top of page

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၁) ရက္မွ (၁၆) ရက္ေန႔အထိ ရခိုင္ျပည္တိုက္ပြဲသတင္းမ်ား






၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၁) ရက္ေန႔တြင္ မင္ျပားၿမိဳ႕နယ္၊ ေက်ာ္က႐ြာအေရွ႕ေျမာက္ဘက္ (၂.၉)ကီလိုမီတာအကြာ ေတာင္ေၾကာ၌ေန႔လည္(၂) နာရီ(၄၀) မိနစ္တြင္တိုက္ပြဲျဖစ္ပြားခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၂) ရက္ေန႔တြင္ ေျမာက္ဦး၊ရေသ့ေတာင္ ႏွင့္ မင္းျပားၿမိဳ႕နယ္မ်ား၏ မတူညီေသာေနရာ(၇) ခု၌တိုက္ပြဲမ်ားဆက္လက္ရွိေနခဲ့သည္။

(၁)ေျမာက္ဦးၿမိဳ႕နယ္၊ လကၠာေက်းရြာအနီးတြင္ နံနက္(၇) နာရီ (၅၀) မိနစ္တြင္လည္းေကာင္း၊

(၂) ေျမာက္ဦးၿမိဳ႕နယ္၊ ဘူး႐ြက္မညိဳးေက်းရြာႏွင့္လကၠာေက်းရြာၾကားကားလမ္းမအနီးတြင္ နံနက္(၈) နာရီ(၁၂) မိနစ္တြင္လည္းေကာင္းျမန္မာစစ္တပ္အား ရကၡိဳင့္တပ္ေတာ္မွ ျဖတ္ေတာက္တိုက္ခိုက္ခဲ့သည္။

(၃)ထို႔အတူ ေန႔လည္(၂) နာရီ(၂၀) မိနစ္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ ထမၼရာဇ္ရြာအနီး၊ ဆင္ျဖဴေတာင္တြင္ ျမန္မာစစ္တပ္ဖက္မွ မိမိတို႔ရွိရာေနရာသို႔ဝင္ေရာက္လာေသာေၾကာင့္ အခိ်န္(၂၅) မိနစ္ခန္႔တိုက္ပြဲျဖစ္ပြားခဲ့သည္။

(၄) ထို႔အျပင္ ေျမာက္ဦးၿမိဳ႕နယ္၊ ေပါက္ေတာျပင္႐ြာအေရွ႕ေတာင္ဘက္ (၁.၃)ကီလိုမီတာအကြာ သင္းဂိ်ဳင္းေတာ္ေတာင္တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ ျမန္မာစစ္တပ္သည္ ေပါက္ေတာျပင္ရြာမွ အမိဳ်းသမီး(၁၀) ဦး၊ အမိ်ဳးသား(၂) ဦးကိုလူသားဒိုင္းကာအျဖစ္ျပဳလုပ္ၿပီး မိမိတို႔ရွိရာေနရာသို႔တိုက္ခိုက္လာေသာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ မိမိတို႔အေနျဖင့္ အရပ္သားမ်ားကိုထိခိုက္မည္ကိုစိုးရိမ္ေသာေၾကာင့္ မလြဲမေရွာင္သာမတတ္ႏိုင္ဆံုးခုခံကာကြယ္တိုက္ခိုက္ခဲ့ရျခင္းျဖစ္သည္။

(၅)နံနက္(၁၁) နာရီ(၂၃) မိနစ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၊ သမီးလွ႐ြာေဟာင္းႏွင့္အာကာေတာင္႐ြာႏွစ္႐ြာၾကားတြင္လည္းေကာင္း

(၆)ေန႔လည္(၂) နာရီ(၅၀) မိနစ္တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မုန္႔သန္းျပင္႐ြာ အေရွ႕ဘက္ (၁.၇)ကီလိုမီတာအကြာအေဝးတြင္လည္းေကာင္း

