၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၄/၂၅) ရက်၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

Updated: Nov 26, 2019




၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၄) ရက်၊ (မိုးလင်းအာရုံ) နံနက်(၃) နာရီ(၅၅) မိနစ်အချိန်တွင်ပလက်ဝမြို့နယ်၊ "ကျောက်ဖျာရွာ"အနီး၌ မြန်မာ့တပ်မတော်၏ စစ်လက်နက်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ရိက္ခာများကို သယ်ဆောင်လာသော စစ်သဘောင်္(၃) စီး၊ Speed Boat (၂)စီးပါ”စစ်ရေယာဉ်စု”အားရက္ခိုင့်တပ်တော်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ခဲယမ်း၊ရိက္ခာအပါအဝင် မြန်မာ့တပ်မတော်၏တပ်ဖွဲ့ဝင်များသယ်ဆောင်လာသော သဘောင်္တစ်စင်းအားထိခိုက်အောင်တိုက်ခိုက်နိုင်ခဲ့သည်။


ထို့နောက်မြန်မာ့တပ်မတော်၏စစ်သဘောင်္များသည် မြစ်ကမ်းနံဘေးတလျှောက်စစ်သဘောင်္များပေါ်မှရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာများအတွင်းရှိလူနေအိမ်များပျက်စီးခဲ့ပြီးအရပ်သားအချို့အားထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။


အဆိုပါ"စစ်ရေယာဉ်အုပ်စု"အား နိုဝင်ဘာလ(၂၄) ရက်၊ ညသန်းခေါင်(၁၂) နာရီပတ်ဝန်းကျင် တွင်ရက္ခိုင့်တပ်တော်မှ ပလက်ဝမြို့နယ်၊ကျောက်ဖျာရွာ နှင့် ဆင်အိုးဝရွာအကြားနှင့် နိုဝင်ဘာလ(၂၅) ရက်၊နံနက်(၁) နာရီ(၂၈) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်ရွာ နှင့် တင်းမရွာသစ်အကြားတွင် ရှေ့ဆင့်နောက်ဆင့်ထပ်မံတိုက်ခိုက်ခဲ့သည်။


မြန်မာ့တပ်မတော်သည် စစ်သည်၊လက်နက်ခဲယမ်း၊ရိက္ခာအပြောင်းအရွှေ့များတွင် ကုန်းလမ်းအားမသုံးရဲတော့၍ ရေလမ်းကြောင်းများမှတဆင့်ညအချိန်များ၌ခိုးကြောင်ခိုးဝှက်သွားလာနေကြရသည်။ ရက္ခိုင့်တပ်တော်အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသောဒေသ၊ မြန်မာ့တပ်မတော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်နေသောဒေသ၊ ညမထွက်ရအမိန့်ထုတ်ပြန်ထားသောဒေသများ၌ စစ်ဆင်ရေးကာလအတွင်း စစ်ရေးလိုအပ်ချက် အရယခုကဲ့သို့တိုက်ခိုက်ရခြင်းဖြစ်သည်။


တပြိုင်နက်တည်းတွင် ကုန်းလမ်း၊ရေလမ်း ခရီးသွားလုပ်ငန်းများကိုလုပ်ကိုင်နေကြသောလုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ညအချိန်များ၌ ခိုးကြောင်ခိုးဝှက်ခရီးသွားလာခြင်းများမပြုကြရန်ထပ်မံအသိပေးအပ်ပါသည်။( ထပ်မံသတိပေးချက် ⚠)


"မြေပုံမြို့နယ်" အင်ကြင်းရွာ နှင့် စညှင်းရွာအကြားတွင် နံနက်(၉) နာရီ(၁၅) မိနစ်တွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြက်ချေးရွာ အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးတွင် နံနက်(၉) နာရီ (၅၀) မိနစ်တွင် လည်းကောင်းမိနစ်အနည်းငယ်ခန့်ကြာတိုက်ပွဲများအသီးသီးဖြစ်ပွားခဲ့သည်။ အဆိုပါနေရာနှစ်နေရာစလုံး၌ရန်သူသည် ထိတွေ့မှုဖြစ်ပြီးနောက် ရှေ့ဆက်တက်လာခြင်းမရှိတော့ဘဲအဝေးမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။


"ဘူးသီးတောင်မြို့နယ်" ကမ်းပိုင်ချောင်းရွာ နှင့် ခမွေချောင်းရွာအကြားတွင်လည် နံနက်(၉) နာရီ(၄၅) မိနစ်အချိန်မှ နေ့လည်(၁) နာရီ(၃၀) မိနစ်အထိတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်သေဆုံးသူများရှိခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ် နှင့် ရသေ့တောင်မြို့နယ် များ၌ မြန်မာ့တပ်မတော်သည်လက်နက်ကြီးများ၊ ရဟတ်ယာဉ်များနှင့် စစ်သဘောင်္များပေါ်မှ နေ့ညအချိန်မရွေးပစ်ခတ်တိုက်ခိုက်နေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ နိုဝင်ဘာလ(၂၄) ရက်နေ့၊နံနက်(၁၀) နာရီ(၄၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာရှိ လူနေအိမ်အချို့အားမီးရှို့ဖျက်ဆီးခဲ့သည်။ ပြာပင်ရင်းရွာကိုလည်း Navy ရေတပ်စစ်သဘောင်္များပေါ်မှပစ်ခတ်တိုက်ခိုက်ခဲ့သည်။


၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၂၅) ရက်၊ နံနက်(၉) နာရီ(၃၀) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ အမျက်တောင်ရွာအနီးတွင် အမျက်တောင်ရွာအားမီးရှို့ဖျက်ဆီးခဲ့သော စစ်ရာဇဝတ်တပ်ဖွဲ့( မြန်မာ့တပ်မတော်) အား ရက္ခိုင့်တပ်တော်မှသတိပေးတိုက်ခိုက်ခဲ့သည်။


၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ(၂၅) ရက်၊ နံနက်(၁၀) နာရီ(၁၀)မိနစ် မှစ၍ နယ်ချဲ့ကျူးကျော်သူမြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုသည် ပုဏ္ဏားကျွန်းမြို့နယ်၊ "ကြက်ချေးရွာ" အနောက်မြောက်ဖက်(၁.၈) ကီလိုမီတာအကွာအဝေးရှိမိမိတိုလှုပ်ရှားစစ်ကြောင်းတစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့သည်။ ရန်သူသည် အဆိုပါနေရာအား ကန်ဇောက်၊ရသေ့တောင်-ရေစိုးချောင်းဗျူဟာအပါအဝင် နေရာ(၃) နေရာမှ လက်နက်ကြီးများစုပြုံပစ်ခတ်နေခဲ့သည်မှာ (၄/၅) ရက်ခန့်ရှိပြီဖြစ်သည်။ နိုဝင်ဘာ(၂၅) ရက်တွင်မှ ရဟတ်ယာဉ်(၂) စီးအပါအဝင် မြေပြင်၊ဝေဟင်မှထိုးစစ်ကိုစတင်ပြုလုပ်ခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော်မှ သတ္တိပြောင်မြောက်စွာဖြင့် ရန်သူ့ထိုးစစ်အားအကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်


Recent Posts

See All

ဗိုလ်မှူး သက်နိုင်ဦး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်မှူး သက်နိုင်ဦးး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားခ

ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားချ

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army