top of page

၂၀၁၉၊စက်တင်ဘာလ(၅/၆)ရက်၊ကြာသပတေးနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်း(မြန်မာစစ်တပ်၏ရဟတ်ယာဉ်တစ်စင်းအားပစ်ချ)

Updated: Sep 7, 2019


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် (Mi 17 ဟုယူဆရသော) ရဟတ်ယာဉ်တစ်စင်းအားရက္ခိုင့်တပ်တော်မှပစ်ချနိုင်ခဲ့သည်။ ရဟတ်ယာဉ်သည် ကင်းတလင်းရွာ၊ အနောက်မြောက်(၅.၅) ကီလိုမီတာအကွာအဝေး၊(သို့မဟုတ်) Laung Yet Taung လောင်းရပ်တောင်၊အနောက်ဖက်(၂.၄) ကီလိုမီတာ) (သို့မဟုတ်) ခန်ခတောင်တန်း၏အရှေ့ဖက်(၉၀၀ မီတာ) အကွာအဝေးရှိချောက်ထဲသို့ထိုးဆင်းကျသွားခဲ့သည်။ဓာတ်ပုံအထောက်အထားများရရှိရန် မိမိတို့အနေဖြင့် ကြိုးစားလျှက်ရှိသည်။

စက်တင်ဘာလ(၆)ရက်နေ့၊

(က) နံနက်(၈) နာရီခန့်အချိန်တွင်၊ပလက်ဝမြို့နယ်၊"စိမ်ညှင်းဝရွာ" နှင့်" နှမ်းချောင်းဝရွာ" အကြားတွင်လည်းကောင်း

(ခ) နံနက်(၁၀) နာရီ (၁၈) မိနစ်တွင် မင်းပြားမြို့နယ်("ထောင့်ချေရွာ" နှင့်"ခွဆုံရွာ"အကြားတွင်လည်းကောင်း၊

-တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။

ပလက်ဝမြို့နယ်တိုက်ပွဲအတွင်း ရန်သူ(၁၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ရန်သူသည် ယခုရက်များအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကြီးကြီးမားမားမပြုလုပ်ခဲ့သော်လည်း လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကို နေ့တိုင်းပြုလုပ်နေခဲ့သည်။ အချို့နေ့ရက်များတွင် ရန်သူသည်မိမိတို့အားရဟတ်ယာဉ်များပေါ်မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာလ(၅) ရက်နေ့တွင်လည်းမြောက်ဦးမြို့နယ်နှင့် ပန်းမြောင်း ရှိ ရန်သူ့လက်နက်ကြီးစခန်းများမှ နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

စက်တင်ဘာ(၆) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်၊စည်တောင်ရွာအနီး၊ ရဟတ်ယာဉ်တစ်စင်းအရေးပေါ်ဆင်းသက်ကြောင်းသိရှိရသည်။ ထို့ကြောင့် မလိုလားအပ်သော ဖြစ်ရပ်၊ မှားယွင်းပစ်ခတ်မှုများမဖြစ်ပေါ်စေရန်အတွက် လေကြောင်း၊ ရေကြောင်း၊ မော်တော်ယာဉ်ခရီးသွားများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်များ၌ သွားလာခဲ့သည်များရှိပါကမိမိတို့အားအသိပေး၍သွားလာကြရန် ထပ်မံအသိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်





Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page