top of page
၂၀၁၉ ခုနှစ် သြဂုတ်လ(၂၂)ရက်ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ
(၆) ညနေ ၁၅း၀၀ နာရီမှ ၁၆း၀၀ နာရီိထိ ကွတ်ခိုင် မြို့နယ်၊နမ့်ကွတ်အနီး တွင် လည်းကောင်း-
Unicode
မြန်မာစစ်တပ်သည် ရှမ်းမြောက်ဒေသအတွင်းရှိ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများ၊ စစ်အင်အားများကိုထပ်မံပို့ဆောင်နေသည့်အပြင် သံချပ်ကာများ၊ အတွဲလိုက်ပစ်ဒုံးများ၊ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေခြင်းများကိုပါဆက်လက်လုပ်ဆောင်လျှက်ရှိသည်။
ရခိုင်ဒေသအတွင်း၌လည်း မြန်မာစစ်တပ် သည်ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေး(ရက္ခိုင့်တပ်တော်အားထိုးစစ်ဆင်တိုက်ခိုက်ခြင်း)များကို အရှိန်အဟုန်မြင့်စွာဆက်လက်လုပ်ဆောင်နေခဲ့သည်မှာ (၈) လကျော်တိုင်အောင်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ တပြိုင်နက်တည်းတွင် မြန်မာစစ်တပ်ဖက်မှ အသေအပျောက်နှုန်းမြင့်တက်လျှက်ရှိသည်။
မိမိတို့အင်အားနည်းသည်ဟုယူဆထားသောနေရာများကိုလက်ဦးမှုရယူကာ လက်နက်ကြီးပစ်ကူ၊သံချပ်ကာများပေါ်မှပစ်ခတ်တိုက်ခိုက်ကာ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဆက်တိုက်ပြုလုပ်လာနေခဲ့သည်။
ထို့ကြောင့် မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေဖြင့် မြန်မာစစ်တပ်၏ထိုးစစ်ကို ပထဝီအနေအထား၊ မိမိတို့ ဖြန့်ကျက်လှုပ်ရှားသည့်အခြေအနေအပေါ်မူတည်၍ တစ်ဖွဲ့ချင်းအနေဖြင့်လည်းကောင်း၊ စုဖွဲ့၍လည်းကောင်း ခုခံကာကွယ်သောအားဖြင့် မလွဲမရှောင်သာပြန်လည်တိုက်ခိုက်ရခြင်းသာဖြစ်သည်။
ထို့အပြင် မိမိတို့ ရင်ဆိုင်နေရသော စစ်ရေး၊နိုင်ငံရေးအခြေအနေ၊အခက်အခဲများ၊လက်ရှိအခြေအနေများကို ထုတ်ပြန်ကြေညာချက်များအကြိမ်ကြိမ်ထုတ်ပြန်၍လူထုကိုအသိပေးခဲ့ပြီးဖြစ်ပါသည်။ လက်ကမ်းစာစောင်များကို ဝေငှ၍လည်းရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။မိမိတို့အနေဖြင့် ရန်သူ၏လက်ဦးယူတိုက်ခိုက်မှုများကို မိမိကိုယ်မိမိခုခံကာကွယ်သောအားဖြင့်မလွဲမရှောင်သာတုံ့ပြန်ရင်ဆိုင်သွားမည်။
(၁) သြဂုတ်လ (၂၂)ရက် နံနက် (၁၀ းဝ၀)နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်၊ "လွယ်လောင်းကျေးရွာ" နှင့်"ကောင်းဝိုင်းကျေးရွာ"အကြားတွင် မြန်မာစစ်တပ် စကခ (၇)၊ ခမရ (၄၂၆)တို့ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၂)သြဂုတ်လ (၂၂)ရက် နေ့လည် (၁၂ း၂၅)နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ် ခလရ ၂၄၂ အနီးတွင် မြန်မာစစ်တပ်၏ခလရ (၂၄၂)တို့ နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၃)သြဂုတ်လ (၂၂)ရက် နံနက် (၀၄း၃၀)နာရီးအချိန်မှ (၀၅းဝ၀)နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်"ကောင်းခမ်းရွာ"အနီးတွင် မြန်မာစစ်တပ် ခလရ (၂၄၀)နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၄)နံနက် (၀၈းဝ၀) နာရီမှ (၀၈း၄၀)နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် "လုံစိန်ရွာ"အနီးတွင်လည်းကောင်း တိုက်ပွဲများနေရာ(၂) ခု၌ဖြစ်ပွားခဲ့သည်။
(၅)သြဂုတ်လ(၂၂) ရက်နေ့ ည​နေပိုင်​း (၁၈:၃၀) နာရီအချိန်​တွင်​ ကွတ်​ခိုင်​မြို့နယ်​၊ "ရှူခင်​းသာ" အနီးတွင် မြန်မာစစ်တပ် နှင့် တိုက်​ပွဲဖြစ်​ပွား​နေသည်​။ မြန်မာစစ်​တပ်​သည်​ နမ်​့ကွတ်​ရွာမှ မိမိတို့တပ်​ဖွဲ့ရှိရာ ရှူခင်​းသာသို့ အလစ်အငိုက်လက်ဦးမှုရယူကာထိုးစစ်​ဆင်​တိုက်ခိုက်လာခဲ့သဖြင်​့ ယခုကဲ့သို့တိုက်​ပွဲဖြစ်​ပွားရခြင်​းဖြစ်​သည်​။
