၂၀၁၉ ခုနှစ်၊ မေလ(၅) ရက်နေ့ တိုက်ပွဲသတင်း

မေလ(၅) ရက်နေ့၊ နံနက်(၁၁) နာရီ (၅၀) မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊"ပြိုင်းတောရွာ" အနောက်ဖက် တောင်ကြောတွင်လည်း မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်လာသော ရန်သူ့စစ်ကြောင်းကိုလည်း ရက္ခိုင့်တပ်တော်-ကွန်မန်ဒိုစစ်ကြောင်းမှအကောင်းဆုံးဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့သည်။


ယခုတိုက်ပွဲတွင်လည်း ရန်သူ့ဖက်မှ မျက်မြင်(၄) ဦးသေ+(၅) ဦးဒဏ်ရာရခဲ့ပြီးတပ်လန်ပြီးရှေ့ဆက်မတိုးနိုင် ဖြစ်ခဲ့သည်။ရန်သူသည်တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှသာမက,ကျောက်တော်ကန်ဇောက်မှလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။


မိမိတို့ကွန်မန်ဒိုစစ်ကြောင်းမှတိုက်ပွဲဖြစ်ပွားနေသည့်နေရာပတ်ဝန်းကျင်ရှိရန်သူ့လက်နက်ကြီးပစ်ကူပေးနေသောနေရာအား ညနေ(၃) နာရီ(၃၀) မိနစ်တွင် အနီးကပ်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူ့ဖက်မှ ထပ်မံ၍( ထိခိုက်+ကျဆုံး) ဆယ်ဦးအထိရှိခဲ့သည်။


ရက္ခိုင့်တပ်တော်

သတင်းနှင့်ပြန်ကြားရေး



  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army