top of page

အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ











အာရက္ခဒေသအတွင်းတိုက်ပွဲသတင်းများ

 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်

 

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိသောကြောင့် မောင်တောမြို့ အတွင်း၌ တိုက်ပွဲများမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့သော ဖက်ဆစ်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင် အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာ အများစုအား အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်။

 

မိမိတို့သိမ်းပိုက်ရရှိထားသောနေရာများမှ ရန်သူ စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ သုံပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။ ဩဂုတ် (၂၄/၂၅/၂၆) သုံးရက်အတွင်း ရန်သူ နှင့် အပေါင်းအပါ အလောင်း (၁၀၀) ကျော်အား ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့သကဲ့သို့ သုံပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့သည်။

 

တစ်ပြိုင်နက်တည်းတွင် လက်နက်ကိုင်ပြီး ထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိပြီး ရန်သူ၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့၏ အခြားနေရာအချို့ ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

 

သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း ဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ရန်သူသည် စစ်သင်္ဘော (၈) စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

281 views

Comments


bottom of page