အမည္နာမ ျပႆနာႏွင့္ AA ေျပာတဲ့ရပ္တည္ခ်က္




လူမ်ိဳးတုံး သတ္ျဖတ္မႈ ျဖစ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံဘက္က အျပည္အျပည္ဆိုင္ရာ တရား႐ုံး (ICJ) မွာ တရားစြဲဆိုထားတဲ့ အေပၚ ရကၡိဳင္ စစ္တပ္ (AA) ၊ ပေလာင္ (တအန္း)အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ၊ ျမန္မာအမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္တပ္မေတာ္ (MNDAA) တို႔ ၃ ဖြဲ႕ စုေပါင္းထားတဲ့ ေျမာက္ပိုင္း မဟာမိတ္တို႔က တရားစြဲဆိုမႈကို ေထာက္ခံေၾကာင္း သေဘာထား ထုတ္ျပန္ထားပါတယ္။


ICJ မွာ တရားစြဲဆိုမႈကို ေထာက္ခံေပမယ့္ ႏိုင္ငံတကာက အသိအမွတ္ျပဳထားတဲ့ ႐ိုဟင္ဂ်ာဆိုတဲ့ စကားလုံးကိုေတာ့ ေျမာက္ပိုင္း မဟာမိတ္က မသုံးစြဲဘဲ ဘဂၤါလီလို႔ပဲ ထုတ္ျပန္ခ်က္ေတြမွာ သုံးစြဲထားပါတယ္။


ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ေတြရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ဘဂၤါလီ၊ ႐ိုဟင္ဂ်ာ ဆိုတဲ့ အမည္နာမ ႏွစ္ခုေပၚမွာ ရပ္တည္ခ်က္ ဘယ္လိုရွိလဲ ဆိုတာကို ဧရာဝတီအႀကီးတန္း သတင္းေထာက္ နန္းလြင္ႏွင္းပြင့္က AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကို ဆက္သြယ္ ေမးျမန္းထားပါတယ္။


ေမး။ ။ ရခိုင္ျပည္နယ္ အတြင္းမွာ ႀကဳံေတြ႕ေနရတဲ့ မြတ္စလင္ အသိုင္းအဝိုင္းရဲ႕ ျပႆနာနဲ႔ ပတ္သက္ရင္ အခု အစိုး ရဆိုရင္ ICJ မွာ ရင္ဆိုင္ေနရတယ္။ ဗိုလ္ခ်ဳပ္အေနနဲ႔ ဆိုရင္ေရာ ဘယ္လိုသုံးသပ္ခ်က္ ရွိလဲ။ ဒီျပႆနာအေပၚ ဘယ္ လို ေျဖရွင္းရမယ္လို႔ ရႈျမင္ခ်က္ရွိလဲ။ ရပ္တည္ခ်က္က ဘယ္လိုရွိလဲ။


ေျဖ။ ။ ရခိုင္ျပည္ရဲ႕တည္ၿငိမ္တဲ့ အနာဂတ္၊ တိုးတက္တဲ့ အနာဂတ္ကို တည္ေဆာက္မယ္ ဆိုရင္ မြတ္စလင္ အသိုင္း အဝိုင္းနဲ႔ က်ေနာ္တို႔ ေျပလည္ဖို႔ လိုတယ္။ က်ေနာ္တို႔ ဒီျပႆနာကို မေျဖရွင္းႏိုင္ရင္ က်ေနာ္တို႔လည္း ေအးခ်မ္းမွာ မဟုတ္ဘူး။ သူတို႔လည္း မေအးခ်မ္းဘူး။ ဒီကိစၥကို က်ေနာ္တို႔က ေရရွည္မွာ သေဘာထားႀကီးႀကီးနဲ႔ ေသေသခ်ာခ်ာ ေျဖရွင္းရမယ္။ ဒါကို မရွင္းႏိုင္ရင္ အေျခအေနက ပိုၿပီး ဆိုးဝါးသြားမယ္။


ေမး။ ။ ေျမာက္ပိုင္း မဟာမိတ္က ထုတ္ျပန္ခ်က္မွာ ဘဂၤါလီနဲ႔ ႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းေပၚ ကြဲျပားခ်က္ကို ေတြ႕ရတယ္။ ဒီေတာ့ AA အေနနဲ႔ လက္ခံမႈ အသိအမွတ္ျပဳမႈက ဘယ္လို ရွိပါသလဲ။