(၇)ညေန(၄) နာရီ(၅၀) မိနစ္တြင္ ေျမာက္ဦးၿမိဳ႕နယ္၊ ေက်ာင္းေတာင္႐ြာအေရွ႕ေျမာက္ဘက္ (၄)ကီလိုမီတာအကြာအေဝးမင္းျပားၿမိဳ႕နယ္ထဲတြင္လည္းေကာင္း တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၃) ရက္၊ ညေန(၅)နာရီ (၅၀) မိနစ္တြင္ပလက္ဝၿမိဳ႕နယ္၊ ခန္ခေတာင္အေနာက္ေျမာက္ဖက္ (၁.၈) ကီလိုမီတာအကြာအေဝးရွိေတာင္တန္းေပၚတြင္ ရကၡိဳင့္တပ္ေတာ္အား ထိုးစစ္ဆင္တိုက္ခိုက္ရန္ႀကိဳးစားလာေသာ ျမန္မာစစ္တပ္၏ တပ္မ(၇၇) လက္ေအာက္ခံ၊ ေထာက္ၾကန္႔ အေျခစိုက္၊ခမရ(၁၀၆) ႏွင့္ ရကၡိဳင့္တပ္ေတာ္၊ လႈပ္ရွားစစ္ေၾကာင္းတို႔တိုက္ပြဲျဖစ္ပြားခဲ့သည္။

တစ္နာရီေက်ာ္ၾကာအျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈအတြင္း ျမန္မာစစ္တပ္ဖက္မွ (ေသဆံုး+ဒဏ္ရာရသူစုစုေပါင္း) ၁၂ ဦးေက်ာ္ရွိခဲ့သည္။ ခမရ(၁၀၆) ထံမွ (၆၀ မမ) ၊ RPG-7၊ MA-1 အပါအဝင္ စစ္အသံုးအေဆာင္ပစၥည္းအခိ်ဳ႕ကိုသိမ္းဆည္းရမိခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၄) ရက္ေန႔တြင္ မိမိတို႔အဖို႔ ထိေတြ႕တိုက္ပြဲမ်ားမရွိခဲ့ပါ။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၅) ရက္၊ နံနက္(၉) နာရီ(၁၅) မိနစ္မွ စတင္ၿပီး မင္းျပားၿမိဳ႕နယ္၊ "ေက်ာ္ကရြာ"အနီးပတ္ဝန္းက်င္၌တိုက္ပြြဲျဖစ္ပြားခဲ့သည္။ ျမန္မာစစ္တပ္သည္ ေက်ာ္ကရြာ၊ အေရွ႕ေျမာက္၊ အေနာက္ေျမာက္ဖက္ရွိေတာင္တန္းေပၚတြင္ မိမိတို႔အားထိုးစစ္ဆင္တိုက္ခိုက္ေနခဲ့သည္မွာ ကာလအတန္ၾကာခဲ့ၿပီျဖစ္သည္။ထို႔အတူ ယေန႔တြင္လည္း မိမိတို႔အားထပ္မံထိုးစစ္ဆင္တိုက္ခိုက္လာေသာ ျမန္မာစစ္တပ္ႏွင့္ သံုးနာရီေက်ာ္ၾကာတိုက္ပြဲထပ္မံျပင္းထန္ခဲ့သည္။

တိုက္ပြဲအတြင္း ျမန္မာစစ္တပ္ဖက္မွ ထိခိုက္က်ဆံုးမႈမ်ားရွိခဲ့ၿပီး မိမိတို႔ဖက္မွလည္း အလတ္စားဒဏ္ရာရသူအခိ်ဳ႕ရွိခဲ့သည္။ အထိအခိုက္အက်အဆံုးအနည္းဆံုးျဖင့္ ျမန္မာစစ္တပ္၏ထိုးစစ္ကိုအေကာင္းဆံုးခုခံတိုက္ခိုက္ႏိုင္ခဲ့သည္။ ယခုတိုက္ပြဲအတြင္း၌လည္းရန္သူ႔လက္နက္ခဲယမ္းအခိ်ဳ႕ကို မိမိတို႔အေနျဖင့္ထပ္မံသိမ္းဆည္းရမိခဲ့သည္။

ျမန္မာစစ္တပ္သည္ ဘူးသီးေတာင္ၿမိဳ႕နယ္ အတြင္းမိမိတို႔ႏွင့္တိုက္ပြဲျဖစ္ပြားျခင္းမရွိေသာေန႔ရက္မ်ားတြင္ လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ ရခိုင္ေက်းရြာမ်ားအတြင္းေန႔ညအခိ်န္မေရြးရမ္းသန္းပစ္ခတ္တိုက္ျခင္းကိုျပဳလုပ္ရံုသာမက ယခုေနာက္ပိုင္းတြင္ဘဂၤလီမူဆလင္ေက်းရြာမ်ားအတြင္းသို႔ပါ လက္နက္ႀကီး၊လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္းမ်ားကိုပါျပဳလုပ္လာသည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၅) ရက္၊ေန႔တြင္လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊"ေရႊလႈိင္" ေက်းရြာအတြင္း တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ျမန္မာစစ္တပ္ဖက္မွ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး၊ တစ္ဦးထိခုိက္ဒဏ္ရာရခဲ့သည္။ ဤသည္မွာ ျမန္မာစစ္တပ္အေနျဖင့္ လူမိ်ဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ စစ္ရာဇဝတ္မႈကိုေျပာင္ေျပာင္တင္းတင္းက်ဴးလြန္ျခင္းပင္ျဖစ္သည္။

ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဥယ်ာဥ္သာရြာ ႏွင့္ ႏြားရံုေတာင္ရြာအၾကားတြင္ ဤကဲ့သို႔ လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနသည့္ ျမန္မာစစ္တပ္အား ရကၡိဳင့္တပ္ေတာ္မွ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ေသာေၾကာင့္၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၅) ရက္၊ နံနက္(၁၀) နာရီ(၂၅) မိနစ္မွစတင္ၿပီး မိနစ္အနည္းငယ္ခန္႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့သည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၆) ရက္၊ နံနက္(၈) နာရီ(၄၅) မိနစ္ အခိ်န္တြင္ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ေအာင္မေက်ာ္ရြာေျမာက္ဖက္(၂) ကီလိုမီတာအကြာအေဝးခန္႔တြင္တိုက္ပြဲျဖစ္ပြားခဲ့သည္။

ႀကိဳၾကားႀကိဳၾကားႏွစ္ဖက္အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမွာ ေန႔လည္(၁၂) နာရီအထိရွိေနေသးသည္။ ျမန္မာစစ္တပ္သည္ အမတ(၃၇၇) အေျမာက္တပ္ရင္း ႏွင့္ ကန္ေဇာက္ ခမရ(၅၃၉) တပ္ရင္း မွ လက္နက္ႀကီးပစ္ကူမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ေနခဲ့သည္။

ရကၡိဳင္အမိဳ်းသားအဖြဲ႕ခ်ဳပ္အေနျဖင့္ ရခိုင္ေဒသအတြင္း ျမန္မာစစ္တပ္၏စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့ၿပီးေသာမွတ္တမ္းမ်ားကို ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံေပးပို႔သြားမည္ျဖစ္သည္။ ရခိုင္လူမိ်ဳးမ်ား၊ မိ်ဳးႏြယ္စုမ်ားအေနျဖင့္ ျမန္မာစစ္တပ္၏ ရခိုင္ေဒသအတြင္း က်ဴးလြန္ေနေသာ စစ္ရာဇဝတ္မႈ၊ လူသားမိ်ဳးႏြယ္အေပၚျပစ္မႈက်ဴးလြန္မႈမ်ားကို အသက္၊ ခႏၶာ၊ ဘဝရင္းခဲ့ရေသာ ကာယကံရွင္မ်ားမွ မေၾကာက္မရြံ ဆက္လက္ေဖာ္ထုတ္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ မိမိတို႔ထံထပ္မံေပးပို႔ေပးၾကပါရန္ အသိေပးအပ္ပါသည္။

ထို႔အတူ တာဝန္သိ ရခိုင္မိ်ဳးခ်စ္ညီအစ္ကိုမ်ားအေနျဖင့္ ျမန္မာစစ္တပ္က်ဴးလြန္ေနေသာစစ္ရာဇဝတ္မႈႏွင့္လူ႔အခြင့္အေရးခိ်ဳးေဖါက္မႈမွတ္တမ္းမ်ားကို ႐ုပ္သံ မွတ္တမ္း႐ိုက္ကူးတင္ေပးၾကရန္ ထပ္မံတိုက္တြန္းလိုက္ပါသည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ(၁၁) ရက္မွ (၁၆) ရက္ေန႔အထိ ျမန္မာစစ္တပ္ဖက္မွ တပ္ရင္းမႉးဟုယူဆရသူႏွင့္၊ အရာရွိမ်ားအပါအဝင္ေသဆံုးသူ ( ၄၁) ဦးအထိရွိခဲ့သည္။ (မိမိတို႔မွတ္တမ္းမ်ားအရ)

ရကၡိဳင့္တပ္ေတာ္ဖက္မွလည္း ေသဆံုး၊ဒဏ္ရာရသူမ်ားရွိခဲ့သည္။ ရကၡိဳင္တိုင္းျပည္ႏွင့္လူမိ်ဳးအတြက္အသက္ေပးဆပ္စြန္႔လႊတ္ခဲ့သူမ်ားကို ဦးၫႊတ္ဂုဏ္ျပဳအပ္ပါသည္။

