ အထက္ပီရြာအေနာက္ေျမာက္ဖက္(၂.၆) ကီလိုမီတာအကြာအေဝး႐ွိ ပြိဳင့္(၈၂၅) ကုန္းအနီးတြင္တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၁၂) စက္တင္ဘာလ(၁၆) ရက္၊ ေန႔လည္(၁၂) နာရီခန္႔တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ အမ်က္ေတာင္ေက်းရြာ၏ အေနာက္ဖက္(၁.၁) ကီလိုမီတာအကြာအေဝး၌လည္းေကာင္း ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၁၃)စက္တင္ဘာလ(၁၆) ရက္၊ ေန႔လည္(၁၂) နာရီခန္႔အခိ်န္တြင္လည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဒိုးတန္းရြာ၏ အေနာက္ေတာင္ဖက္(၁.၅) ကီလိုမီတာအကြာအေဝးရွိ မိမိတို႔တပ္ဖြဲ႕ဝင္မ်ားအား စစ္ရာဇဝတ္တပ္ ျမန္မာ့တပ္မေတာ္၏ အင္အား(၂၀၀) ခန္႔ပါ ခလရ(၂၃၃)/ ခလရ(၂၆၃)/ ခမရ(၁၁၈) တို႔ပါဝင္ေသာပူးေပါင္းစစ္ေၾကာင္းမွ ထိုးစစ္ဆင္တိုက္ခိုက္လာေသာေၾကာင့္ (၁) နာရီ(၃၀) မိနစ္ေက်ာ္ၾကာတိုက္ပြဲျပင္းထန္ခဲ့သည္။ တိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ မ်က္ျမင္(၁၂) ဦးေသဆံုးကာ ဒဏ္ရာရသူ(၁၀) ေက်ာ္ရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း ဒဏ္ရာရသူအခိဳ်႕ရွိခဲ့သည္။
(၁၄) နယ္ခဲ်႕ဖက္ဆစ္ စစ္ရာဇဝတ္တပ္ ျမန္မာ့တပ္မေတာ္သည္ လက္နက္ႀကီးစခန္းမ်ား၊ တပ္ရင္းဌာနခဳ်ပ္မ်ား၊ စစ္သေဘာၤမ်ားေပၚမွလက္နက္ႀကီးမ်ားျဖင့္ ေန႔စဥ္ေန႔တိုင္းပစ္ခတ္တိုက္ခိုက္လ်က္ရွိသည္။ျမန္မာ့တပ္မေတာ္၏ လက္နက္ႀကီးက်ည္မ်ားသည္ အမ်က္ေတာင္ရြာ( ရေသ့ေတာင္ၿမိဳ႕နယ္) ေညာင္ကန္ရြာ( ေျမပံုၿမိဳ႕နယ္)၊ သဂၤနက္ေက်းရြာ(ေက်ာက္ေတာ္ၿမိဳ႕နယ္)၊ ဂုပၸီေထာင့္(ေက်ာက္ေတာ္ၿမိဳ႕နယ္)၊ ေအာင္ေဇကုန္းေက်းရြာ( ရေသ့ေတာင္ၿမိဳ႕နယ္)၊ လမုတပင္ေက်းရြာ( ေက်ာက္ေတာ္ၿမိဳ႕နယ္)၊ ေရႊေလာင္းတင္ေက်းရြာ( ရေသ့ေတာင္ၿမိဳ႕နယ္ အတြင္း က်ေရာက္ေပါက္ကြဲမႈမ်ားရွိခဲ့သည္။
စက္တင္ဘာလ(၁) ရက္မွ(၁၆) ရက္ေန႔အတြင္း နယ္ခဲ်႕ဖက္ဆစ္စစ္ရာဇဝတ္တပ္ဖြဲ႕ဝင္(၅၀) ဦးခန္႔အား ရကၡိဳင့္တပ္ေတာ္မွသုတ္သင္ရွင္းလင္းႏိုင္ခဲ့သည္။ ရန္သူ႔ဖက္မွ ဒဏ္ရာရရွိသူလည္း(၅၀) ဦးအထက္ရွိနိုင္သည္။
အာရကၡစစ္သည္အခိဳ်႕ တိုင္းျပည္ႏွင့္လူမိဳ်းအတြက္ အသက္ေပးဆပ္စြန္႔လႊတ္ခဲ့ရသူအခိဳ်႕ရွိခဲ့သည္။ တိုက္ပြဲမ်ားအတြင္း ထူးခြ်န္ေျပာင္ေျမာက္စြာ တိုက္ပြဲဝင္ႏိုင္ခဲ့ေသာ အာရကၡစစ္သည္ေတာ္မ်ားအား ေလးနက္စြာ မွတ္တမ္းတင္ဂုဏ္ျပဳအပ္သည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း မြန်မာ့တပ်မတော်၏ ရခိုင်ဒေသစစ်ဆင်ရေး နှင့် တိုက်ပွဲသတင်းများ
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၇) ရက်
ကိုရိုနာကူးစက်ရောဂါ ထိန်းခုျပ်နိုင်ရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ တိုက်ဖျက်ရေးလုပ်ငန်းများ၊ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် ၂၀၂၀ရွေးကောက်ပွဲကာလများတွင်အထောက်အကူပြုစေရန်အတွက် ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော MNDAA (ကိုးကန့်)၊ TNLA( တအာင်း) တို့နှင့်အတူတကွ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ထပ်မံကြေညာခဲ့ပြီးဖြစ်ပါသည်။