ေျဖ။ ။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔က လူမ်ိဳးစုအလိုက္ သူတို႔ျဖစ္ခ်င္တဲ့ ႐ိုဟင္ဂ်ာ ဆိုတဲ့ကိစၥနဲ႔ ဘဂၤါလီ ဆိုတဲ့ ကိစၥမွာ ဒီစကားလုံးေတြကို ျငင္းခုံရင္း ရန္ျဖစ္ေနတဲ့ အေနအထားကို မလိုလားဘူး။ သူတို႔နဲ႔ ျပႆနာ မျဖစ္ႏိုင္ေအာင္ တတ္ႏိုင္သမွ် ထိပ္တိုက္ မတိုးေအာင္ အထူးသတိထားတဲ့ ကာလ ျဖစ္ပါတယ္။ က်ေနာ္တို႔က ရခိုင္ျပည္မွာ ေနထိုင္တဲ့ ရခိုင္ျပည္သူလို႔ ဆိုရင္ သူ႔ရဲ႕ ဥပေဒအရ ရပိုင္ခြင့္ေတြကို လုံးဝ ေလးစားတယ္။ သူ႔ကို လူသားတေယာက္လို႔ ဆိုရင္ လူ႔ အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာကို လုံးဝ ေလးစားကို ေလးစားရမယ္။ ဒါက က်ေနာ္တို႔အတြက္ အေရးႀကီးဆုံးေသာ နံပါတ္ ၁ အေျခခံမူပဲ။


ႏိုင္ငံသား တေယာက္ျဖစ္တယ္။ လူသားတေယာက္ ျဖစ္တယ္ ဆိုတာကို အဓိကပါ။ ဒါကို ရသြားရင္ လူမ်ိဳးစုအလိုက္ အပိုင္းမွာက်ေတာ့ တဖက္နဲ႔ တဖက္ အျပန္အလွန္ နားလည္မႈကို ေရရွည္ တည္ေဆာက္ရလိမ့္မယ္။ သူတို႔ ေျပာတဲ့ ႐ိုဟင္ဂ်ာဆိုတာက သူတို႔ရဲ႕ ႏိုင္ငံေရး ဦးတည္ခ်က္ေတြ ရွိထားၿပီ။ သူ႔အတိုင္းအတာနဲ႔သူ တကမာၻလုံးက အသိ အမွတ္ျပဳထားၿပီးသားက သူ႔မွာ ရွိေနတာပဲ။ သို႔ေသာ္လည္း ရခိုင္ေတြဘက္မွာ ရခိုင္ေတြရဲ႕စိုးရိမ္မႈ ရခိုင္ေတြဘက္က အေနအထားကို စဥ္းစားရမွာ ျဖစ္တယ္။


တကမာၻလုံးက ငါတို႔ကို အသိအမွတ္ျပဳထားတယ္။ ရခိုင္ေတြက ဘာထင္ထင္ ကိစၥမရွိဘူး ဆိုၿပီး လုပ္ရင္ ျပႆနာေတြ က ေျဖရွင္းလို႔ မရဘူး ျဖစ္သြားမယ္။ ကိုယ့္ဘက္က ျဖစ္ခ်င္တာပဲ စဥ္းစားလို႔ မရဘူး။ ဟိုဘက္မွာ ဘာျဖစ္မလဲ ဆိုတာ ကို ယဥ္ေက်းတဲ့ အေတြးအေခၚ မရွိဘူးဆိုရင္ ျပႆနာ ရွိတယ္။


က်ေနာ္တို႔က ဘဂၤါလီလို႔ သုံးႏႈန္းလိုက္တယ္ ဆိုတာက သူတို႔ကို အထင္ေသး အျမင္ေသးနဲ႔ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးေတြကို မေဆြးေႏြးျဖစ္ေအာင္ အျငင္းခုံ ပုံစံမ်ိဳး မျဖစ္ေအာင္ က်ေနာ္ ေရွာင္ရွားတယ္။ ဒါေပမယ့္ အခုက စကားႀကဳံလို႔ နည္းနည္းေလာက္ ထည့္ေျပာတဲ့ သေဘာပါ။


ဟိုဘက္က မြတ္စလင္ေတြကို အထင္အျမင္ တိမ္းေစာင္းဖို႔ လုံးဝ မယူဆပါဘူး။ ဘဂၤါလီလို႔ က်ေနာ္တို႔ သုံးႏႈန္းတာက ေအာက္က်ေနာက္က် ေနစရာမရွိတဲ့ လူမ်ိဳး မဟုတ္ဘူး။ ဘဂၤါလီဆိုတာ ကမာၻမွာ သူ႔ရဲ႕ ethnicity ေပါ့ဗ်ာ။ သူ႔ရဲ႕ မႏုႆေဗဒဆိုင္ရာ လူမ်ိဳးကို ရည္ၫႊန္းၿပီး ေျပာတာ ျဖစ္တယ္။


