top of page

၂၀၁၉ ခုနှစ် သြဂုတ်လ (၂၃)ရက်၊ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ






(၅) ညနေ့ (၁၅း၄၀)နာရီမှ (၁၆း၀၀) နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်တပ်စခန်းတွင် မြန်မာ့စစ်တပ် ရမခ/ခလရ ၄၅/၂၄၂ နှင့်လည်းကောင်း

















Unicode


သြဂုတ်လ(၂၃) ရက်နေ့တွင် ရှမ်းမြောက်ဒေသ၏ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများနေရာအနှံ့အပြား၌ဖြစ်ပွားခဲ့သည်။ ရခိုင်ဒေသအတွင်း၌လည်း မင်းပြား၊ ပုဏ္ဏားကျွန်း၊ရသေ့တောင်မြို့နယ်တို့တွင်တိုက်ပွဲများဆက်လက်ရှိနေခဲ့ပြီး မင်းပြားမြို့နယ်အတွင်း၌ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း တွင်မြန်မာစစ်တပ်ဖက်မှ ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်တိုက်ခိုက်ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။


(၁) သြဂုတ်(၂၃) ရက်၊နံနက် (၈း၄၅)နာရီမှ (၉း၃၀) နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊ရှုခင်းသာအနီးတွင်လည်းကောင်း


(၂) နံနက်(၁ဝး၅၀)နာရီမှ (၁၁း၁၀)နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊"နမ့်ဟွေတောင်"အနီးတွင် မြန်မာ့စစ်တပ်၏ တပ်မ ၉၉/ခမရ-၇၉ နှင့်လည်းကောင်း


(၃) နေ့လည် (၁၄း၄၀)နာရီမှ (၁၅း၁၅)နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊နမ့်ဖလွန်ရွာနှင့် မန်လွယ်ရွာအကြားတွင်လည်းကောင်း


(၄) နေ့လည် (၁၄းဝဝ)နာရီမှ (၁၄း၂၀) နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊"နမ့်ခိုင်တောင်"အနီးတွင် မြန်မာ့စစ်တပ် ရမခ/ခလရ-၂၉၀ နှင့်လည်းကောင်း


(၅) ညနေ့ (၁၅း၄၀)နာရီမှ (၁၆းဝ၀) နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်တပ်စခန်းတွင် မြန်မာ့စစ််တပ် ရမခ/ခလရ ၄၅/၂၄၂ နှင့်လည်းကောင်း


(၆) ညနေ့ (၁၆းဝ၀)နာရီမှ (၁၆း၃၀) နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် မန်လွယ်ရွာအောက်ဘက်တွင် မြန်မာစစ်တပ် နှင့်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။


ကွတ်​ခိုင်​မြို့နယ်​၊ရှူခင်​းသာအနီးတွင်​ ဖြစ်​ပွားခဲ့သည်​့တိုက်ပွဲသည်လည်း မြန်မာစစ်တပ်မှမိမိတို့တပ်​ဖွဲ့ရှိရာသို့ ထိုးစစ်​ဆင်​တိုက်ခိုက်လာခဲ့သောကြောင့်တိုက်​ပွဲဖြစ်​ပွားခဲ့ခြင်းဖြစ်သည်​။ ဤတိုက်ပွဲအတွင်းရန်​သူ၏ သံချပ်​ကာကား(၁)စီးအား မိမိတို့တပ်​ဖွဲ့မှ သွားလာ၍မရနိုင်အောင်ပြုလုပ်နိုင်​ခဲ့သည်​။ ယခုတိုက်​ပွဲအတွင်​း ရန်​သူ့ဖက်​မှ (၈)ဦးကျဆုံးပြီး(၁၀)ဦးခန်​့ ဒဏ်​ရာရရှိခဲ့သည်။


ကွတ်​ခိုင်​မြို့နယ်၊​ နမ်​့ခိုင်​​တောင်​ကုန်​း​ပေါ်၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် မြန်မာစစ်တပ်သည် နမ်​့ခိုင်​တံတားမှ မိမိတို့တပ်​ဖွဲ့ရှိရာ ​တောင်​ကုန်​းသို့ ထိုးစစ်​ဆင်​တိုက်ခိုက်လာခဲ့သောကြောင့်တိုက်​ပွဲဖြစ်​ပွားရခြင်​းဖြစ်​သည်​။

ကွတ်​ခိုင်​မြို့နယ်​၊ နမ့်ဖတ်လွန်းရွာနှင့်​​​ မန်လွယ်ရွာအကြား​​၌ ဖြစ်​ပွားခဲ့သောတိုက်ပွဲသည်​လည်း မြန်မာစစ်တပ်မှ မိမိတို့တပ်ဖွဲရှိရာသို့ သံချပ်ကာကား (၈)စ​ီးနှင့်အတူ ထိုးစစ်​ဆင်​တိုက်ခိုက်လာခဲ့သောကြောင့်တိုက်​ပွဲဖြစ်​ပွားရခြင်​းဖြစ်​သည်​။


ကွတ်​ခိုင်​မြို့နယ်​၊ မန်​လွယ်​ရွာအနီးတွင်​ ဖြစ်ပွားခဲ့သောတိုက်​ပွဲဖြစ်​ပွားသည်လည်း မြန်မာစစ်​တပ်​မှ စစ်ကား (၁၄) စီးနှင့်အတူ ဝင်ရောက်လာသော မိမိရန်သူ၏စစ်ကူကားတန်းအားမိမိတို့အနေဖြင့်ဟန့်တားစစ်ဆင်နွှဲခဲ့သောကြောင့် တိုက်​ပွဲဖြစ်​ပွားခဲ့ရခြင်​းဖြစ်​သည်​။