ဤကဲ့သို့ကြေညာထားစဉ်ကာလအတွင်း၌မိမိကိုယ်မိမိခုခံကာကွယ်သောတိုက်ပွဲများမှလွဲ၍တိုက်ပွဲများမဖြစ်ပွားအောင်မိမိတို့ဖက်မှ အတတ်နိုင်ဆုံးထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း တိုက်ပွဲအရေအတွက်မှာ သိသိသာသာလျော့ကျခဲ့ပါသည်။သို့သော်လည်း စစ်ရာဇဝတ်နယ်ချဲ့ဖက်ဆစ်အကြမ်းဖက်မြန်မာ့တပ်မတော်သည် မိမိတို့တစ်ဖက်သတ်အပစ်အခတ်ရပ်ထားသည့်အခြေအနေ နှင့် ကိုရိုနာကူးစက်ရောဂါကာလအားအခွင့်ကောင်းယူပြီး စစ်ဆင်ရေးများကိုမရပ်မနားဆက်တိုက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ နေ့တိုင်းနီးပါးဖြစ်ပွားလျက်ရှိသည်။
အထူးသဖြင့် ရသေ့တောင်၊ဘူးသီးတောင်၊ကျောက်တော်၊ မြောက်ဦး၊ပလက်ဝ၊ မြေပုံ၊ အမ်း မြို့နယ်များ၌ မြန်မာ့တပ်မတော်၏ စစ်ရေးပြင်ဆင်မှု၊ စစ်ဆင်ရေးများကြောင့် တိုက်ပွဲများရှိခဲ့သည်။
ထို့အပြင် မြန်မာအစိုးရသည် Covid-19အားအကြောင်းပြ၍ညမထွက်ရအမိန့်များကို ရခိုင်တစ်ပြည်လုံးနီးပါး၌ထုတ်ပြန်ထားသည်။ ဤသည်ကိုလည်း မြန်မာ့တပ်မတော်သည် ထပ်မံအခွင့်ကောင်းယူကာလေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းများမှတစ်ဆင့် စစ်အင်အားတိုးချဲ့ခြင်းများကို ညအချိန်များ၌ရခိုင်ပြည်အနှံ့ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ စစ်ရေး၊ နိုင်ငံရေးအမြတ်ထုတ်လျက်ရှိသည်။
အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည် လက်နက်ကြီးများဖြင့် ရပ်ရွာများကိုဦးတည်တိုက်ခိုက်ခြင်း၊ ရေတပ်စစ်သဘောင်္များပေါ်မှ မြစ်ကြောင်း တစ်လျှောက်လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူလူထု( ကလေး၊ အမိုျးသမီး၊ အမိုျးသမီးကိုယ်ဝန်ဆောင်များ) များထိခိုက်၊သေဆုံးသည့်အရေအတွက်မှာ ပိုမိုမြင့်တက်လျက်ရှိသည်။
ထို့ကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာ့တပ်မတော်၏ စစ်သဘောင်္များသွားလာနေသည့်အချိန်များ၌"စောင့်ကြည့်စနစ်တစ်ခု"ထားရှိပြီး စစ်သဘောင်္များပေါ်မှ ပစ်ခတ်တိုက်ခိုက်နေသည့်လက်နက်ကြီး၊လက်နက်ငယ်များအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် သတိထားပြုလုပ်သင့်ကြောင်း သတိပေးအပ်ပါသည်။ မြစ်ကမ်းဘေးအနီးတည်ရှိသော ကျေးရွာများ၏နေအိမ်များတွင် လုံခြုံသောဗုံးခိုကျင်းများကို ကောင်းမွန်စွာပြုလုပ်ထားကြပါရန်ကိုလည်း အသိပေးတိုက်တွန်းအပ်ပါသည်။
စက်တင်ဘာလ(၁) ရက်မှ (၁၇) ရက်အတွင်းမြန်မာ့တပ်မတော်၏ ထိုးစစ်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲအကြိမ်အရေအတွက် (၁၀) ကျော်ရှိခဲ့သည်။
