top of page

၂၀၁၉ ခုနှစ်၊ မေလ (၂၇၊၂၈) တိုက်ပွဲသတင်းများ

မေလ(၂၇) ရက်နေ့တွင် မြန်မာ့တပ်မတော်သည် မေလ(၂၆) ရက်၌တိုက်ပွဲဖြစ်ပွားခဲ့သော ပလက်ဝမြို့နယ်၊ “မောင်နှမရွာ”နှင့် “ငဒက်ရွာ”အကြားတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာပတ်ဝန်းကျင်များသို့လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ကျဆုံးခဲ့သောတပ်မ (၁၁) လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ အလောင်းများကို ကုန်းထက်၊ရေအောက်များမှကောက်ယူလျှက်ရှိခဲ့သည်။ မိမိတို့ စောင့်ကြည့်မှတ်သားမှုများအရ ကုလားတန်မြစ်အတွင်းမှ ရန်သူ့အလောင်း (၃၅) လောင်းဆယ်ယူခဲ့ကြောင်းသိရှိရသည်။

မေလ(၂၇)ရက်နေ့၌နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများကြီးကြီးမားမားဖြစ်ပွားခဲ့ခြင်းမရှိသော်လည်းလက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်နေမှုများမှာယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့ရာပတ်ဝန်းကျင်များ၌တစ်နေ့လုံးနီးပါးတောက်လျှောက်ရှိနေခဲ့သည်။


မေလ(၂၇)ရက်နေ့တွင်လည်းရခိုင်ဒေသစစ်တိုင်းမှူးအပြောင်းအလဲနှင့်အတူမြန်မာ့တပ်မတော်၏လေးလပတ် အစည်းအဝေးပြီးနောက်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကိုမြန်မာ့တပ်မတော်ဖက်မှရခိုင်ပြည်အတွင်း၌ဆက်တိုက်ပြု လုပ်နေခဲ့သည်။


မေလ(၂၈)ရက်နေ့တွင်မြန်မာ့တပ်မတော်သည် ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်မြို့နယ်များ၌ လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူသည်အောက်ဖော်ပြပါနေရာများမှပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


(က) ရသေ့တောင်မြို့နယ်၊ ခမရ (၅၃၆) (၅၃၇) နှင့် (၅၃၈) တပ်ရင်းများမှ (နံနက် (၉) နာရီ (၅၀) မိနစ်မှ ည(၆) နာရီ (၁၅) မိနစ်) အတွင်းတွင်လည်းကောင်း


(ခ) ခမရ(၅၃၉) ကန်ဇောက်တပ်ရင်းမှ(နံနက် (၁၁) နာရီမှ ည(၉) နာရီ(၃၀) မိနစ်) အတွင်းတွင်လည်းကောင်း၊

(ဂ) ပုဏ္ဏားကျွန်းမြို့နယ်၊ လောင်းဘုတ်ရွာ အရှေ့တောင်ဖက် နှင့် ထုံးဘူးရွာ မြောက်ဖက်များမှ( နံနက် (၁၁) နာရီမှ ည(၁၁) နာရီ)အတွင်းတွင်လည်းကောင်း ၊


နေရာ(၆) ခုမှနေ၍ လက်နက်ကြီးများဖြင့် နေရာအနှံ့သို့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ၁၂၂ မမ၊ ၁၀၅ မမ၊ ၆၀ မမ၊ ၈၁ မမ(သို့မဟုတ်) ၈၄ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုယူဆရသည်။


ထို့ကြောင့် တစ်ချို့လက်နက်ကြီးကျည်များမှာ ကျေးရွာများအနီးပတ်ဝန်းကျင်များ၌ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများရှိမရှိကိုမူလောလောဆယ်မသိရသေးပါ။


မေလ(၂၈) ရက်တစ်ရက်တည်း၌ မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့သည့်အကြိမ်အရေ အတွက်မှာ မိမိတို့မှတ်တမ်းများအရ (၃၀၀) ကျော်ရှိခဲ့သည်။


မေလ(၂၈) ရက်နေ့၊ညနေ(၈)နာရီခန့်တွင်(ရသေ့တောင်-ဘူးသီးတောင်အစပ်)ရသေ့တောင်မြို့နယ်၊သက်ပြေကျကျေးရွာနှင့်ဘူးသီးတောင်မြို့နယ်၊သိုင်းတဘုတ်ကျေးရွာကြားတွင်မိနစ်(၂၀) ခန့်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှအထိအခိုက်အကျအဆုံးကိုမသိရသေးပါ။



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



Recent Posts

See All
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော...

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page