top of page

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်၊ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊ဇူလိုင်လ(၁၈) ရက်၊နံနက်(၁၀) နာရီ(၂၀) မိနစ်ခန့်အချိန်တွင်ပုဏ္ဏားကျွန်းမြို့နယ်၊"ကန်ဦးရွာ" နှင့် "ထောင်လောင်ပွန်းရွာ" အကြားတွင် မြန်မာ့တပ်မတော်၏ စစ်ကြောင်းတစ်ခုနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တစ်နာရီခန့်အကြာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းရန်သူ့ဖက်မှ(၁၀) ဦးခန့်သေဆုံးခဲ့သည်။

မြန်မာ့တပ်မတော်၏ယခုစစ်ကြောင်းနှင့်မိမိတို့သည်"ဂဏန်းမဲရွာ"နှင့်"ခမွီကြိမ်ချောင်း"အကြားတွင်မနေ့ကတစ်ကြိမ်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးဖြစ်သည်။မနေ့ကထိတွေ့မှုအတွင်း၌လည်းရန်သူ့ဖက်မှ(၁၀)ဦးခန့်သေဆုံးခဲ့ပြီးဖြစ်သည်။ထို့ကြောင့်မြန်မာ့တပ်မတော်၏ယခုစစ်ကြောင်းသည်မိမိတို့လှုပ်ရှားစစ်ကြောင်းနှင့်ထိတွေ့မှုနှစ်ကြိမ်အတွင်း(၂၀) ခန့်သေဆုံးခဲ့ပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်၊နံနက်(၁၀) နာရီ(၂၆) မိနစ်တွင်လည်းရခိုင်ပြည်၊အမ်းမြို့နယ်၊ မဲသံကြိုးရွာ (Me Than Gyo)နံနက်(၁၁)နာရီဝန်းကျင်တွင်မိမိတို့ရက္ခိုင့်တပ်တော်ရှိရာနေရာသို့ကျူးကျော်ဝင်ရောက်လာ

သောကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ယခုတိုက်ပွဲသည်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှအဖြောင့်တိုင်း(၂၄)ကီလိုမီတာအကွာအဝေးတွင်ရှိသည်။ တစ်နာရီခွဲခန့်အကြာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်းရန်သူ(၂၀) ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် ရန်သူ့စက်လှေနှစ်စီးအားနစ်မြှုပ်အောင် ပြုလုပ်နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၈) ရက်၊ နံနက်(၁) နာရီ (၄၀) မိနစ် နှင့် နံနက်(၄) နာရီ ခန့်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာ ပတ်ဝန်းကျင်များ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၏ ယခုစစ်ကြောင်းသည်လည်း ယမန်နေ့က" ကံပြင်ရွာ" အရှေ့ဖက်မီတာ(၈၀၀) အကွာအဝေး၌တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ရန်သူသည်လက်နက်ကြီးများကိုတစ်ညလုံးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပလက်ဝမြို့နယ်အတွင်း မိမိတို့ပိတ်ဆို့ထားသောရန်သူ့စစ်ကြောင်းမှ (၂) ဦးအား ရက္ခိုင့်တပ်တော် Sniper သမားမှ ထပ်မံသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

ဇူလိုင်(၁၇/၁၈) တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော်နှစ်ဦး တိုင်းပြည်နှင့် လူမျိုးအတွက်အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသည်။

မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားနေသောမြို့နယ်များတွင် အင်တာနက်ဖြတ်တောက်ပြီးနောက် ရခိုင်ရွာများကိုမီးရှို့ခြင်း၊ ရွာသူရွာသားများကိုဖမ်းဆီးနှိပ်စက်ခြင်း၊ သတင်းအမှောင်ချခြင်းများအပြင် မဟုတ်မမှန်သော သတင်းတု၊ သတင်းအမှားများဖြင့် မိမိတို့အား နိုင်ငံရေးချောက်ချသည့်လုပ်ရပ်များကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေသည်များကိုတွေ့ရှိရသည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်









419 views
bottom of page