top of page

၂၀၁၉ ခုနှစ်၊ မေလ(၂) ရက်နေ့ တိုက်ပွဲသတင်း

မေလ(၂) ရက်နေ့၊ ညဥ့်သန်းခေါင် (၂) နာရီ(၂၀) မိနစ်ခန့်တွင် ဗမာစစ်တပ်၏ တပ်မ(၂၂) အပါအဝင် ဒေသခံအခြေစိုက် ခမရ(၅၃၇) ၊ ခမရ(၅၃၈) နှင့် ရသေ့တောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စုပေါင်းတပ်သည်ရသေ့တောင်မြို့နယ်၊ကျောက်တန်းရွာအတွင်းတိုက်ပွဲအတုဖန်တီးကာစာသင်ကျောင်းအတွင်းဖမ်းဆီးထိန်းသိမ်းထားသော ရွာသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားပြည်သူလူထုနှစ်ရာကျော်ထဲမှ အနည်းဆုံး (၇) ဦးမှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ (၁၀) ဦးခန့် အထိရှိခဲ့သည်။


မိမိတို့ ရခိုင်ပြည်သူလူထုအား အကာအကွယ်မပေးသည့်အပြင် လူမျိုးရေးအမုန်းတရား၊ စစ်မြေပြင်တွင်ရှုံးနိမ့်နေမှုများကြောင့်ထင်ရာစိုင်းကာ ရခိုင်ပြည်သူလူထုများအား ရက်ရက်စက်စက် သတ်ဖြတ်နေသော ကာယကံရှင် ရန်သူများ(ပါဝင်ပတ်သက်သတ်ဖြတ်ခဲ့သူများ)ကို ရက္ခိုင့်တပ်တော်မှလက်စားချေတုံ့ပြန်သွားမည်ဖြစ်သည်။ ဗမာစစ်တပ်၏ဤကဲ့သို့သောလုပ်ရပ်များမှာ တိုင်းရင်းသားလူမျိုးဒေသအသီးသီးတွင် ကျူးလွန်လေ့ရှိသော စစ်ရာဇဝတ်မှုတစ်ခုသာဖြစ်သည်။


မေလ (၂) ရက်နေ့၊ ပလက်ဝမြို့နယ်၊ ပွီးချောင်းဝရွာ၊ အနောက်တောင်ဖက်တောင်တန်းပေါ်တွင် နေ့လည်(၁) နာရီ(၂၅) မိနစ်တွင်လည်းကောင်း၊ မီးဝရွာအနောက်ဖက်တောင်တန်းပေါ်တွင် နေ့လည်(၁) နာရီ(၃၅) မိနစ်တွင်လည်းကောင်း ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ရန်သူသည် ထိတွေ့မှုဖြစ်ပြီးနောက်, ရှေ့ဆက်မတိုးလာခဲ့သောကြောင့် တိုက်ပွဲများဆက်လက်မဖြစ်ပွားခဲ့ပါ။


မေလ (၂) ရက်နေ့၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာ အရှေ့ဖက် ၂.၃ ကီလိုအကွာရှိ တောင်တန်းပေါ်တွင် နံနက် (၉) နာရီ (၄၅) မိနစ်တွင်လည်းကောင်း၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင်လည်းကောင်း ထိတွေ့မှုဖြစ်ပွားခဲ့သည်။


မေလ(၂) ရက်နေ့၊ နေ့လည်(၂) နာရီ(၄၅) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ မြိုချောင်းရွာ၊ အရှေ့ဖက် တောင်တန်းပေါ်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။ ရန်သူသည် မိမိတို့လှုပ်ရှားစစ်ကြောင်းရှိရာနေရာသို့ ဝင်ရောက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး တစ်နာရီနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ (ထိခိုက်+ကျဆုံး) ၃၀ ဦးခန့်အထိရှိခဲ့ပြီး အထိနာကာဆုတ်ခွာသွားခဲ့သည်။ မိမိတို့လှုပ်ရှားစစ်ကြောင်းမှလည်းထွက်ပြေးဆုတ်ခွာသွားသည့်ရန်သူများအားလိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့သည်။


ရက္ခိုင့်တပ်တော်

သတင်းနှင့်ပြန်ကြားရေး



Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page