(၆) ညနေ ၁၅းဝ၀ နာရီမှ ၁၆းဝ၀ နာရီိိထိ ကွတ်ခိုင် မြို့နယ်၊နမ့်ကွတ်အနီး တွင် လည်းကောင်း-
(၇) ညနေ ၁၆းဝ၀ နာရီ အချိန်တွင် နမ့်ခမ်းမြို့နယ် ၊"ကောင်းဝိုင်းရွာ"အနီး တွင်လည်းကောင်း မြန်မာစစ်တပ် စကခ (၇)၊ ခမရ (၄၂၆)တို့နှင့် မိမိတို့တိုက်ပွဲအသီးသီးဖြစ်ပွားခဲ့သည်။
(၈)ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာပတ်ဝန်းကျင်၊"နန်မေမြစ်"ဘက်ရှိ မိမိတို့ရှိရာဒေသသို့ မြန်မာစစ်တပ်မှ နံနက်(၁၀:၅၀) မှ နေ့လည်(၁၃:၄၀) အချိန်အထိလာရောက်တိုက်ခိုက်ခဲ့သည်။ မိမိတို့အနေဖြင့် အကောင်ဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။
(၉) သိန္နီမြို့နယ်၊"နမ့်စလပ်" နှင့် "နာတီးရွာ"အကြား ၊ပန်တိဒေသရှိ မိမိတို့ညီနောင်မဟာမိတ်တပ်ဖွဲ့ရှိရာနေရာသို့ မြန်မာစစ်တပ်ဖက်မှ လက်ဦးမှုယူကာ ညနေ(၁၇:၅၀) မှ (၁၈:၁၀) အချိန်အထိလာရောက်တိုက်ခိုက်ခဲ့သည်။
“နမ့်ကွတ်ရွာ”အနီးတိုက်ပွဲတွင် မြန်မာစစ်တပ်ဖက်မှ သံချပ်ကာ(၁) စီးပေါ်မှပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရှမ်းမြောက်၏ယနေ့တိုက်​ပွဲများအတွင်​း မြန်မာစစ်တပ်ဖက်မှ(၅) ဦးကျဆုံးပြီးဒဏ်ရာရသူ(၃) ဦးရှိခဲ့သည်။ မိမိတို့ဖက်မှ ဒဏ်ရာရသူအနည်းငယ်မှလွဲ၍ကျဆုံးသူမရှိခဲ့ပါ။
"ရခိုင်ဒေသအတွင်းတိုက်ပွဲ"
(၁၀) သြဂုတ်(၂၁) ရက်နေ့တွင် ရခိုင်ဒေသအတွင်း၌ ရင်ဆိုင်တိုက်ပွဲများမရှိခဲ့သော်လည်း သြဂုတ်(၂၂) ရက်နေ့တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ "ဒိုင်းသားရွာ" အနီးတွင်တိုက်ပွဲများပြင်းထန်ခဲ့သည်။ နံနက်(၁ဝးဝ၀) နာရီခန့်တွင် မြန်မာစစ်တပ်သည် မိမိတို့ရှိရာနေရာသို့အင်အားအလုံးအရင်း(၂၀၀ ကျော်) ဖြင့်ကျူးကျော်ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ညနေ(၅:၀၀)နာရီအထိတိုက်ပွဲများတောက်လျှှောက်ပြင်းထန်ခဲ့သည်။မြန်မာစစ်တပ်သည် ညနေ(၁၇:၄၀) မှစတင်ပြီးရဟတ်ယာဉ်(၂) စီးပေါ်မှ ရော့ကတ်များ၊ စက်သေနတ်များဖြင့် မိနစ်(၃၀) ခန့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်အထိတိုက်ပွဲများပြင်းထန်ခဲ့သည်။ ညနေ(၇:၀၀) နာရီအချိန်အထိ ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိနေသေးသည်။
(၁၁) တိုက်ပွဲသည် "ဒိုင်းသားရွာ" ၏အရှေ့တောင်ဖက်(၈၀၀) နှင့် (၁၅၀၀) မီတာအကွာအဝေးရှိနေရာ(၂)ခုတွင်ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ပြီးတစ်နေ့လုံးနီးပါးအပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ရန်သူ့ဖက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များပြားခဲ့ပြီး အထိနာဆုံးတိုက်ပွဲလည်းဖြစ်ခဲ့သည်။ ရက္ခိုင့်တပ်တော်ဖက်မှလည်း ကျဆုံးသူ (၃)ဦးအပြင် ဒဏ်ရာရသူအခိုျ့လည်းရှိခဲ့သည်။
မြေပြင်သတင်းများအရ ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲ(၂) နေရာအတွင်း မြန်မာစစ်တပ်ဖက်မှ အနည်းဆုံး (၅၀) ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူလည်းများပြားခဲ့ကြောင်းသိရှိရသည်။ တိုက်ပွဲသည် ည(၇:၀၀) နာရီအချိန်အထိ ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိနေခဲ့သည်။
(အတည်ပြု၍မရသေးသောသတင်းများအရ ရန်သူ့ဖက်မှအကျအဆုံးမှာ(၅၀)ဦး ထက်ပိုသောအရေအတွက်အထိရှိနိုင်ကြောင်းကြားသိရသည်။မိမိတို့အနေဖြင့်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။)
နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။
ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့
MNTJP/MNDAA, PSLF/TNLA, ULA/AA
618 views
bottom of page