၂၀၁၉ ခုနှစ်၊ ဇူလိုင် (၁၆)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်း

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့၊ နေ့လည်(၁၂) နာရီခန့်အချိန်တွင် ၊နယ်စပ်မှတ်တိုင် (၇၁) နှင့် (၇၂) အကြားရှိ မြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုအား ရက္ခိုင့်တပ်တော် ကွန်မန်ဒိုများမှ ရှင်းလင်းတိုက်ခိုက်ခဲ့ရာရန်သူ(၂) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဤစစ်ကြောင်းအား ပလက်ဝမြို့နယ်အတွင်း၌မိမိတို့တပ်ဖွဲ့မှဝန်းရံပိတ်ဆို့ထားခဲ့သည်မှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့အတူ ဇူလိုင်လ(၁၆) ရက်၊ နေ့လည်(၁၂) နာရီ(၅၅) မိနစ်တွင်လည်း ပလက်ဝမြို့နယ်၊ အထက်ပီရွာ၊ မြောက်ဖက် (၁.၆) ကီလိုမီတာအကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲသည် နယ်စပ်မှတ်တိုင်(၇၁)မှ(၂)ကီလိုမီတာအကွာအဝေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမိမိတို့ဝိုင်းရံပိတ်ဆို့ထားသောစစ်ကြောင်းအားစစ်ကူပေးရန်လာသည့်နောက်ထပ်စစ်ကြောင်းတစ်ခုအားဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ရန်သူ့ဖက်မှမျက်မြင်တစ်ဦးကျဆုံးပြီးနောက်ရန်သူသည်ထပ်မံ၍ရှေ့ဆက်တိုးလာခြင်းမရှိဘဲလက်နက်ကြီး၊လက်နက်ငယ်များဖြင့် အဝေးမှသာပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ယနေ့တိုက်ပွဲများမှာ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်




Recent Posts

See All

ဗိုလ်မှူး သက်နိုင်ဦး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်မှူး သက်နိုင်ဦးး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားခ

ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားချ

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army