ဘဂၤါလီဆိုတာ ကမာၻေပၚမွာ ဆိုရင္ ဥပမာ Ethnic Han ေပါ့ဗ်ာ။ တ႐ုတ္လူမ်ိဳးဆိုရင္ အႀကီးဆုံးနံပါတ္ ၁ ပဲ။ အာရတ္ လူမ်ိဳးဆိုရင္ အႀကီးဆုံး နံပါတ္ ၂ လူမ်ိဳး၊ ဘဂၤါလီဆိုတာ ဒါ တတိယေလာက္ ျဖစ္တယ္။ ကမာၻမွာ လူဦးေရ သန္း၂၅၀ အထက္ကို ရွိတယ္။ သူတို႔က Bay of Bengal အိႏၵိယသမုဒၵရာနဲ႔ တကယ့္ အက်ယ္ျပန႔္ဆုံးနဲ႔ ေရွးအက်ဆုံးလူမ်ိဳး တမ်ိဳး ျဖစ္တယ္။ သမိုင္းဆိုရင္ ေရွးက်တယ္။ နကၡတ္ပညာ၊ စာေပ၊ ဂီတ အကုန္လုံးကို တကယ့္ က်ယ္ျပန႔္တဲ့ လူမ်ိဳး ႀကီး ျဖစ္တယ္။ အင္ဒို- အာရီယန္ (Indo-Aryan) မ်ိဳးႏြယ္စုတခုေပါ့။ ၿပီးမွ ဘဂၤါလီထဲမွာမွ ဘဂၤါလီ-ဟိႏၵဴ ရွိမယ္၊ ဘဂၤါ လီ-မြတ္စလင္ ရွိမယ္၊ ဘဂၤါလီ- ခရစ္ယာန္ ရွိမယ္။ ဘဂၤါလီ- ဗုဒၶ ရွိမယ္။


အဲဒီသန္းေပါင္း ၂၅၀ ေက်ာ္၊ အိႏၵိယ ကမ္းေျခကေန ဘဂၤလားေဒ့ရွ္ ႏိုင္ငံ၊ ျမန္မာႏိုင္ငံေပါ့။ အဲဒီ့ Bay of Bengal တခု လုံးမွာ ဘဂၤါလီေတြ အမ်ားႀကီး ေနတယ္။ သူ႔ရဲ႕ဘဂၤါလီထဲမွာမွ Chittagong Bengali ၊ East Bengali ရွိမယ္။ West Bengali ရွိတယ္။ တကယ္ က်ယ္ျပန႔္တယ္။ က်ေနာ္တို႔က က်ယ္ျပန႔္တဲ့ လူမ်ိဳးစုနဲ႔ ဆိုင္တဲ့ စကားလုံးကိုလည္း အသုံး ျပဳလိုက္တာ ျဖစ္တယ္။ အထင္ေသး၊ အျမင္ေသးနဲ႔ ပစ္ပယ္တဲ့ ခ်ိဳးႏွိမ္တဲ့ အဓိပၸါယ္ လုံးဝ မရွိဘူး။


သေဘာက ရခိုင္ျပည္နယ္ဆိုတာ ဘဂၤလား ပင္လယ္ေအာ္ထဲမွာ ရွိတယ္။ ဘဂၤလားေဒ့ရွ္ တႏိုင္ငံလုံးမွာ လူဦးေရ ဘဂၤါ လီ သန္း ၁၆၀ ေလာက္ ေနထိုင္တယ္။ အဲဒီထဲမွာ မြတ္စလင္ ကိုးကြယ္တဲ့ ဘဂၤါလီက အမ်ားစုေပါ့။ ဟိႏၵဴ ကိုးကြယ္တဲ့ ဘဂၤါလီလည္း ရွိတယ္။ အလားတူပဲ ရခိုင္ျပည္ထဲမွာလည္း ဟိႏၵဴ ကိုးကြယ္တဲ့ ဘဂၤါလီေတြလည္း ရွိတယ္။ ဥပမာ ေမာင္ေတာၿမိဳ႕နယ္ထဲမွာ ဆိုရင္ ဟိႏၵဴလူမ်ိဳးေတြလို႔ လူေတြက ေျပာတယ္။ တကယ္ေတာ့ ဒါက ဘဂၤါလီလူမ်ိဳး၊ ဟိႏၵဴ ဘာသာဝင္ပဲ။ သူတို႔လည္း ဘဂၤါလီပဲ။


ဒါေပမယ့္ ရခိုင္ျပည္ထဲက ဘဂၤါလီက်ေတာ့ ႐ိုဟင္ဂ်ာလို႔ သူတို႔ဘာသာ သူတို႔ ျပန္ေျပာင္းလိုက္ေတာ့ ဥပမာ လူသန္း ၂၅၀ ေလာက္က နတ္ျမစ္ကမ္းကို ကူးလိုက္တာနဲ႔ ျမန္မာႏိုင္ငံ ေရာက္လာတာနဲ႔ ဘဂၤါလီ တေယာက္မွ မရွိေတာ့ဘူး လား။ ဘဂၤါလီ မြတ္စလင္ အမည္ခံထားသူေတြက ဘယ္ကို ေရာက္သြားလဲေပါ့။ လူဦးေရရဲ႕ ျဖန႔္က်က္ ေနထိုင္ပုံအရ ဒါေတြက ေမးခြန္း ထုတ္စရာ ျပန္ျဖစ္ေနပါတယ္။


