top of page

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၃/၄) ရက်ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ခုနှစ်၊ဇူလိုင်လ(၃/၄)ရက်များတွင်မင်းပြားမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်များတွင်တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့၌မင်းပြားမြို့နယ်၊ ပုလဲတောင်(ပလဲတောင်) ရွာအရှေ့ဖက်၊ (၂.၃) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် နေ့လည်(၁)နာရီခန့်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မိမိတို့ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာသောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အကျအဆုံးများကိုမသိရသေးပါ။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၄) ရက်၊နံနက်(၆) နာရီ(၅၅) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊စံဂိုးတောင်ရွာဖက်မှ ထွက်လာသည့်အင်အား(၂၀၀)ခန့်မြန်မာ့တပ်မတော်စစ်ကြောင်းအား ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ စံဂိုးတောင်ရွာမှ(၁.၂)ကီလိုမီတာခန့်အကွာအဝေးရှိ"စံဂိုးတောင်"တောင်တန်းပေါ်၌ထိတွေ့တိုက်ခိုက်မှုအတွင်းရန်သူ့ဖက်မှ(၆) ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများမှာ တစ်နာရီခန့်သာကြာမြင့်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊သိုင်းတဘုတ်ရွာအနောက်မြောက်ဖက်၊(၁)ကီလိုမီတာအကွာအဝေးရှိ"သိုင်းတဘုတ်တောင်တန်းပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၄) ရက် ၊နံနက် (၉) နာရီခန့်အချိန်တွင် အင်အား(၁၂၀) ခန့်ပါရန်သူ့စစ်ကြောင်းအား ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်းမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။ ရန်သူ (၁၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

မြန်မာ့တပ်မတော်သည် ရခိုင်ဒေသတစ်ခုတည်းအား ချန်လှပ်ပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို တစ်ဖက်သတ်ကြေငြာပြီးနောက်ရက္ခိုင့်တပ်တော်အားထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာဇူလိုင်လ(၄)ရက်ဆိုလျှင် ရက်ပေါင်း (၁၉၅) ရက်သို့ပင်ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

အခြားစစ်တိုင်းများတွင်အပစ်အခတ်ရပ်စဲထားသည်ဟုဆိုသော်ငြားလည်းတအန်းဒေသ၊ကိုးကန့်ဒေသ၊ကချင်ဒေသများ၌တိုက်ပွဲများရံဖန်ရံခါရှိနေပြီးအထူးသဖြင့်တအန်းဒေသတွင် တိုက်ပွဲများပိုမိုဖြစ်ပွားလာနေသည်။

ထို့အပြင် စစ်အင်အား၊လက်နက်အင်အားများတိုးချဲ့ခြင်းများကို ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။ ရခိုင်ဒေသအတွင်းရေတပ်အင်အားကို တိုးချဲ့နေသည့်အပြင် ပင်လယ်ပြင်၌ ဝမ်းစာရှာဖွကြေသည့် ရေလုပ်သားများကိုလည်းခြိမ်းခြောက်အနိုင်ကျင့်လျှက်ရှိသည်။

ဇူလိုင်လဆန်းမှစ၍ မြန်မာ့တပ်မတော်သည် ကျောက်ဖြူ၊ တောင်ကုတ်၊အမ်းမြို့နယ်များရှိကျေးရွာအချို့အား ဝင်ရောက်စစ်ဆေးပြီး လက်နက်အားကိုးဖြင့်ခြိမ်းခြောက်ပြောဆိုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများပေးခြင်း တို့ကို ဆက်တိုက်ပြုလုပ်နေခဲ့သည်။

လယ်သမားများလယ်ယာထွန်ယက်ခြင်းအားတားဆီးပိတ်ပင်ခြင်း၊မြစ်ချောင်း၊ပင်လယ်များ၌ငါးဖမ်းလုပ်ငန်းများကိုအနှောင့်အယှက်ပေး တားဆီးပိတ်ပင်ခြင်း၊ ညအချိန်များ၌ဓာတ်မီးဖြင့် ဖား၊ငါးရှာဖွေသူများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ပစ်ခတ်မည်ဟုခြိမ်းခြောက်ပြောဆိုခြင်းအစရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် အစိုးရစစ်တပ်တစ်ခုတွင် ရှိသင့်ရှိထိုက်သောအင်္ဂါရပ်များကင်းမဲ့နေပြီး ရခိုင်လူထုတစ်ရပ်လုံးမှာ စိုးရိမ်စိတ်များဖြစ်ပေါ်လျှက်ရှိနေပါသည်။

ထို့ကြောင့် ရခိုင်မိဘပြည်သူလူထုများလက်ရှိကြုံတွေ့နေရသော အခက်အခဲများကို မိမိတို့ ULA/AA အနေဖြင့်နားလည်ပါသည်။ သို့သော်လည်း မြန်မာ့တပ်မတော်၏ ထိုးစစ် နှင့်အတူ ရက်စက်ယုတ်မာမှုများကို မလွဲမရှောင်သာရင်ဆိုင်ကြရအုံးမည်ဖြစ်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့်ရခိုင်ပြည်သူလူထုကိုနှိပ်စက်ညှင်းပန်းခြင်း၊သတ်ဖြတ်ခြင်း၊ဖမ်းဆီးအနိုင်ကျင့်သော မြန်မာ့တပ်မတော်၏ မည်သည့်တပ်ရင်း၊ မည်သူ့ကိုမဆို လက်တုံ့ပြန်သွားမည်ဖြစ်သည်။

မိမိတို့အနေဖြင့်စစ်ရေးဖိအားများပိုမိုပြင်းထန်လာပါကစစ်ရေးထွက်ပေါက်များအတွက်လိုအပ်လျှင်လိုအပ်သလို မြန်မာ့တပ်မတော်၏ စစ်ရေးအချက်အချာနေရာများကို မလွဲမရှောင်သာတိုက်ခိုက်သွားမည်ဖြစ်သည်။

မြန်မာ့တပ်မတော်ထဲမှ ရခိုင်လူမျိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထဲမှ ရခိုင်လူမျိုးများ ရက္ခိုင့်တပ်တော်နှင့် လက်တွဲပြီး စစ်ရာဇဝတ်အမှုမျိုးစုံတို့ကိုကျူးကျော်ထားသူ ကမ္ဘာကျော်နယ်ချဲ့စစ်တပ်အား ရခိုင်ပြည်အတွင်းမှ အပြီးအပိုင်မောင်းထုတ်ကြရန်ဖိတ်ခေါ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်



456 views
bottom of page