ရကၡိဳင္အမိ်ဳးသားလႈပ္ရွားမႈ အတြက္ အမိ်ဳးသားရံပံုေငြကိုတစိုက္မတ္မတ္ အမိ်ဳးသားရီးအသိနဲ႔ ထည့္ဝင္ေပးၾကေသာညီအစ္ကိုေမာင္ႏွမမ်ားကို မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။

သတင္းႏွင့္ျပန္ၾကားေရး ရကၡိဳင့္တပ္ေတာ္






Unicode


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့တွင် မင်ပြားမြို့နယ်၊ ကျော်ကရွာအရှေ့မြောက်ဘက် (၂.၉)ကီလိုမီတာအကွာ တောင်ကြော၌နေ့လည်(၂) နာရီ(၄၀) မိနစ်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၂) ရက်နေ့တွင် မြောက်ဦး၊ရသေ့တောင် နှင့် မင်းပြားမြို့နယ်များ၏ မတူညီသောနေရာ(၇) ခု၌တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။


(၁)မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးတွင် နံနက်(၇) နာရီ (၅၀) မိနစ်တွင်လည်းကောင်း၊


(၂) မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုးကျေးရွာနှင့်လက္ကာကျေးရွာကြားကားလမ်းမအနီးတွင် နံနက်(၈) နာရီ(၁၂) မိနစ်တွင်လည်းကောင်းမြန်မာစစ်တပ်အား ရက္ခိုင့်တပ်တော်မှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။


(၃)ထို့အတူ နေ့လည်(၂) နာရီ(၂၀) မိနစ်တွင် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရွာအနီး၊ ဆင်ဖြူတောင်တွင် မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် အချိန်(၂၅) မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။


(၄) ထို့အပြင် မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာအရှေ့တောင်ဘက် (၁.၃)ကီလိုမီတာအကွာ သင်းဂျိုင်းတော်တောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် ပေါက်တောပြင်ရွာမှ အမိုျးသမီး(၁၀) ဦး၊ အမျိုးသား(၂) ဦးကိုလူသားဒိုင်းကာအဖြစ်ပြုလုပ်ပြီး မိမိတို့ရှိရာနေရာသို့တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့အနေဖြင့် အရပ်သားများကိုထိခိုက်မည်ကိုစိုးရိမ်သောကြောင့် မလွဲမရှောင်သာမတတ်နိုင်ဆုံးခုခံကာကွယ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။


(၅)နံနက်(၁၁) နာရီ(၂၃) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ သမီးလှရွာဟောင်းနှင့်အာကာတောင်ရွာနှစ်ရွာကြားတွင်လည်းကောင်း


(၆)နေ့လည်(၂) နာရီ(၅၀) မိနစ်တွင် ကျောက်တော်မြို့နယ်၊ မုန့်သန်းပြင်ရွာ အရှေ့ဘက် (၁.၇)ကီလိုမီတာအကွာအဝေးတွင်လည်းကောင်း


(၇)ညနေ(၄) နာရီ(၅၀) မိနစ်တွင် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာအရှေ့မြောက်ဘက် (၄)ကီလိုမီတာအကွာအဝေးမင်းပြားမြို့နယ်ထဲတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၃) ရက်၊ ညနေ(၅)နာရီ (၅၀) မိနစ်တွင်ပလက်ဝမြို့နယ်၊ ခန်ခတောင်အနောက်မြောက်ဖက် (၁.၈) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားလာသော မြန်မာစစ်တပ်၏ တပ်မ(၇၇) လက်အောက်ခံ၊ ထောက်ကြန့် အခြေစိုက်၊ခမရ(၁၀၆) နှင့် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့သည်။


တစ်နာရီကျော်ကြာအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်ဖက်မှ (သေဆုံး+ဒဏ်ရာရသူစုစုပေါင်း) ၁၂ ဦးကျော်ရှိခဲ့သည်။ ခမရ(၁၀၆) ထံမှ (၆၀ မမ) ၊ RPG-7၊ MA-1 အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုသိမ်းဆည်းရမိခဲ့သည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၄) ရက်နေ့တွင် မိမိတို့အဖို့ ထိတွေ့တိုက်ပွဲများမရှိခဲ့ပါ။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်၊ နံနက်(၉) နာရီ(၁၅) မိနစ်မှ စတင်ပြီး မင်းပြားမြို့နယ်၊ "ကျော်ကရွာ"အနီးပတ်ဝန်းကျင်၌တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် ကျော်ကရွာ၊ အရှေ့မြောက်၊ အနောက်မြောက်ဖက်ရှိတောင်တန်းပေါ်တွင် မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်။ထို့အတူ ယနေ့တွင်လည်း မိမိတို့အားထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာသော မြန်မာစစ်တပ်နှင့် သုံးနာရီကျော်ကြာတိုက်ပွဲထပ်မံပြင်းထန်ခဲ့သည်။


တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး မိမိတို့ဖက်မှလည်း အလတ်စားဒဏ်ရာရသူအချို့ရှိခဲ့သည်။ အထိအခိုက်အကျအဆုံးအနည်းဆုံးဖြင့် မြန်မာစစ်တပ်၏ထိုးစစ်ကိုအကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ယခုတိုက်ပွဲအတွင်း၌လည်းရန်သူ့လက်နက်ခဲယမ်းအချို့ကို မိမိတို့အနေဖြင့်ထပ်မံသိမ်းဆည်းရမိခဲ့သည်။


မြန်မာစစ်တပ်သည် ဘူးသီးတောင်မြို့နယ် အတွင်းမိမိတို့နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေ့ရက်များတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရခိုင်ကျေးရွာများအတွင်းနေ့ညအချိန်မရွေးရမ်းသန်းပစ်ခတ်တိုက်ခြင်းကိုပြုလုပ်ရုံသာမက ယခုနောက်ပိုင်းတွင်ဘင်္ဂလီမူဆလင်ကျေးရွာများအတွင်းသို့ပါ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုပါပြုလုပ်လာသည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်၊နေ့တွင်လည်း ကျောက်တော်မြို့နယ်၊"ရွှေလှိုင်" ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး၊ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ဤသည်မှာ မြန်မာစစ်တပ်အနေဖြင့် လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်ခြင်းပင်ဖြစ်သည်။


ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာ နှင့် နွားရုံတောင်ရွာအကြားတွင် ဤကဲ့သို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်နေသည့် မြန်မာစစ်တပ်အား ရက္ခိုင့်တပ်တော်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၅) ရက်၊ နံနက်(၁၀) နာရီ(၂၅) မိနစ်မှစတင်ပြီး မိနစ်အနည်းငယ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၆) ရက်၊ နံနက်(၈) နာရီ(၄၅) မိနစ် အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မကျော်ရွာမြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးခန့်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။


ကြိုကြားကြိုကြားနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နေ့လည်(၁၂) နာရီအထိရှိနေသေးသည်။ မြန်မာစစ်တပ်သည် အမတ(၃၇၇) အမြောက်တပ်ရင်း နှင့် ကန်ဇောက် ခမရ(၅၃၉) တပ်ရင်း မှ လက်နက်ကြီးပစ်ကူများဖြင့်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


ရက္ခိုင်အမိုျးသားအဖွဲ့ချုပ်အနေဖြင့် ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်၏စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ပြီးသောမှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်သည်။ ရခိုင်လူမျိုးများ၊ မျိုးနွယ်စုများအနေဖြင့် မြန်မာစစ်တပ်၏ ရခိုင်ဒေသအတွင်း ကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုများကို အသက်၊ ခန္ဓာ၊ ဘဝရင်းခဲ့ရသော ကာယကံရှင်များမှ မကြောက်မရွံ ဆက်လက်ဖော်ထုတ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိမိတို့ထံထပ်မံပေးပို့ပေးကြပါရန် အသိပေးအပ်ပါသည်။


ထို့အတူ တာဝန်သိ ရခိုင်မျိုးချစ်ညီအစ်ကိုများအနေဖြင့် မြန်မာစစ်တပ်ကျူးလွန်နေသောစစ်ရာဇဝတ်မှုနှင့်လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများကို ရုပ်သံ မှတ်တမ်းရိုက်ကူးတင်ပေးကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။


၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်မှ (၁၆) ရက်နေ့အထိ မြန်မာစစ်တပ်ဖက်မှ တပ်ရင်းမှူးဟုယူဆရသူနှင့်၊ အရာရှိများအပါအဝင်သေဆုံးသူ ( ၄၁) ဦးအထိရှိခဲ့သည်။ (မိမိတို့မှတ်တမ်းများအရ)


ရက္ခိုင့်တပ်တော်ဖက်မှလည်း သေဆုံး၊ဒဏ်ရာရသူများရှိခဲ့သည်။ ရက္ခိုင်တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့သူများကို ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။


ရက္ခိုင်အမျိုးသားလှုပ်ရှားမှု အတွက် အမျိုးသားရံပုံငွေကိုတစိုက်မတ်မတ် အမျိုးသားရီးအသိနဲ့ ထည့်ဝင်ပေးကြသောညီအစ်ကိုမောင်နှမများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


402 views
bottom of page