၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်၊ တနလာင်္နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

မေလ(၁၃) ရက်နေ့၊    နံနက်(၆) နာရီ(၃၀) မိနစ်ခန့်အချိန်တွင်၊   ရခိုင်ပြည်၊ကျောက်တော်မြို့နယ်၊ "မျောက်တောင်ရွာ" အရှေ့ဖက်တောင်တန်းပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အင်အား(၂၀၀) ခန့်ရှိသောဗမာစစ်တပ်သည် မိမိတို့တပ်ဖွဲ့ဝင်များရှိရာနေရာအတွင်းသို့ ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ရန်သူသည်အင်အားအလုံးအရင်းဖြင့် နေရာသုံးခုမှထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့်  ယနေ့တိုက်ပွဲသည်လည်းပြင်းထန်ခဲ့သည်။


တစ်နာရီခန့်နီးပါးအပြန်အလှန်တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ (၁၀) ဦးကျဆုံးခဲ့ပြီး(၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သကဲ့သို့ မိမိတို့ဖက်မှလည်း အလတ်စားဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ ယနေ့တိုက်ပွဲဖြစ်ပွားရာနေရာပတ်ဝန်းကျင်သို့ ဗမာစစ်တပ်သည် စကခ(၉) တပ်မဌာနချုပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့မျောက်တောင်ရွာ၊ အနောက်ဖက်၊"ကုလားတန်မြစ်"အတွင်းရှိ စစ်သင်္ဘောထက်မှလည်း လက်နက်ကြီးများ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့အပြင်,မေလ(၁၃) ရက်၊ ညနေ(၄) နာရီ(၄၅) မိနစ်ခန့်အချိန်တွင်လည်းပုဏ္ဏားကျွန်းမြို့နယ်၊ "အောင်မကျော်ရွာ" အရှေ့တောင်ဖက်တွင်လည်း ကောင်း၊ ည(၈) နာရီခန့်တွင် မြောက်ဦးမြို့နယ် တောင်ဦးရွာနှင့် စေတီတောင်ရွာအကြားတွင်လည်းကောင်းတိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ တိုက်ပွဲနောက်ဆက်တွဲနှင့်အသေးစိပ်အခြေအနေများကို ဆက်လက်တင်ပေးသွားပါမည်။



သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်




Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army