ယနေ့တိုက်​ပွဲအများစုမှာ မြန်မာစစ်တပ်ဖက်မှ ရှုံးမဲမဲပြီး တိုက်ခိုက်လာသောကြောင့်ဖြစ်ပွားခဲ့ရသောတိုက်ပွဲများဖြစ်သည်။ ထို့ကြောင့်ဤတိုက်ပွဲများအတွင်​းမိမိတို့ဖက်မှ အလတ်စားဒဏ်ရာရသူတစ်ဦးမှလွဲ၍ ကျဆုံးသူများမရှိခဲ့ပါ။


"ရခိုင်ဒေသအတွင်းတိုက်ပွဲများ”


(၇) သြဂုတ်(၂၃) နံနက်(၀၈:၃၀) နာရီတွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ၏ အရှေ့မြောက်(၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် မြန်မာစစ်တပ်နှင့် မိမိတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်(၉:၄၀) အချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး တစ်နာရီကျော်ကြာခေတ္တရပ်တန့်ခဲ့ပြီး နံနက်(၁၁:၀၀) တွင် ရန်သူဖက်မှ နောက်ထပ်စစ်ကူ၊ ရဟတ်ယာဉ်(၂) စီးပေါ်မှပစ်ကူနှင့်အတူ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ရန်သူ့အထိအခိုက်အကျအဆုံးများကိုမသိရခဲ့ပါ။


(၈) သြဂုတ်(၂၃)၊ ညနေ(၁၇:၄၀)အချိန်တွင်လည်း မင်းပြားမြို့နယ်၊" ဒိုင်းသားရွာ" အရှေ့မြောက်(၅.၈) ကီလိုမီတာအကွာအဝေးတွင် အင်အား(၂၀၀) ခန့်ရှိသော မြန်မာစစ်တပ်နှင့် မိမိတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်အား(၂၀၀) ခန့်ရှိသော ရန်သူနှင့် မိမိတို့(၂၀) မိနစ်ခန့်ထိတွေ့တို့က်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူသည်ရှေ့ဆက်မတိုးလာသောကြောင့်တိုက်ပွဲထပ်မံမဖြစ်ပွားခဲ့တော့ဘဲ အဝေးမှလက်နက်ကြီး၊လက်နက်ငယ်များဖြင့်သာရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။မိမိတို့အနေဖြင့် ကျူးကျော်ဝင်ရောက်လာသူများကို မလွဲမရှောင်သာခုခံကာကွယ်တိုက်ခိုက်ရပေလိမ်မည်။


(၉) ထို့အပြင် မင်းပြားမြို့နယ်၊ "ရွှေကျင်ရွာ" အရှေ့မြောက်ဖက်(၁) ကီလိုမီတာအကွာအဝေးတွင် ယမန်နေ့က တပ်ပျက်နေသောတပ်ရင်း နှင့် ယနေ့စစ်ကူလိုက်လာသောတပ်ရင်းတို့ပူးပေါင်းထားသော အင်အား(၂၅၀) အထက်ရှိသော မြန်မာစစ်တပ်သည် မိမိတို့အားလက်ဦးမှုရယူကာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ရန်သူ့အကျအဆုံးများကိုမသိရသေးပါ။


(၁၀) ထို့အပြင် မြောက်ဦးမြို့မှ အရပ်သားကားများကို အသုံးပြုသည့်အပြင်အရပ်သားအသွင်ဆောင်ဝတ်ဆင် ထားသော မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယခုတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ(၁၀) ဦးခန့်ထပ်မံကျဆုံးခဲ့သည်။


(၁၁) ပုဏ္ဏားကျွန်းမြို့နယ် နှင့် ရသေ့တောင်မြို့နယ်အကြား ၌လည်း နံနက်(၀၇:၀၀) အချိန်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ်၊" ထွန်းရဝေရွာ" အနီးတွင်ဖြစ်ပွားခဲ့ပြီး ရန်သူ(၁၀) ဦးကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ မြန်မာစစ်တပ်ဖက်မှ ရမ်းသန်းပစ်ခတ်မှုကြောင့် ၊ထွန်းရဝေရွာမှ အမျိုးသမီး(၁) ဦးအားသေနတ်ထိမှန်ခဲ့သည်။ ထို့အတူ ပြားချောင်ကြီးရွာကိုလည်း မြန်မာစစ်တပ်ဖက်မှ ရမ်းသန်းပစ်ခတ်တိုက်မှုရှိခဲ့သည်။


သြဂုတ်(၂၃) ရခိုင်ဒေသတိုက်ပွဲများ၌မြန်မာစစ်တပ်ဖက်မှ (၁၅) ဦးခန့်သေဆုံးခဲ့ပြီးဒဏ်ရာရသူအချို့ရှိခဲ့သည်။ မိမိတို့ဖက်မှ ရဲဘော်တစ်ဦး ထပ်မံကျဆုံးခဲ့သည်။


နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။


ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့

MNTJP/MNDAA, PSLF/TNLA, ULA/AA

380 views
bottom of page