top of page

၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၀) ရက်၊စနေနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

သြဂုတ်လ(၁၀) ရက်၊ ရသေ့တောင်မြို့နယ်အတွင်း(၂) နေရာ၊မင်းပြားမြိုနယ်အတွင်း(၁) နေရာ၊ ပလက်ဝမြို့နယ်အတွင်း(၁) နေရာ၊ စသည့်နေရာ(၄) ခု၌တိုက်ပွဲများအသီးသီးဖြစ်ပွားကာ သြဂုတ်(၁၀) ရက်တစ်နေ့တည်း၌ပင်ရန်သူ(၅၅) ဦးထက်မနည်းသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့အပြင်ရန်သူ့ဖက်မှဒဏ်ရာရသူအချို့လည်းထပ်မံရှိနိုင်သည်။

(၁)ရသေ့တောင်မြို့နယ်၊ "အနောက်ပြင်ရွာ" နှင့်" ရွှေလောင်းတင်ရွာ" အကြား၌ ညနေ(၄) နာရီ(၁၁) မိနစ်တွင်ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ အချိန်တိုတိုအတွင်းရန်သူ(၁၅) ဦးထက်မနည်းသောအရေအတွက်ကိုသုတ်သင်နိုင်ခဲ့သည်။

(၂) သြဂုတ်လ(၁၀) ရက်၊ ညနေ(၄) နာရီ(၃၃) မိနစ်အချိန်တွင်လည်း ရသေ့တောင်မြို့နယ်၏အခြားတစ်နေရာဖြစ်သော" အမျက်တောင်ရွာ" နှင့် "ရေစိုးချောင်းရွာ" အကြားတွင် ရခိုင်လူထုကို နှိပ်စက်၊ညှင်းပန်း၊ဖမ်းဆီး၊သတ်ဖြတ်နေသော အင်အား(၅၀) ခန့်ပါ မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော်မှ ထပ်မံတိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်မှုအတွင်း ရန်သူ(၇) ဦးအား(မျက်မြင်) သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

(၃)၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁၀) ရက်၊ ညနေ(၆) နာရီ(၅၅) မိနစ်တွင်လည်း ရခိုင်ဒေသအတွင်း လှည့်လည်ကာ သောင်းကျန်းနေသော ဗမာလူမျိုးရေးအစွန်းရောက်နယ်ချဲ့တပ်( မြန်မာ့တပ်မတော်) ၏ အင်အား(၉၀) ခန့်ပါစစ်ကြောင်းသည် မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့် မင်းပြားမြို့နယ်၊ တပ်ရာ(မြင်းတင်းမရွာ) အနီး၌မလွဲသာမရှောင်သာတိုက်ခိုက်ခဲ့ရသည်။ ရခိုင်စစ်မြေပြင်၌ စိတ်ဓာတ်ရေးရာကျဆုံးနေသော မြန်မာစစ်တပ်သည် ယခုတိုက်ပွဲအတွင်း၌လည်း အကျအဆုံးများပြားခဲ့သည်။ မိမိတို့ တပ်ဖွဲ့ဝင်များသတင်းပေးပို့ချက်အရ ရန်သူ့ဖက်မှနည်းဆုံး(၃၀) ခန့်သေဆုံးနိုင်ပြီး ဒဏ်ရာအမြောက်အမြားလည်းရရှိနိုင်ကြောင်းသိရှိရသည်။

(၄) သြဂုတ်လ(၁၀) ရက်၊ ညနေ(၄) နာရီ (၅၅) မိနစ်အချိန်တွင်လည်းပလက်ဝမြို့နယ်၊"ပွီးချောင်းဝရွာ" အနောက်တောင်ဖက်(၂.၄) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည်မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိနစ်အနည်းငယ်ခန့်ထိတွေ့မှုအတွင်း ရန်သူ့ဖက်မှ(၃) ဦးသေဆုံးခဲ့ပြီး တပ်ဆုတ်သွားခဲ့သည်။ ထို့နောက်တိုက်ပွဲများကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိဘဲရန်သူသည်အဝေးမှ လက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်



Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

תגובות


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page