၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့ ရခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၅) ရက်နေ့တွင်လည်းပလက်ဝမြို့နယ်၊ အဘောင်သားရွာ အနောက်မြောက်ဖက်၊ (၄.၅)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီးမြူဆိုင်းကာလေပြင်းများတိုက်ခတ်နေသည့်အချိန်ကာလအတွင်းအနီးကပ်ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။နေ့လည်(၁)နာရီ(၄၀)မိနစ်ခန့်တွင်ရန်သူသည်မိမိတို့စစ်ကြောင်း၏ပတ်လည်ခံစစ်အတွင်းပိုင်းထဲသို့ဝင်ရောက်လာသော်လည်း(၁၀ပေ)ဆယ်ပေပတ်ဝန်းကျင်အတွင်းတစ်ဦးကိုတစ်ဦးမည်သူမှန်းမသိနိုင်သောအခြေအနေအောက်တွင်ဖြစ်နေသောကြောင့်ရန်သူ့ဖက်မှအထိအခိုက်၊အကျအဆုံးကိုခန့်မှန်း၍မရနိုင်ခဲ့ပါ။ သို့သော်မိမိတို့လက်ဦးမှုရယူကာတိုက်ခိုက်နိုင်ခဲ့သည်။

မိုးသည်းလေသည်းထဲတွင်ညနေ(၆)နာရီအထိအပြန်အလှန်ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။မိမိတို့ရှင်းလင်းရေးလုပ်စဉ်အတွင်းရန်သူ့အလောင်းတစ်လောင်းအားသိမ်းဆည်းရမိခဲ့သည်။ထို့အပြင်ရန်သူသည် ဆုတ်ခွာထွက်ပြေးခြင်းနှင့်အတူထိခိုက်ဒဏ်ရာများရရှိနိုင်သည့် လက္ခဏာများကိုတွေ့ခဲ့ရသည်။

ဇွန်လ(၁၄)ရက်နေ့တွင်လည်းပလက်ဝမြို့နယ်၊ရှင်မဒိန်ရွာအရှေ့ဖက်၊(၂.၇)ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေး



Recent Posts

See All

ဗိုလ်မှူး သက်နိုင်ဦး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်မှူး သက်နိုင်ဦးး(သုံ့ပန်းအမှတ် - ၀၁၉၅) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားခ

ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ပြောကြားချက်

ရခိုင်ဒေသတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိသော သုံ့ပန်းများထဲမှ တစ်ဦးဖြစ်သော ဗိုလ်ကြီး ရှိန်ထက်လင်း(သုံ့ပန်းအမှတ် - ၀၂၂၉) မှ ၄င်း၏မိခင်အဖွဲ့အစည်းနှင့် မိသားစုဝင်များထံသို့ ပြောကြားချ

Subscribe to Our Newsletter

  • Vkontakte Social Icon
  • White Facebook Icon

Copyright @ 2019 Arakan Army