top of page

၂၀၁၉ ခုနှစ် သြဂုတ်လ (၁၇)ရက်၊ရှမ်းပြည်မြောက်ပိုင်းနှင့်ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ် သြဂုတ်လ (၁၇)ရက်၊ ရှမ်းပြည်မြောက်ပိုင်း နှင့် ရခိုင်ဒေသအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသတင်းများ

မြန်မာစစ်တပ် နှင့် မဟာမိတ်ညီနောင်တပ်ဖွဲ့တို့သည် သြဂုတ်လ(၁၇) နေ့တွင် အောက်ပါနေရာများ၌တိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။

(၁)နံနက် ၀၆:၀၀ နာရီမှ ၀၆:၃၀ နာရီအချိန်ထိ မြန်မာစစ်တပ် ခလရ ၄၅ နှင့် ကွတ်ခိုင်မြို့နယ် "ကာလိုင်ရွာ"လမ်းခွဲ အနီးတွင်လည်းကောင်း

(၂) နံနက် ၀၆:၅၀ နာရီမှ ၀၇:၂၀ နာရီအချိန်ထိ  ကွတ်ခိုင်မြို့နယ် နမ့်ကွတ်အနီးတွင် မြန်မာစစ်တပ် ခလရ ၄၅ နှင့် လည်းကောင်း

(၃)နံနက် ၁၀:၁၅ နာရီမှ ၁၀:၄၅ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားတွင် မြန်မာစစ်တပ် ခလရ ၂၉၀ နှင့်လည်းကောင်း

(၄) နံနက် ၁၀:၂၅ နာရီမှ ၁၀:၅၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းတွင် မြန်မာစစ်တပ် တပ်မ ၉၉ ခမရ ၄၁၉ နှင့်လည်းကောင်း  

(၅)နေ့လည် ၁၂:၅၅ နာရီမှ ၁၃:၃၀ နာရီအချိန်ထိ ကွတ်ခိုင်မြို့နယ်  မန်နောင်ရွာအနီးတွင် မြန်မာစစ်တပ် ခလရ ၄၅ နှင့်လည်းကောင်း

(၆) နံနက် ၀၅:၃၀ နာရီမှ နေ့လည် ၁၃:၃၀ နာရီအချိန်အထိ နမ့်ဖတ်ကာမြို့အနီးရှိ" ရင်ကွဲတောင်" အနီးတွင်လည်းကောင်း

(၇)နံနက် ၀၅:၅၈ နာရီတွင် နမ်ခိုင် နှင့် ရင်ကွဲတောင် အကြားတွင်လည်းကောင်း

(၈) နံနက် ၀၇:၅၈ နာရီ မှ ၀၉:၅၀ အချိန်အထိ လားရှိုးမြို့မှ (၁၆) မိုင်အကွာအဝေးတွင်လည်းကောင်း

(၉) နံနက် ၁၀:၀၀ နာရီအချိန်တွင် လားရှိုးမြို့မှ (၁၃) မိုင်အကွာအဝေးတွင်လည်းကောင်း

(၁၀) နံနက် ၁၀:၄၅ နာရီ မှ ၁၅:၄၂ အချိန်အထိ နမ့်ဖတ်ကာ နှင့် ရင်ကွဲတောင် အကြားတွင်လည်းကောင်း

တိုက်ပွဲ များနေရာ(၁၀) ခု၌အသီးသီးဖြစ်ပွားခဲ့သည်။

တပြိုင်နက်တည်းတွင် ရန်သူ၏ ထိုးစစ်ကိုဟန့်တားနိုင်ရန်နှင့် စစ်ကူများအလွယ်တကူမရောက်ရှိနိုင်ရန်အတွက် နမ့်စလပ်ရွာအနီးရှိတံတား နှင့် နာဒီရွာနှင့် ဟိုလီရွာအကြားရှိတံတားကို အလွယ်တကူသွားလာ၍မရနိုင်အောင်ပြုလုပ်ထားခဲ့သည်။ နာဒီရွာနှင့် ဟိုလီရွာအကြားရှိတံတားသည် လားရှိုးမြို့မှ(၄၁) မိုင်အကွာအဝေးတွင်တည်ရှိသည်။

မိမိတို့ဖက်မှလည်း (၂) ဦးကျဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။ သြဂုတ်လ(၁၇) ရက်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဖက်မှ ဒု-ရင်းမှူး(၁) ယောက်အပါအဝင်(၁၂) ယောက်သေဆုံးခဲ့ပြီး (၃၀) ဦးခန့်ဒဏ်ရာရရှိသွားကြောင်းသိရှိရသည်။

ရန်သူသည် နမ့်ဖတ်ကာ နှင့် ရင်ကွဲတောင် ပတ်ဝန်းကျင်ရှိတိုက်ပွဲဖြစ်ပွားရာနေရာများသို့ ရဟတ်ယာဉ်များဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သြဂုတ်(၁၇) ရက်နေ့တွင် ရခိုင်ဒေသ၌တိုက်ပွဲများကြီးကြီးမားမားမရှိသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တချို့တိုက်ပွဲဖြစ်ပွားနေခဲ့သောနေရာပတ်ဝန်းကျင်များသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေမှုများရှိနေခဲ့သည်။

ညီ​နောင်​မဟာမိတ်​ (၃) ဖွဲ့ MNTJP/MNDAA, PSLF/TNLA, ULA/AA


234 views
bottom of page