၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၆) ရက် ရခိုင်ပြည်တိုက်ပွဲသတင်းများ




နိုဝင်ဘာလဆန်းစကတည်းကပင် မြန်မာစစ်တပ်သည် လက်နက်ကြီးများကို အဓိကထားပြီးပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့်နေရာများ၊၎င်းတို့စခန်းချရာပတ်ဝန်းကျင်များသို့လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင် ယခုနောက်ပိုင်းတွင် ရခိုင်ရွာများသာမက ဘင်္ဂလီ၊မူဆလင်ရွာများအတွင်းသို့ပါထိမှန်ကျရောင်ပေါက်ကွဲခဲ့ပြီး အရပ်သားထိခိုက်ဒဏ်ရာရမှုများပိုမိုမြင့်တက်လျက်ရှိသည်။

တိုက်ပွဲများမှာလည်း ရသေ့တောင်၊ ဘူးသီးတောင်မြို့အတွင်း ယနေ့အချိန်အထိနေ့တိုင်းဖြစ်ပွားလျက်ရှိသည်။

၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၆) ရက်၊ နေ့လည်(၁) နာရီ(၃၀) မိနစ်မှစ၍ ဘူးသီးတောင်မြို့နယ်၊ "သရက်ပြင်ရွာ"အနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နှစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ရန်သူ့ဖက်မှ (၄) ဦးသေဆုံးခဲ့ပြီး (၁၀) ဦးကျော်ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူ(၃)ဦးရှိခဲ့သည်။ ရန်သူသည် စကခ(၁၅) လက်အောက်ခံ၊ခမရ(၅၅၁) တပ်ရင်းမှ လက်နက်ကြီးများပစ်ကူပေး၍တိုက်ခိုက်ခဲ့သည်။

ရသေ့တောင်မြို့နယ်၊ "ပဲသဒူ" ကျေးရွာ ၊အရှေ့ဖက်(၁) ကီလိုမီတာအကွာအဝေးတွင်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာနေရာသို့ဝင်ရောက်လာသောကြောင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ညနေ(၅) နာရီ(၂၀) မိနစ်မှ ညနေ (၆) နာရီကျော်အထိ မိနစ်(၄၀) ခန့်ဖြစ်ပွားခဲ့သည်။ ရန်သူသည်နောက်ဆုတ်သွားခဲ့ပြီး ရှေ့ဆက်မတိုးလာတော့ဘဲ အဝေးမှလက်နက်ကြီးများဖြင့်သာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ရံဖန်ရံခါ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်ရှိခဲ့ပြီး အပြန်အလှန်စောင့်ကြည့်လျက်ရှိသည်။


"နောက်ဆက်တွဲတိုက်ပွဲသတင်း" နိုဝင်ဘာလ(၅) ရက်နေ့၌ပလက်ဝမြို့နယ်၊"တုံးဝရွာ"အနောက်တောင်ဖက် (၂.၂) ကီလိုမီတာအကွာအဝေးရှိတောင်တန်းတွင် မြန်မာစစ်တပ်ဖက်မှ ရဟတ်ယာဉ်(၂) စီးဖြင့် မိနစ်(၂၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောတိုက်ပွဲနောက်ဆက်တွဲအဖြစ်ရန်သူ့အလောင်း(၁) လောင်း နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။ ၎င်းနေ့တိုက်ပွဲအတွင်း မြန်မာစစ်တပ်၏ တပ်မ(၁၁) ဖက်မှ သေဆုံးသူမျက်မြင်(၅) ဦးနှင့်ဒဏ်ရာရသူအများအပြားရှိခဲ့သည်။

တိုက်ပွဲနောက်ဆက်တွဲများရှိပါကဆက်လက်တင်ပေးပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

317 views

Recent Posts

See All

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ရက္ခိုင်၊ ပလက်ဝ ဒေသများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကာလများအတွင်းတွင်လည်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ်ကင်းမဲ့