ဘဂၤလားေဒ့ရွ္ ႏိုင္ငံက ႐ိုဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို အသုံးျပဳ တယ္ေပါ့။ ဒါေပမယ့္ ျမန္မာႏိုင္ငံမွာ ရွိတဲ့ နယ္စပ္မွာ ကပ္လ်က္ ေခ်ာင္းကေလးပဲ ျခားတယ္၊ တခ်ိဳ႕ေနရာဆို ေခ်ာင္း ကေလးေတာင္ မရွိဘူး။ အဲဒီလူေတြက ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ႕ တိုင္းရင္းသား လူမ်ိဳးထဲမွာလည္း ႐ိုဟင္ဂ်ာ တိုင္းရင္း သား ဆိုတာလည္း မရွိဘူး။


ရခိုင္ဆိုလည္း ဟိုဘက္ႏိုင္ငံ ဒီဘက္ႏိုင္ငံမွာ ခြၿပီး ေနတယ္။ ရခိုင္ျပည္မွာလည္း ရွိသလို ဘဂၤလားေဒ့ရွ္ ႏိုင္ငံထဲမွာ လည္း တရားဝင္ ရခိုင္လူမ်ိဳး ဆိုတာ ရွိတယ္။ သူတို႔က် ဘဂၤလားေဒ့ရွ္ ႏိုင္ငံထဲမွာလည္း ဒုကၡသည္ စခန္းထဲမွာေတာ့ တရားမဝင္ ႐ိုဟင္ဂ်ာ ဆိုတာ လက္ခံတယ္။ သူ႔ရဲ႕တရားဝင္ ဆိုတာ ဘာလို႔မရွိလဲဆိုတာ ဆန္းစစ္လို႔ ရတယ္ေလ။


က်ေနာ္က အျငင္းပြားတယ္၊ ကန႔္ကြက္တယ္၊ သေဘာမတူဘူး ဆိုတဲ့ ရႈေထာင့္ကေန ေျပာဆိုတာ မဟုတ္ဘဲ ေမးတဲ့ အေပၚမွာ ပိုၿပီး ရွင္းလင္းေအာင္ ဟိုဘက္ ဒီဘက္ မွ်ၿပီးေထာက္ျပတာကို အဆိုးျမင္ မဟုတ္ဘဲ ဒီလိုေတြ ရွိတယ္ ဆို တာကို ျမင္ေအာင္ ေျပာတဲ့ သေဘာပါပဲ။ သေဘာထား ကြဲလြဲၿပီး ရန္မူျခင္းေတြ မရွိပါဘူး။


ဘာလို႔ဆိုေတာ့ ေရရွည္ ျပႆနာ ေျဖရွင္းရမယ့္ အေရးေတြ ျဖစ္ေနေတာ့ ဒါေတြကို သတိမူဖို႔ လိုပါတယ္။ က်ေနာ္က Rational ျဖစ္တဲ့ (ဆင္ျခင္တုံတရားနဲ႔ ယုတၱိတန္တဲ့) အေတြးအေခၚကို ေထာက္ျပတာ ျဖစ္ပါတယ္။


က်ေနာ္တို႔ ရခိုင္မွာ ေနထိုင္တဲ့ မြတ္စလင္ မိတ္ေဆြေတြကို ပုတ္ခတ္တာမ်ိဳး မရွိပါဘူး။ ဒါက ေရရွည္မွာ က်ေနာ္တို႔ ျပႆနာ ေျဖရွင္းတဲ့ အခ်ိန္မွာ အျမင္ ရွင္းလင္းဖို႔ က်ိဳးေၾကာင္း ဆီေလ်ာ္ဖို႔ ဒါေတြကို က်ေနာ္တို႔က ေဝဖန္ျမင္ႏိုင္ဖို႔ လိုတာေပါ့။ ဒါေတြကို က်ေနာ္တို႔က ႏိုင္ငံေရး အရ လိုခ်င္တဲ့ နာမည္ကိုေျပာတာ မဟုတ္ဘဲ သူ႔ရဲ႕ မ်ိဳး႐ိုးကို ရည္ၫႊန္း ေျပာဆိုတာ ျဖစ္ပါတယ္။ အျငင္းပြားၿပီး ႏိုင္ငံေရး ရႈပ္ေထြးမႈေတြ ျဖစ္ဖို႔ မရည္႐ြယ္ပါဘူး။


ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာ ဆယ္စုႏွစ္ ခ်ီၿပီး ဒုကၡသည္စခန္းေတြနဲ႔ ဒီတိုင္း ပိတ္ေလွာင္ထားတယ္။ တကယ္ဆို လူ႔အခြင့္ အေရးအရ အကာကြယ္ ေပးတယ္ဆိုေပမယ့္ ဒီထက္က်ယ္ျပန႔္တဲ့ ေရရွည္ စဥ္းစားမႈမ်ိဳး ထားရွိမယ္ ဆိုရင္ ဒီဒုကၡသည္ ေတြ အတြက္ ပိုၿပီး အက်ိဳးရွိေစပါတယ္။ က်ေနာ့္ စိတ္ထဲက ေစတနာအမွန္နဲ႔ လူသားစိတ္ကို အေျခခံၿပီး ေျပာတာပါ။ သူတို႔ကို နယ္စပ္စခန္းေတြမွာ ပိတ္ေလွာင္ထားၿပီး စာနာတယ္ ဆိုၿပီး ထမင္းေကြၽးထားတယ္။ ဘယ္မွ ေပးမသြားဘူး။ အလုပ္အကိုင္လည္း လုပ္ခြင့္မရွိဘူးဆို သူ႔ရဲ႕ဒုကၡက ပိုႀကီးပါတယ္။ ကေလးသူငယ္ေတြ စာသင္ခြင့္ မရွိဘူး။


