၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၆) ရက်၊ဗုဒ္ဓဟူးနေ့၊ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၆) ရက်၊ဗုဒ္ဓဟူးနေ့၊ နံနက်(၄) နာရီ (၂၀) မိနစ်တွင် ရခိုင်ပြည်သူလူထုကိုနှိပ်စက်ထားသော မြန်မာ့တပ်မတော်၏ အင်အား(၂၀၀) ခန့်ပါစစ်ကြောင်းတစ်ကြောင်းကို ကျောက်တော်မြို့နယ်၊ ဇီးချောင်း နှင့် ပဇိုင်းဆည်အကြားရှိ" အုတ်ဖိုတောင်တန်း" ၌ ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့များမှ မိုးသည်းထဲတွင် အနီးကပ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ မိမိတို့ဖက်မှ အထိအခိုက်အနည်းဆုံးဖြင့် ရန်သူအားအထိအခိုက်၊အကျအဆုံးများအောင်တိုက်ခိုက်နိုင်ခဲ့သည်။

နှစ်နာရီနီးပါးကြာ လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်မှုအတွင်း ရခိုင်ပြည်သူလူထုများကို မတရားဖမ်းဆီးညှင်းပန်းနှိပ်စက်ထားသူများထဲမှ(၃၀) ဦး(မျက်မြင်)အားသုတ်လင်ရှင်းလင်းနိုင်ခဲ့သည်။ ဒဏ်ရာရရှိသူများလည်း အနည်းဆုံး(၃၅) ဦးရှိနိုင်သည်အထိ ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ သတ္တိပြောင်မြောက်စွာတိုက်ခိုက်နိုင်ခဲ့သည်။ ယနေ့တိုက်ပွဲတွင်လည်း ရက္ခိုင့်တပ်တော် Sniper စနိုက်ဘာသမားများလက်စွမ်းပြသောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။

ရခိုင်တိုင်းပြည်နှင့် ရခိုင်လူမျိုးများအတွက် ရဲဝံ့ပြောင်မြောက်စွာဖြင့် ဂလဲ့စားချေတိုက်ခိုက်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဆက်လက်၍လည်း အခွင့်သာလျှင်သာသလို ရန်သူ၏အားနည်းသောစခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။ ရခိုင်လူမျိုးများကိုနှိပ်စက်သော မည်သူ့ကိုမဆို တုံ့ပြန်တိုက်ခိုက်သွားမည်။

မြန်မာ့တပ်မတော်အတွင်းရှိ ရခိုင်လူမျိုးစစ်သားများ၊အရာရှိများအနေဖြင့် ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အမြင်မှန်ရကာ မိမိတို့နှင့်ပူးပေါင်းပြီး စစ်ရာဇဝတ်ခုံရုံးသိုရောက်ရှိရန်နီးကပ်နေသောနယ်ချဲ့မြန်မာ့တပ်မတော်အား ရခိုင်ပြည်အတွင်းမှ မောင်းထုတ်ရန် ညီအစ်ကိုအရင်းစိတ်ထားဖြင့်ဖိတ်ခေါ်ပါသည်။

အမြန်ဆုံးလာရောက်ပူးပေါင်းကြရန်ထပ်မံဖိတ်ခေါ်ပါသည်။ ရခိုင်တိုင်းပြည်နှင့် ရခိုင်လူမျိုးများအတွက် ရက္ခိုင့်တပ်တော်နှင့်ပူးပေါင်းခြင်းသည် မည်သည့်အခါမျှနောက်ကျခြင်းမရှိပါ။ ရခိုင်မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ တူ၊သား၊ ညီအစ်ကိုမောင်နှမများကို မြန်မာ့တပ်မတော်မှ နှုတ်ထွက်ဖို့တိုက်တွန်းပေးကြစေလိုပါသည်။

သတင်းနှင့်ပြန်ကြားရေး

ရက္ခိုင့်တပ်တော်



Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army