၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်၊ တနလာင်္နေ့၊ရခိုင်ပြည်တိုက်ပွဲသတင်း

Updated: Jul 23, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများကြီးကြီးမားမားမရှိသော်လည်း ဇူလိုင်လ(၂၂)ရက်နေ့တွင်ဘူးသီးတောင်မြို့နယ်၊"ဥယျာဉ်သာရွာ"မှ(၆၀၀)မီတာအကွာအဝေးတွင်လည်းကောင်း ၊စံဂိုးတောင်ရွာမှ (၁) ကီလိုမီတာအကွာအဝေးရှိတောစပ်၌ နေ့လည်(၂) နာရီ(၃၀) မိနစ်မှစတင်ပြီး ၎င်းနေရာ(၂) ခု၌တိုက်ပွဲများတပြိုင်နက်တည်းဖြစ်ပွားခဲ့သည်။

အင်အား(၁၅၀)ခန့်ရှိသောရန်သူ့စစ်ကြောင်းသည်မိမိတို့ရှိရာနေရာသို့နေရာနှစ်နေရာမှထိုးစစ်ဆင်တိုက်ခိုက်ရန်ချဉ်းကပ်လာခဲ့သောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိနစ်(၄၅) မိနစ်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူ့ဖက်မှမျက်မြင်(၁၀) ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများမှာလည်းအနည်းဆုံး(၁၅)ဦးအထိရှိနိုင်သည်။မိမိတို့ဖက်မှတစ်စုံတစ်ရာထိခိုက်မှုမရှိသော်လည်း ရန်သူ့ဖက်မှ ထိခိုက်မှုများသောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။

ရန်သူသည်ည နေ(၇) နာရီနောက်ပိုင်းမှစ၍လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်




Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army