တကယ္ဆို ဒီေလာက္မ်ားတဲ့ လူဦးေရ၊ ဒီေလာက္မ်ားတဲ့ ဒုကၡသည္ေတြအတြက္ ထမင္းေကြၽး၊ ေဆးကု႐ုံထက္ အလုပ္ အကိုင္ အခြင့္အလမ္းေတြ vocational training (အသက္ေမြးဝမ္းေက်ာင္း ဆိုင္ရာ ပညာရပ္ သင္တန္း)ေတြ တျခား ပညာသင္ခြင့္၊ အေျခခံပညာ မကလို႔ အဆင့္ျမင့္ပညာေတြေတာင္ စဥ္းစားေပးသင့္တာေပါ့။ သူလည္း ႏိုင္ငံတကာ အကူအညီေတြ အမ်ားႀကီး ယူၿပီး လုပ္ေပးေနတာပဲ။


တကယ္ေစတနာမွန္တယ္ ဆိုရင္ ဒါေတြလည္း စဥ္းစားသင့္တယ္။ သူတို႔ထဲက ဒုကၡသည္ အႀကီးအကဲေတြကလည္း ဒါေတြကို ျဖစ္ေအာင္ ေဆာင္႐ြက္သင့္တယ္။ ဒီထက္ပိုၿပီး အေတြးအေခၚ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ေစတနာလည္း မွန္ဖို႔ လိုမယ္ ထင္တယ္။ ဒါက အျမင္တခုကို ေျပာျပတာပါ။ မ်ားေသာအားျဖင့္ သူတို႔ ကိစၥေတြကို က်ေနာ္တို႔ သိပ္မေျပာ ျဖစ္ဘူး။ စိတ္ထဲမွာေတာ့ ရွိပါတယ္။


ေမး။ ။ သူတို႔ဘက္ကလည္း ႐ိုဟင္ဂ်ာဆိုတဲ့ အမည္နဲ႔ ႏိုင္ငံသားထက္ ေက်ာ္လြန္တဲ့ ျမန္မာႏိုင္ငံထဲက တိုင္းရင္းသား လူမ်ိဳးအျဖစ္ တရားဝင္ ရဖို႔ကိုပဲ ျဖစ္ခ်င္တယ္လို႔ ရပ္တည္ထားတယ္။ ရခိုင္ေတြဘက္မွာလည္း လူဦးေရအရ ၿခိမ္း ေျခာက္မႈကို စိုးရိမ္တာမ်ိဳး ရွိတယ္။ AAရဲ႕ ရပ္တည္ခ်က္က ဘယ္လိုရွိမလဲ။


ေျဖ။ ။ ျပႆနာ တခုျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ္မလိုခ်င္တဲ့ အေနအထားေတြ ရွိေနလို႔ပဲေလ။ အဲဒီ ျပႆနာ ေျဖရွင္းတဲ့ အခ်ိန္မွာလည္း ကိုယ့္စိတ္တိုင္းက် ၿပီးခ်င္မွ ၿပီးမွာေပါ့။ သူတို႔ဘက္ကလည္း သူလိုခ်င္တဲ့တိုင္း ျဖစ္ခ်င္မွ ျဖစ္မွာေပါ့။ ႏွစ္ဦးႏွစ္ဖက္ လက္ခံႏိုင္တဲ့ အေနအထား တခုမွာေတာ့ က်ေနာ္တို႔ရေအာင္ ေျဖရွင္းရေတာ့မွာပဲ။ ဒါမ်ိဳး မေျဖရွင္းရင္ သူတို႔လည္း မေအးခ်မ္းသလို က်ေနာ္တို႔လည္း ေအးခ်မ္းမွာ မဟုတ္ဘူး။


ဒါက ေျပလည္ေအာင္ နည္းလမ္းေတြကို က်ေနာ္တို႔ ရွာရမယ္။ ၿပီးရင္ တဖက္က ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကလည္း အေမွ်ာ္အျမင္ႀကီးႀကီးနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈေတြကို လုပ္စရာေတြေတာ့ အမ်ားႀကီး ရွိလာမွာပါ။ က်ေနာ္တို႔က အခု ခ်ိန္မွာ Non-State Actor ၊ႏိုင္ငံတခုရဲ႕အစိုးရ မဟုတ္ေသးေတာ့ တခ်ိဳ႕ကိစၥေတြကို ႀကိဳၿပီး အရမ္းေျပာလို႔လည္း မျဖစ္ ေသးပါဘူး။