(၁)၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃) ရက်နေ့တွင် မြန်မာ့တပ်မတော်၏ တပ်မ(၄၄) လက်အောက်ခံ၊ သိမ်ဆိပ်အခြေစိုက် ခမရ(၉) တပ်ရင်း မှ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာ နှင့် တောင်ပေါက်ကျေးရွာ(၂) ရွာအား မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိဖြင့်မီးရှို့ဖျက်ဆီးခဲ့သည်။ အရပ်သား(၂) ဦးကိုလည်း ခမရ(၉) တပ်ရင်းမှသတ်ဖြတ်ခဲ့သည်။
(၂) ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၄) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာ၊ အနောက်တောင်ဖက်(၈၀၀) မီတာအကွာအဝေး၌ စစ်ရာဇဝတ်ဖက်ဆစ်တပ် မြန်မာ့တပ်မတော်မှ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၃)စက်တင်ဘာလ(၆) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာ အနောက်တောင်ဖက်တောင်တန်းတွင်နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၄) စက်တင်ဘာလ(၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာအနောက်တောင်ဖက်တောင်တန်းတွင် မိနစ်အနည်းငယ်ကြာထိတွေ့မှုဖြစ်ပွားခဲ့သည်။
(၅) စက်တင်ဘာလ(၈) ရက်နေ့၊နံနက်(၉) နာရီ(၄၉) မိနစ် တွင်မြေပုံမြို့နယ်၊ ညောင်ခတ်ကန်( ညောင်ကန်) ကျေးရွာအတွင်းသို့ စစ်ရာဇဝတ်တပ် လူမိုျးရေးအစွန်းရောက် နယ်ချဲ့မြန်မာ့တပ်မတော်၏ တပ်မ(၆၆) လက်အောက်ခံတပ်ရင်း( အမည်စုံစမ်းဆဲ)၏ "နယ်ခြားတောင်" ၌ စခန်းချတပ်စွဲထားသည့် တပ်စခန်းတစ်ခုမှ မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲလက်နက်ကြီးများဖြင့် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ်(၁၅) ကြိမ်ခန့်တောက်လျောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ညောင်ခတ်ကန်(ညောင်ကန်) ကျေးရွာအတွင်းမှ အပြစ်မဲ့အရပ်သား(၄)ဦးပွဲချင်းပြီးသေဆုံးကာ (၁၁) ဦးမှာလက်နက်ကြီးစထိမှန်၍ အသေးစား၊အလတ်စား၊ အပြင်းစားဒဏ်ရာရရှိခဲ့သည်။ လက်ရှိအချိန်အထိ အခြားတစ်ဦးမှာ သတိမရသေးဘဲ သတိမေ့မြောလျက်ရှိနေသေးသည်။
(၆) စက်တင်ဘာလ(၉) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ရွာ၊ အနောက်ဖက်(၄.၅) ကီလိုမီတာအကွာအဝေး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၇) စက်တင်ဘာလ(၁၂) ရက်၊နေ့လည်(၁၂) နာရီခန့်အချိန်တွင် ပလက်ဝမြို့နယ်၊ ရပ်ဒိန်ရွာ နှင့်ရွှေချောင်းဝရွာအကြား(ဆမီး-ပလက်ဝကားလမ်းဘေး)တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
(၈) စက်တင်ဘာလ(၁၃) ရက်နေ့တွင် မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ကြေညာထားသည့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်များအား ဒရုန်း(၁) စီးပေါ်မှ ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။
