၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၃) ရက် ၊တနင်္ဂနွေနေ့၊ ရခိုင်ပြည်တိုက်ပွဲသတင်း

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၃) ရက်နေ့၊နံနက်(၈) နာရီခန့်တွင် မြန်မာ့တပ်မတော်၏ အင်အား(၁၀၀) ခန့်ရှိသောစစ်ကြောင်းတစ်ခုအားမြောက်ဦးမြို့နယ်၊ကျောက်ကျပ်ရွာအရှေ့မြောက်ဖက်(၁.၅)ကီလိုမီတာအကွာအဝေး၊"ဂါရာတောင်"ဆည်အနီးတောင်တန်းတွင်ရက္ခိုင့်တပ်တော်၊ကွန်မန်ဒိုများမှကြားဖြတ်တိုက်ခိုက်ခဲ့သည်။ အချိန်တိုတိုအတွင်း ရန်သူ(၂၀) ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာ့တပ်မတော်သည် လက်နက်ကြီးများကို တစ်နေ့လုံးနီးပါးတောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင်ဇွန်လ(၂၃)ရက်နေ့တွင်မင်းပြားမြို့နယ်၊ရွှေကျင်ရွာ၊အရှေ့ဖက်(၆)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်၌ရန်သူသည်ထိုးစစ်ဆင်တိုက်ခိုက်မှုကိုပြန်လည်ပြုလုပ်ခဲ့သောကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ ညနေ(၄) နာရီ (၄၈) မိနစ်မှ (၅) နာရီနီးပါးအထိ ရန်သူသည် ရဟတ်ယာဉ်(၂) စီးဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။အထိအခိုက်အကျအဆုံးများကိုမသိရသေးပါ။တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်



352 views

Recent Posts

See All

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ရက္ခိုင်၊ ပလက်ဝ ဒေသများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကာလများအတွင်းတွင်လည်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ်ကင်းမဲ့