၂၀၁၉ ခုနှစ်၊ မေလ (၂၀)ရက်၊ တနင်္လာနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

မေလ(၂၀) ရက်၊ ညနေ(၅) နာရီ (၃၅) မိနစ်ခန့်အချိန်တွင် ပလက်ဝမြို့နယ်၊ "သဗြုချောင်းရွာ" အနောက်ဖက်(၇)ကီလိုမီတာခန့်အကွာအဝေးတွင်ဗမာစစ်တပ်၏အင်အား(၃၀၀)ကျော်ပါသောစစ်ကြောင်းအား ရက္ခိုင့်တပ်တော်-ကွန်မန်ဒိုများမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်သည့်နေရာသည် ကျောက်တော်မြို့နယ်၏" ရန်းချောင်း" အစနေရာလည်းဖြစ်သည်။


ပထမဆုံးအနေဖြင့်ရန်သူ(၃) ဦးအားအနီးကပ်သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့အပြင် နောက်ထပ်လည်း ရန်သူအချို့အားအချိန်တိုတိုအတွင်းအပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ယနေ့လျှပ်တပြက်တိုက်ခိုက်မှုအတွင်း ရန်သူ့အထိအခိုက်အကျအဆုံးကိုအတိအကျမသိရသော်လည်း ခန့်မှန်း(ထိခိုက်+ကျဆုံး) ၁၀ ဦးအထက်ရှိနိုင်သည်။



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army