(၉) စက်တင်ဘာလ( ၁၄)ရက်၊ ညနေ(၄) နာရီ(၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းရွာအနောက်တောင်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေး၌ မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
(၁၀) စက်တင်ဘာလ( ၁၅)၊ နေ့လည်(၃) နာရီ(၁၃) မိနစ်တွင် ပလက်ဝမြို့နယ်၊ အညှင်းဝရွာ၊ အနောက်မြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်(၃၉၇) ကုန်းတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၁၁) စက်တင်ဘာလ(၁၆)၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင် ပလက်ဝမြို့နယ်၊ အထက်ပီရွာအနောက်မြောက်ဖက်(၂.၆) ကီလိုမီတာအကွာအဝေးရှိ ပွိုင့်(၈၂၅) ကုန်းအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၁၂) စက်တင်ဘာလ(၁၆) ရက်၊ နေ့လည်(၁၂) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာ၏ အနောက်ဖက်(၁.၁) ကီလိုမီတာအကွာအဝေး၌လည်းကောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၁၃)စက်တင်ဘာလ(၁၆) ရက်၊ နေ့လည်(၁၂) နာရီခန့်အချိန်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ဒိုးတန်းရွာ၏ အနောက်တောင်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးရှိ မိမိတို့တပ်ဖွဲ့ဝင်များအား စစ်ရာဇဝတ်တပ် မြန်မာ့တပ်မတော်၏ အင်အား(၂၀၀) ခန့်ပါ ခလရ(၂၃၃)/ ခလရ(၂၆၃)/ ခမရ(၁၁၈) တို့ပါဝင်သောပူးပေါင်းစစ်ကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် (၁) နာရီ(၃၀) မိနစ်ကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင်(၁၂) ဦးသေဆုံးကာ ဒဏ်ရာရသူ(၁၀) ကျော်ရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ဒဏ်ရာရသူအခိုျ့ရှိခဲ့သည်။
(၁၄) နယ်ချဲ့ဖက်ဆစ် စစ်ရာဇဝတ်တပ် မြန်မာ့တပ်မတော်သည် လက်နက်ကြီးစခန်းများ၊ တပ်ရင်းဌာနခုျပ်များ၊ စစ်သဘောင်္များပေါ်မှလက်နက်ကြီးများဖြင့် နေ့စဉ်နေ့တိုင်းပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။မြန်မာ့တပ်မတော်၏ လက်နက်ကြီးကျည်များသည် အမျက်တောင်ရွာ( ရသေ့တောင်မြို့နယ်) ညောင်ကန်ရွာ( မြေပုံမြို့နယ်)၊ သင်္ဂနက်ကျေးရွာ(ကျောက်တော်မြို့နယ်)၊ ဂုပ္ပီထောင့်ာ(ကျောက်တော်မြို့နယ်)၊ အောင်ဇေကုန်းကျေးရွာ( ရသေ့တောင်မြို့နယ်)၊ လမုတပင်ကျေးရွာ( ကျောက်တော်မြို့နယ်)၊ ရွှေလောင်းတင်ကျေးရွာ( ရသေ့တောင်မြို့နယ် အတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်။
စက်တင်ဘာလ(၁) ရက်မှ(၁၆) ရက်နေ့အတွင်း နယ်ချဲ့ဖက်ဆစ်စစ်ရာဇဝတ်တပ်ဖွဲ့ဝင်(၅၀) ဦးခန့်အား ရက္ခိုင့်တပ်တော်မှသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူ့ဖက်မှ ဒဏ်ရာရရှိသူလည်း(၅၀) ဦးအထက်ရှိနိုင်သည်။
အာရက္ခစစ်သည်အခိုျ့ တိုင်းပြည်နှင့်လူမိုျးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသူအခိုျ့ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်