ေမး။ ။ ရခိုင္ျပည္နယ္တြင္းမွာ လႈပ္ရွားေနတဲ့ ARSA လို အဖြဲ႕မ်ိဳးေတြေရာ ဘယ္လိုအေျခအေနနဲ႔ ရွိေနလဲ။ AA ဘက္ က သူတို႔ရဲ႕ပတ္သက္ၿပီး ျမင္ရတာ ဘာေတြ ရွိလဲ။


ေျဖ။ ။ ARSA ရဲ႕စစ္ေရး လႈပ္ရွားမႈကေတာ့ က်ေနာ္တို႔ သိပ္မျမင္ရဘူး။ သူတို႔ စုဖြဲ႕မႈေတြကိုေတာ့ က်ေနာ္တို႔ သတင္း ေတြ ၾကားတယ္။ ရပ္႐ြာေတြထဲမွာ ဒုကၡသည္ စခန္းေတြမွာေတာ့ ၾကားပါတယ္။ ဒါေပမယ့္ စုဖြဲ႕မႈေပါ့ဗ်ာ။ ဘယ္ေနရာ မွာ လူ ၅ ေယာက္၊ အေယာက္ ၁၀ ၊ ၂၀ ၊ ၁၀၀ ဆိုတာမ်ိဳးေတာ့ ၾကားမိတယ္။ ဒါေပမယ့္ လက္နက္ကိုင္ၿပီး သင္တန္း တတ္ေနတာတို႔ စစ္ဆင္ေရး လႈပ္ရွားတာမ်ိဳးတို႔ေတာ့ မေတြ႕ပါဘူး။ နည္းနည္းပါးပါးေတာ့ ၾကားမိတယ္။ ေသနတ္ ၃ လက္၊ ၄ လက္၊ ၁၀ လက္၊ အလက္၂၀ ေလာက္နဲ႔ပဲ ဆိုတာ ၾကားမိပါတယ္။


ေမး။ ။ ARSA ကေရာ ရခိုင္ျပည္နယ္တြင္းမွာ ျပန္လည္ ေခါင္းေထာင္လာၿပီး တိုက္ခိုက္မႈမ်ိဳးေတြ လုပ္ႏိုင္ေလာက္တဲ့ အေျခအေန ရွိေနေသးလား။


ေျဖ။ ။ ဒါေတာ့ မျမင္မိဘူး။ ဒါေပမယ့္ က်ေနာ္တို႔ မျမင္တဲ့ အတြက္ေၾကာင့္ သူတို႔ မရွိဘူးလို႔လည္း မေျပာရဲဘူး။ သူတို႔ ရွိေနၿပီး က်ေနာ္တို႔ မျမင္မိတာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။



Unicode


လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံဘက်က အပြည်အပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အပေါ် ရက္ခိုင် စစ်တပ် (AA) ၊ ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ ၃ ဖွဲ့ စုပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ်တို့က တရားစွဲဆိုမှုကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

ICJ မှာ တရားစွဲဆိုမှုကို ထောက်ခံပေမယ့် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုတော့ မြောက်ပိုင်း မဟာမိတ်က မသုံးစွဲဘဲ ဘင်္ဂါလီလို့ပဲ ထုတ်ပြန်ချက်တွေမှာ သုံးစွဲထားပါတယ်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ နှစ်ခုပေါ်မှာ ရပ်တည်ချက် ဘယ်လိုရှိလဲ ဆိုတာကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ရခိုင်ပြည်နယ် အတွင်းမှာ ကြုံတွေ့နေရတဲ့ မွတ်စလင် အသိုင်းအဝိုင်းရဲ့ ပြဿနာနဲ့ ပတ်သက်ရင် အခု အစိုး ရဆိုရင် ICJ မှာ ရင်ဆိုင်နေရတယ်။ ဗိုလ်ချုပ်အနေနဲ့ ဆိုရင်ရော ဘယ်လိုသုံးသပ်ချက် ရှိလဲ။ ဒီပြဿနာအပေါ် ဘယ် လို ဖြေရှင်းရမယ်လို့ ရှုမြင်ချက်ရှိလဲ။ ရပ်တည်ချက်က ဘယ်လိုရှိလဲ။

ဖြေ။ ။ ရခိုင်ပြည်ရဲ့တည်ငြိမ်တဲ့ အနာဂတ်၊ တိုးတက်တဲ့ အနာဂတ်ကို တည်ဆောက်မယ် ဆိုရင် မွတ်စလင် အသိုင်း အဝိုင်းနဲ့ ကျနော်တို့ ပြေလည်ဖို့ လိုတယ်။ ကျနော်တို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ကျနော်တို့လည်း အေးချမ်းမှာ မဟုတ်ဘူး။ သူတို့လည်း မအေးချမ်းဘူး။ ဒီကိစ္စကို ကျနော်တို့က ရေရှည်မှာ သဘောထားကြီးကြီးနဲ့ သေသေချာချာ ဖြေရှင်းရမယ်။ ဒါကို မရှင်းနိုင်ရင် အခြေအနေက ပိုပြီး ဆိုးဝါးသွားမယ်။

