top of page

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ


(၁)ဇန်နဝါရီလ(၆) ရက်၊ နံနက်(၈) နာရီ(၁၀) မိနစ်အချိန်တွင် ရသေ့တောင်မြို့နယ်၊ "အောင်ဆိတ်ရွာ" မြောက်ဖက်၊(၁) ကီလိုမီတာအကွာအဝေးတွင်လည်းကောင်း၊

(၂) နံနက်(၈) နာရီ(၄၅) မိနစ်တွင် ဘူးသီးတောင်မြိ့နယ်၊ နွားရုံတောင်ရွာအနီးတွင်လည်းကောင်း၊

(၃) နေ့လည်(၁၂) နာရီ(၂၄) မိနစ်တွင် ရသေ့တောင်မြို့နယ်၊" ချွတ်ပြင်ရွာ" အနောက်ဖက်ကားလမ်းမပေါ်တွင်လည်းကောင်း တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

နွားရုံတောင်ရွာအနီးတိုက်ပွဲတွင်ရန်သူအားထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ယနေ့တိုက်ပွဲများအတွင်းရန်သူ့ဖက်မှ (၅) ဦး(မျက်မြင်) သေဆုံးခဲ့ပြီး ဒဏ်ရာရသူများမှာလည်း(၁၀) ဦးအထက်ရှိနိုင်သည်။

မိမိတို့ဖက်မှ အာရက္ခစစ်သည်တော်တစ်ဦးတိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး အလတ်စားဒဏ်ရာရသူ(၂) ဦးရှိခဲ့သည်။ တိုက်ပွဲများအတွင်းသတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သောအာရက္ခစစ်သည်တော်များအားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page