top of page

၂၀၁၉ ခုနှစ်၊ မေလ (၂၉) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊မေလ(၂၉) ရက်နေ့၊ နံနက်(၆) နာရီ (၄၅) မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းရွာ၊အရှေ့မြောက်ဖက် တောင်တန်းပေါ်တွင် အင်အား(၂၀၀) ခန့်ရှိသော မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မိမိတို့လှုပ်ရှားစစ်ကြောင်းရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။(၄၅) မိနစ်ကြာတိုက်ပွဲအတွင်း ရန်သူအား ဖရိုဖရဲ နှင့်အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သည်နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်းရန်သူ့ဖက်မှ(၁၀) ဦးခန့်သေဆုံးပြီးဒဏ်ရာရသူအများအပြားရှိခဲ့သည်။မိမိတို့ဖက်မှလည်းအလတ်စားဒဏ်ရာရသူ(၂)ဦးရှိခဲ့သည်။

အင်အား(၂၀၀) ခန့်ရှိသော ရန်သူသည် တိုက်ပွဲဖြစ်ပြီးမကြာမီ စစ်ကြောင်းသုံးခုကွဲသွားခဲ့ပြီးနောက် ညနေ(၃) နာရီ(၁၅) မိနစ်တွင် ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား၊အရှေ့ဖက်(၆) ကီလိုမီတာအကွာအဝေးတွင် နံနက်ပိုင်း၌တိုက်ပွဲဖြစ်ပွားခဲ့သောမြန်မာ့တပ်မတော်၏စစ်ကြောင်းသုံးခုထဲမှတစ်ခုနှင့် မိမိတို့လှုပ်ရှားစစ်ကြောင်းနှင့် ထပ်မံထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲသည် ရန်းချောင်းအထဲတွင်ဖြစ်ပွားခဲ့ပြီး ရန်သူ(၃) ဦးကိုထပ်မံသုတ်သင်နိုင်ခဲ့သည်။

ထို့အပြင် မေလ(၂၉) ရက်၊ နေ့လည်(၁၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ကျောက်ပြင်ဆိပ် နှင့် ဇီးခေါင်းရွာအကြားတွင် အင်အား(၁၇၀) ခန့်ရှိသော မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော်တို့ ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ဆယ်မိနစ်ခန့်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှထိခိုက်ကျဆုံးမှုကိုမသိရခဲ့ပါ။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်





280 views

Comments


bottom of page