၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

မေလ(၂၄)ရက်နေ့၊နံနက်(၁၀)နာရီ(၀၅)မိနစ်ခန့်အချိန်တွင်ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊"အောင်မကျော်ရွာ"အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗမာစစ်တပ်သည် မိမိတို့ ရက္ခိုင့်တပ်တော်အား ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် ရက္ခိုင့်တပ်တော်-ကွန်မန်ဒိုများမှ တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။


ယနေ့တိုက်ပွဲအတွင်းတွင်လည်းရန်သူသည်ထပ်မံအထိနာခဲ့သည်။ရန်သူအလောင်းများထပ်နေအောင်သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။


ရန်သူ့ဖက်မှမျက်မြင်ခန့်မှန်း(၂၀)ခန့်သေဆုံးနိုင်ပြီးဒဏ်ရာရသူလည်း(၁၀)ဦးကျော်အထိရှိနိုင်သည်။မိမိတို့ဖက်မှ ရဲဘော်တစ်ဦး  အလတ်စားဒဏ်ရာရရှိရုံမှလွဲ၍ယနေ့တိုက်ပွဲသည်လည်း ရန်သူအားအထိနာဆုံးလုပ်နိုင်ခဲ့သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။


ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော ရက္ခိုင့်တပ်တော်-ကွန်မန်ဒိုများအား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army