၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၆) ရက်နေ့၊နံနက် (၈) နာရီ(၅၀) မိနစ်ပတ်ဝန်းကျင်ခန့်တွင်မင်းပြားမြို့နယ်၊ "ဒိုင်းသားရွာ"၊အနောက်ဖက်စူးစူး(၁ကီလိုမီတာအကွာအဝေးခန့်)၊လယ်ကွင်းပြင်ထဲ၌ရက္ခိုင့်တပ်တော်အားအမြစ်ပြတ်ထိုးစစ်ဆင်ရန်အတွက်စစ်ဆင်ရေးအတွက်သွားလာနေကြသည့်အင်အား(၁၃၀)ပါရန်သူ့စစ်ကြောင်းအားရက္ခိုင့်တပ်တော်၊ကွန်မန်ဒိုများမှလျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်မှုအတွင်းရန်သူ(၁၀)ဦးခန့်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ထို့အပြင်ရန်သူဖက်မှဒဏ်ရာရသူ(၁၀)ဦးခန့်လည်းထပ်မံရှိနိုင်သည်။ထို့ကြောင့်(ထိခိုက်+ဒဏ်ရာ)စုစုပေါင်း(၂၀)ဦးခန့်ရှိနိုင်သည်။မိမိတို့ဖက်မှတစ်စုံတစ်ရာထိခိုက်မှုမရှိဘဲမျှော်မှန်းထားသည့်အတိုင်းအချိန်တိုတိုအတွင်းထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။

ထို့နောက်ရန်သူသည်အငိုက်မိခြင်းနှင့်အတူဖရိုဖရဲဖြစ်ကာအစုစု၊အစုစုလိုက်ပြန့်ကျဲသွားခဲ့သည်။တပြိုင်နက်တည်းတွင်အင်အား(၁၈၀)ပါနောက်ထပ်ရန်သူ့စစ်ကြောင်းတစ်ကြောင်းသည်တိုက်ပွဲဖြစ်ပွားရာလယ်ကွင်းဖက်သို့ အခြားတစ်နေရာမှစစ်ကူပေးရန်လိုက်လာခဲ့သည်။

မိမိတို့ရက္ခိုင့်တပ်တော်၊လှုပ်ရှားစစ်ကြောင်းမှ၎င်းရန်သူ့စစ်ကူစစ်ကြောင်းအားဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့သည်။ထို့ကြောင့်၎င်းစစ်ကူစစ်ကြောင်းမှအနည်းဆုံး(၅)ဦး(မျက်မြင်)သေဆုံးခဲ့ပြီးဒဏ်ရာရသူများလည်းထပ်မံရှိနိုင်သည်။

ရန်သူသည်အထိအခိုက်အကျအဆုံးများသောကြောင့်လက်နက်ကြီး၊လက်နက်ငယ်များကိုတောက်လျှောက်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့သည်။

ဇွန်လ(၁၆) ရက်၊တိုက်ပွဲနောက်ဆက်တွဲသတင်းများကိုဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်



Recent Posts

See All

ဗိုလ်မှူး သက်နိုင်ဦး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်မှူး သက်နိုင်ဦးး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားခ

ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားချ

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army