၂၀၁၉ ခုနှစ်၊ မေလ (၁၉)ရက်၊ တနင်္ဂနွေနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်း

မေလ(၁၉) ရက်နေ့၊ နံနက်(၈) နာရီ (၂၆) မိနစ် တွင် ဗမာစစ်တပ်၏ အင်အား(၁၅၀) ခန့်ရှိသော စစ်ကြောင်းအား ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းရွာအနီး၌ရက္ခိုင့်တပ်တော်-ကွန်မန်ဒိုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယနေ့တိုက်ပွဲအတွင်း၌ လည်းရန်သူ(၅) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် နောက်ထပ်ရန်သူ (၁၀) ဦးကိုလည်းဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်။


ယနေ့တိုက်ပွဲသည် ယမန်နေ့၌ဖြစ်ပွားခဲ့သော မြို့မချောင်းအနီးတိုက်ပွဲနှင့် (၁)ကီလိုမီတာခန့်သာကွာဝေးသည်။ရန်သူသည်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်မှာ တစ်နာရီကျော်ကြာမြင်ခဲ့သည်။


ယခုရက်များအတွင်း,ရန်သူသည် လက်နက်အင်အား၊ လူအင်အားများကို ရခိုင်ပြည်အနှံ့ထပ်မံပို့ဆောင်နေသောကြောင့် မေလအတွင်း၌တိုက်ပွဲများနေ့တိုင်းနီးပါးဆက်တိုက်ဖြစ်ပွားနေရခြင်းလည်းဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army