မေး။ ။ မြောက်ပိုင်း မဟာမိတ်က ထုတ်ပြန်ချက်မှာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းပေါ် ကွဲပြားချက်ကို တွေ့ရတယ်။ ဒီတော့ AA အနေနဲ့ လက်ခံမှု အသိအမှတ်ပြုမှုက ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ ကျနော်တို့က လူမျိုးစုအလိုက် သူတို့ဖြစ်ချင်တဲ့ ရိုဟင်ဂျာ ဆိုတဲ့ကိစ္စနဲ့ ဘင်္ဂါလီ ဆိုတဲ့ ကိစ္စမှာ ဒီစကားလုံးတွေကို ငြင်းခုံရင်း ရန်ဖြစ်နေတဲ့ အနေအထားကို မလိုလားဘူး။ သူတို့နဲ့ ပြဿနာ မဖြစ်နိုင်အောင် တတ်နိုင်သမျှ ထိပ်တိုက် မတိုးအောင် အထူးသတိထားတဲ့ ကာလ ဖြစ်ပါတယ်။ ကျနော်တို့က ရခိုင်ပြည်မှာ နေထိုင်တဲ့ ရခိုင်ပြည်သူလို့ ဆိုရင် သူ့ရဲ့ ဥပဒေအရ ရပိုင်ခွင့်တွေကို လုံးဝ လေးစားတယ်။ သူ့ကို လူသားတယောက်လို့ ဆိုရင် လူ့ အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လုံးဝ လေးစားကို လေးစားရမယ်။ ဒါက ကျနော်တို့အတွက် အရေးကြီးဆုံးသော နံပါတ် ၁ အခြေခံမူပဲ။

နိုင်ငံသား တယောက်ဖြစ်တယ်။ လူသားတယောက် ဖြစ်တယ် ဆိုတာကို အဓိကပါ။ ဒါကို ရသွားရင် လူမျိုးစုအလိုက် အပိုင်းမှာကျတော့ တဖက်နဲ့ တဖက် အပြန်အလှန် နားလည်မှုကို ရေရှည် တည်ဆောက်ရလိမ့်မယ်။ သူတို့ ပြောတဲ့ ရိုဟင်ဂျာဆိုတာက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေ ရှိထားပြီ။ သူ့အတိုင်းအတာနဲ့သူ တကမ္ဘာလုံးက အသိ အမှတ်ပြုထားပြီးသားက သူ့မှာ ရှိနေတာပဲ။ သို့သော်လည်း ရခိုင်တွေဘက်မှာ ရခိုင်တွေရဲ့စိုးရိမ်မှု ရခိုင်တွေဘက်က အနေအထားကို စဉ်းစားရမှာ ဖြစ်တယ်။

တကမ္ဘာလုံးက ငါတို့ကို အသိအမှတ်ပြုထားတယ်။ ရခိုင်တွေက ဘာထင်ထင် ကိစ္စမရှိဘူး ဆိုပြီး လုပ်ရင် ပြဿနာတွေ က ဖြေရှင်းလို့ မရဘူး ဖြစ်သွားမယ်။ ကိုယ့်ဘက်က ဖြစ်ချင်တာပဲ စဉ်းစားလို့ မရဘူး။ ဟိုဘက်မှာ ဘာဖြစ်မလဲ ဆိုတာ ကို ယဉ်ကျေးတဲ့ အတွေးအခေါ် မရှိဘူးဆိုရင် ပြဿနာ ရှိတယ်။

ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။

ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။

ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို- အာရီယန် (Indo-Aryan) မျိုးနွယ်စုတခုပေါ့။ ပြီးမှ ဘင်္ဂါလီထဲမှာမှ ဘင်္ဂါလီ-ဟိန္ဒူ ရှိမယ်၊ ဘင်္ဂါ လီ-မွတ်စလင် ရှိမယ်၊ ဘင်္ဂါလီ- ခရစ်ယာန် ရှိမယ်။ ဘင်္ဂါလီ- ဗုဒ္ဓ ရှိမယ်။

အဲဒီသန်းပေါင်း ၂၅၀ ကျော်၊ အိန္ဒိယ ကမ်းခြေကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မြန်မာနိုင်ငံပေါ့။ အဲဒီ့ Bay of Bengal တခု လုံးမှာ ဘင်္ဂါလီတွေ အများကြီး နေတယ်။ သူ့ရဲ့ဘင်္ဂါလီထဲမှာမှ Chittagong Bengali ၊ East Bengali ရှိမယ်။ West Bengali ရှိတယ်။ တကယ် ကျယ်ပြန့်တယ်။ ကျနော်တို့က ကျယ်ပြန့်တဲ့ လူမျိုးစုနဲ့ ဆိုင်တဲ့ စကားလုံးကိုလည်း အသုံး ပြုလိုက်တာ ဖြစ်တယ်။ အထင်သေး၊ အမြင်သေးနဲ့ ပစ်ပယ်တဲ့ ချိုးနှိမ်တဲ့ အဓိပ္ပါယ် လုံးဝ မရှိဘူး။

