၂၀၁၉ ခုနှစ်၊ ဇူလိုင် (၁၃/၁၄)ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

ရခိုင်ဒေသ၌ယခုရက်များအတွင်းမိုးသည်းထန်စွာရွာသွန်းပြီးပင်လယ်ရေမျက်နှာပြင်သည်လည်းမြင့်တက်လျှက်ရှိသည်။မြန်မာ့တပ်မတော်ဖက်မှလည်းထိုးစစ်များကိုကြီးကြီးမားမားလုပ်ဆောင်ခြင်းမရှိသော်လည်းလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရံဖန်ရံခါရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ ထို့အတူ တိုက်ပွဲငယ်များမှာ နေ့တိုင်းနီးပါးဖြစ်ပွားနေဆဲဖြစ်သည်။


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၃) ရက်၊ နေ့လည်(၂) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် မြန်မာ့တပ်မတော်၏ အင်အား(၁၀၀)ခန့်စစ်ကြောင်းတစ်ခုအား ဘူးသီတောင်မြို့နယ်၊ နွားရုံတောင်ရွာအနီးရှိတောင်တန်းပေါ်တွင် မိနစ်နှစ်ဆယ်ခန့်ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ဒဏ်ရာရမှု(ခန့်မှန်း ၃ ဦး)၊ သေဆုံးမှု(ခန့်မှန်း ၂ ဦး)များရှိနိုင်သည်။ ထို့နောက်တွင် မြန်မာ့တပ်မတော်သည် နွားရုံတောင်ရွာမှ လူနေအိမ်အချို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးစစ်ရာဇဝတ်ပြစ်မှုမျိုးကိုထပ်မံကျူးလွန်ခဲ့သည်။


၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၄) ရက် ၊(၉) နာရီ(၅၆) မိနစ်တွင် ကျောက်တော်မြို့နယ်၊ အခြေစိုက် ခမရ(၅၃၉-ကန်ဇောက်)မှထွက်လာသည့်စစ်ကြောင်းတစ်ခုအားခမရ(၅၃၉)တပ်၏အနောက်တောင်ဖက်(၁.၅) ကီလိုမီတာအကွာအဝေးတွင် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အနည်းဆုံး(၃) ဦးသေဆုံးခဲ့သည်။


ဇူလိုင်(၁၄) ရက်နေ့၊နံနက်(၉) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် ကျောက်တော်မြို့နယ်၊ "ဆောင်းဒူရွာ"နှင့် "ဗုဒ္ဓေါရွာ" အကြား၊ လယ်ကွင်းပြင်တွင်သွားလာနေကြသည့်အင်အား(၁၈၀) ခန့် မြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုအား မိုးကြိုးပစ်သောကြောင့် (၁၀) ဦးခန့်သေဆုံးခဲ့ကြောင်းသိရှိရသည်။


ယခုကဲ့သို့မိုးကြိုးပစ်၍ အစုလိုက်အပြုံလိုက်သေဆုံးသည့်ဖြစ်ရပ်သည် ရခိုင်ပြည်တွင်ရှားပါးပြီး မကြုံစဖူးသောဖြစ်ရပ်လည်းဖြစ်သည်။


ရက္ခိုင့်တပ်တော်လှုပ်ရှားစစ်ကြောင်းမှမြန်မာ့တပ်မတော်၏စစ်ကြောင်းတစ်ခုအားပလက်ဝဒေသအတွင်း၌ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်သည်။


ဇူလိုင်လအတွင်း၌ တအန်းဒေသ၌ တိုက်ပွဲများပြင်းထန်ကာရက်ဆက်ဖြစ်ပွားလျှက်ရှိပြီး ကိုးကန့်ဒေသ၊ ကချင်ဒေသများတွင်လည်း တိုက်ပွဲများရံဖန်ရံခါဖြစ်ပွားခဲ့သည်။


သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army