၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁/၂) ရက်များတွင် မင်းပြားမြို့ နှင့် ပလက်ဝမြို့နယ်များ၌တိုက်ပွဲများရှိခဲ့သည်။
၂၀၁၉ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့ ၊နေ့လည်(၁) နာရီခန့်မှစတင်ပြီး မင်းပြားမြို့နယ်၊"ကပ်ဝဲရွာ" အရှေ့ဖက်(၃) ကီလိုမီတာခန့်အကွာတွင် မိမိတိုလှုပ်ရှားစစ်ကြောင်းရှိရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ရန်သူသည်အင်အားအလုံးအရင်းဖြင့်နေရာသုံးနေရာမှထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်းမိမိတို့တပ်ဖွဲ့ဝင်များမှ ရန်သူများကို နောက်ဆုတ်သွားသည်အထိ တိုက်ထုတ်နိုင်ခဲ့သည်။
ညနေ(၄)နာရီအထိအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများနှင့်အတူမြောက်ဦးဖက်မှလက်နက်ကြီးပစ်ကူများဖြင့်ပစ်ခတ်တိုက်ခိုက်သော်လည်း မိမိတို့အနေဖြင့် အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည်။
ယနေ့တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ(၁၅) ဦးခန့်ရှိနိုင်ပြီး ၎င်းအလောင်းထဲမှ အလောင်း(၁) လောင်း အပြင် MA သေနတ်(၁) လက်၊ EY (၄) လုံး၊ MA-ကျည်(၁၉၀) တောင့်၊ MA-ကျည်ဘောက်(၄) ခု၊လက်ပစ်ဗုံး(၃) ခုတို့ကိုသိမ်းဆည်းရမိခဲ့သည်။
ရခိုင်-ဘင်္ဂလာနယ်စပ် BP-71 ပတ်ဝန်းကျင်ရှိ မြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုအား ဇူလိုင်လ(၁) ရက်နေ့၊နံနက်(၇) နာရီ(၅၀) မိနစ်တွင်လည်းကောင်း၊
ဇူလိုင်လ(၂)ရက်နေ့တွင် နေ့လည်(၁၂)နာရီတွင်လည်းကောင်း၊ညနေ(၃) နာရီ(၃၀) မိနစ်တွင်လည်းကောင်း ရက္ခိုင့်တပ်တော်၊ကွန်မန်ဒိုများမှဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ဇူလိုင်လ(၂)ရက်နေ့တွင်၊မင်းပြားမြို့နယ်၊သာစည်ရွာ၊အရှေ့ဖက်(၂.၂)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အသေးစိပ် သတင်းများကိုဆက်လက်တင်ပေးသွားပါမည်။
သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်
Comments