top of page

၂၀၁၉ ခုနှစ်၊ မေလ(၄) ရက်နေ့ တိုက်ပွဲသတင်း

မေလ(၄)ရက်နေ့တွင်၊ည(၇) နာရီ(၃၀) မိနစ်ခန့်အချိန်တွင်,ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်း(ရဇိုးချောင်း) ရွာအရှေ့တောင်ဖက်တောင်တန်းပေါ်တွင်ရေစိုးချောင်းဗျူဟာမှဆင်းလာသောအင်အား(၁၀၀)ခန့်ရန်သူ့စစ်ကြောင်းနှင့်လည်းကောင်း၊ကျောက်တန်းရွာဖက်မှတက်လာသောအင်အား(၁၀၀)ခန့်ရန်သူ့စစ်ကြောင်းနှင့်လည်ကောင်းအသီးသီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ညအချိန်ဖြစ်သောကြောင့်အထိအခိုက်အကျအဆုံးများကိုမသိခဲ့ရပါ။


မေလ(၄) ရက်နေ့၊ နံနက်(၅) နာရီခန့် နှင့် (၆) နာရီခန့်အချိန်တွင် ရန်သူသည် ပလက်ဝမြို့နယ်၊ ပွီးချောင်းဝရွာ၊အနောက်တောင်ဖက်ရှိမိမိတို့လှုပ်ရှားစစ်ကြောင်းရှိရာသို့ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ထိတွေ့မှုဖြစ်ပွားခဲ့သော်လည်း ရန်သူ့ဖက်မှ နောက်ထပ်တိုက်ခိုက်မှုမရှိခဲ့သောကြောင့် ၎င်းနေရာ၌ တိုက်ပွဲများထပ်မံမဖြစ်ပွားခဲ့ပါ။


ဗမာစစ်တပ်သည် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုကို လွန်ခဲ့သောလေးလကျော်ကာလ (ရက်ပေါင်း၁၃၀) အတိုင်း နောက်ထပ်နှစ်လ (၆၁ ရက်) သက်တမ်းတိုးသည်ဟုကြေညာပြီးနောက် တပ်မ(၁၁) နှင့် (၄၄) တို့အား ရခိုင်ဒေသသို့ အင်အားဖြည့်ကာထိုးစစ်အဟုန်ကိုဆက်လက်မြှင့်တင်နေခဲ့သည်။ ထို့ကြောင့် လူအင်အား၊ လက်နင်အင်အားများကို ကုန်းလမ်း၊ရေလမ်းများမှ တောက်လျှောက်ဖြည့်တင်းနေခဲ့သည်။


မေလ(၄) ရက်နေ့၊ နံနက်(၈) နာရီ (၄၇) မိနစ်တွင် စစ်ကား(၇၁) စီးပါသောရန်သူ့ယာဉ်တန်းအား မြောက်ဦးမြို့၊ အောက်သားကန်ရွာအနောက်ဖက်ကားလမ်းပေါ်တွင် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ခန့်မှန်းအင်အား(၂၅) ဦးခန့်ပါသော စစ်ကားတစ်စီးအား ရှေ့ဆက်သွား၍မရနိုင်အောင်ပြုလုပ်နိုင်ခဲ့သည်။ ရန်သူ့ထိခိုက်သေဆုံးမှုအသေးစိပ်မသိခဲ့ရပါ။


မေလ(၄)ရက်နေ့၊ညနေ(၄)ခန့်တွင်ကျောက်တော်မြို့နယ်၊သစ်တပုံရွာအရှေ့မြောက်ဖက်တောင်တန်းပေါ်

တွင်မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်ရန်တက်လာသောအင်အား(၁၀၀)ခန့်ပါ,ရန်သူ့စစ်ကြောင်းအားရက္ခိုင့်တပ်တော်ကွန်မန်ဒိုစစ်ကြောင်းမှကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။မျက်မြင်ရန်သူ(၈)ဦးသေဆုံးခဲ့သကဲ့သို့ ဒါဏ်ရာရသူအများအပြားဖြင့်အထိနာဆုတ်ခွာသွားခဲ့သည်။


ရက္ခိုင့်တပ်တော်

သတင်းနှင့်ပြန်ကြားရေး



265 views
bottom of page