top of page

၂၀၁၉ ခုနှစ် သြဂုတ်လ(၂၁)ရက်၊ ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ


သြဂုတ်လ(၂၁) ရက်နေ့တွင်လည်း ညနေ ၁၅:၀၀ နာရီ မှ ၁၅:၂၀ နာရီအထိ ကွတ်ခိုင်မြို့နယ်၊ နမ့်ခိုင်တံတားအနီးတွင် ရမခ/ခလရ-၂၉၀ နှင့်လည်းကောင်း မိနစ်နှစ်ဆယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

သြဂုတ်လ (၂၁)ရက်၊ည ၁၉း၅၀ နာရီးအချိန်မှ ၂၁း၁၅ နာရီအချိန်ထိ မြန်မာစစ်တပ်သည် ကွတ်ခိုင်မြို့ဖက်မှ စစ်ကား (၈)စီး ဖြင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များရှိရာနေရာအား နေရာ(၃) ခုမှ တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။ မြန်မာစစ်တပ်သည် လက်နက်ကြီးပစ်ကူမြောက်မြားစွာဖြင့် မိမိတို့အားအပြင်းအထန်တိုက်ခိုက်ခဲ့သည်။

ညတိုက်ပွဲဖြစ်၍ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများကိုမသိခဲ့ရပါ။ မိမိတို့အနေဖြင့် ရန်သူ့ဖက်မှ အင်အားအလွန်အကျွံများပြားသောကြောင့် ယာယီအခြေပြုထားသောနေရာမှ အနည်းငယ်နောက်ဆုတ်ပေးရုံမှလွဲ၍ ရန်သူ၏ထိုးစစ်အား အကောင်းဆုံးခုခံကာကွယ်ထားနိုင်ဆဲဖြစ်သည်။

တပြိုင်နက်တည်းတွင် မြန်မာစစ်တပ်သည် ရှမ်းမြောက်ဒေသအတွင်းရှိ ယခုရက်များ၌တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများ၊ စစ်အင်အားများကိုထပ်မံပို့ဆောင်နေသောကြောင့် မိမိတို့အနေဖြင့် မိမိကိုယ်မိမိခုခံကာကွယ်မှုများကိုမလွဲမရှောင်သာပြုလုပ်ရပေမည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့တွင် နမ်ဖတ်ကာ နှင့် နမ့်ခိုင်တံတားအကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် ခရီးသွားမိဘပြည်သူများ၊ ကားသမားများအားအန္တရာယ်ကင်းဝေးကြစေရန်အတွက် ရှေ့ကိုဆက်မသွားကြဘဲ လာလမ်းအတိုင်းလှည့်ပြန်သွားကြရန်မဟာမိတ်တပ်ဖွဲ့ဝင်များမှ သဘောထားကြီးစွာဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များမှ မိမိတို့၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို ဒေသခံမိဘပြည်သူများအား (မြန်မာ+တရုတ်ဘာသာစကားဖြင့်ရေးသားထားသော) လက်ကမ်းစာစောင်များဖြန့်ဝေကာ မည်သည့်အတွက်ကြောင့်ယခုကဲ့သို့သောတိုက်ပွဲများဖြစ်ပွားနေရခြင်းအားရှင်းလင်းအသိပေးမှုများကိုဆက်တိုက်ပြုလုပ်ခဲ့သည်။

သြဂုတ်(၂၁) ရက်နေ့တွင် ရခိုင်ဒေသအတွင်း၌ ရင်ဆိုင်တိုက်ပွဲများမရှိခဲ့ပါ။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီတင်ပေးသွားပါမည်။

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့ MNTJP/MNDAA, PSLF/TNLA, ULA/AA




Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Komen


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page