top of page

၁၉/၁၁

  • Nov 19, 2023
  • 1 min read



KIA ဌာနချုပ်နယ်မြီအတွင်းဟိ ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်း၌ စစ်ပညာသင်ယူနီကတ်သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်း (၈) ဦးနန့် အခြားသောတိုင်းရင်းသားတော်လှန်ရီးလက်နက်ကိုင် အဖွဲအစည်းအချို့မှ ဗိုလ်လောင်းများအပါအဝင် စုစုပေါင်းဗိုလ်လောင်း (၂၃) ဦးရို့သည် ၂၀၁၄ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိတွင် မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် အလစ်အငိုက်အကောက်ကြံ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ ဗိုလ်သင်တန်းကျောင်းဝင်း၌ အသက်ကြွီလွင့်ခရသည်။

 

ဂနိ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလ (၁၉) ရက်နိသည် အဆိုပါ ဗိုလ်လောင်းများ တိုင်းပြည်နန့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ယင်း အသက်ပီးဆပ်ခရသည့် (၉) နှစ်ပြည့်မြောက်သည့်နိဖြစ်သည်။ ရက္ခိုင့်တပ်တော် အနီဖြင့် နိုဗမ်ဘာလ (၁၉) ရက်နိကို ရောက်တိုင်း အမြဲတမ်း သတိရနီမည်ဖြစ်ပြီး ကျဆုံးလားခရေ ဗိုလ်များအား ဇာခါလေ့သင့် မိလိမ့်မည်မဟုတ်ပေ။


Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page