သဘောက ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးမှာ လူဦးရေ ဘင်္ဂါ လီ သန်း ၁၆၀ လောက် နေထိုင်တယ်။ အဲဒီထဲမှာ မွတ်စလင် ကိုးကွယ်တဲ့ ဘင်္ဂါလီက အများစုပေါ့။ ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီလည်း ရှိတယ်။ အလားတူပဲ ရခိုင်ပြည်ထဲမှာလည်း ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ ဥပမာ မောင်တောမြို့နယ်ထဲမှာ ဆိုရင် ဟိန္ဒူလူမျိုးတွေလို့ လူတွေက ပြောတယ်။ တကယ်တော့ ဒါက ဘင်္ဂါလီလူမျိုး၊ ဟိန္ဒူ ဘာသာဝင်ပဲ။ သူတို့လည်း ဘင်္ဂါလီပဲ။

ဒါပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂါလီကျတော့ ရိုဟင်ဂျာလို့ သူတို့ဘာသာ သူတို့ ပြန်ပြောင်းလိုက်တော့ ဥပမာ လူသန်း ၂၅၀ လောက်က နတ်မြစ်ကမ်းကို ကူးလိုက်တာနဲ့ မြန်မာနိုင်ငံ ရောက်လာတာနဲ့ ဘင်္ဂါလီ တယောက်မှ မရှိတော့ဘူး လား။ ဘင်္ဂါလီ မွတ်စလင် အမည်ခံထားသူတွေက ဘယ်ကို ရောက်သွားလဲပေါ့။ လူဦးရေရဲ့ ဖြန့်ကျက် နေထိုင်ပုံအရ ဒါတွေက မေးခွန်း ထုတ်စရာ ပြန်ဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြု တယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ နယ်စပ်မှာ ကပ်လျက် ချောင်းကလေးပဲ ခြားတယ်၊ တချို့နေရာဆို ချောင်း ကလေးတောင် မရှိဘူး။ အဲဒီလူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးထဲမှာလည်း ရိုဟင်ဂျာ တိုင်းရင်း သား ဆိုတာလည်း မရှိဘူး။

ရခိုင်ဆိုလည်း ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံမှာ ခွပြီး နေတယ်။ ရခိုင်ပြည်မှာလည်း ရှိသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ လည်း တရားဝင် ရခိုင်လူမျိုး ဆိုတာ ရှိတယ်။ သူတို့ကျ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာလည်း ဒုက္ခသည် စခန်းထဲမှာတော့ တရားမဝင် ရိုဟင်ဂျာ ဆိုတာ လက်ခံတယ်။ သူ့ရဲ့တရားဝင် ဆိုတာ ဘာလို့မရှိလဲဆိုတာ ဆန်းစစ်လို့ ရတယ်လေ။

ကျနော်က အငြင်းပွားတယ်၊ ကန့်ကွက်တယ်၊ သဘောမတူဘူး ဆိုတဲ့ ရှုထောင့်ကနေ ပြောဆိုတာ မဟုတ်ဘဲ မေးတဲ့ အပေါ်မှာ ပိုပြီး ရှင်းလင်းအောင် ဟိုဘက် ဒီဘက် မျှပြီးထောက်ပြတာကို အဆိုးမြင် မဟုတ်ဘဲ ဒီလိုတွေ ရှိတယ် ဆို တာကို မြင်အောင် ပြောတဲ့ သဘောပါပဲ။ သဘောထား ကွဲလွဲပြီး ရန်မူခြင်းတွေ မရှိပါဘူး။

ဘာလို့ဆိုတော့ ရေရှည် ပြဿနာ ဖြေရှင်းရမယ့် အရေးတွေ ဖြစ်နေတော့ ဒါတွေကို သတိမူဖို့ လိုပါတယ်။ ကျနော်က Rational ဖြစ်တဲ့ (ဆင်ခြင်တုံတရားနဲ့ ယုတ္တိတန်တဲ့) အတွေးအခေါ်ကို ထောက်ပြတာ ဖြစ်ပါတယ်။

ကျနော်တို့ ရခိုင်မှာ နေထိုင်တဲ့ မွတ်စလင် မိတ်ဆွေတွေကို ပုတ်ခတ်တာမျိုး မရှိပါဘူး။ ဒါက ရေရှည်မှာ ကျနော်တို့ ပြဿနာ ဖြေရှင်းတဲ့ အချိန်မှာ အမြင် ရှင်းလင်းဖို့ ကျိုးကြောင်း ဆီလျော်ဖို့ ဒါတွေကို ကျနော်တို့က ဝေဖန်မြင်နိုင်ဖို့ လိုတာပေါ့။ ဒါတွေကို ကျနော်တို့က နိုင်ငံရေး အရ လိုချင်တဲ့ နာမည်ကိုပြောတာ မဟုတ်ဘဲ သူ့ရဲ့ မျိုးရိုးကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။ အငြင်းပွားပြီး နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်ဖို့ မရည်ရွယ်ပါဘူး။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆယ်စုနှစ် ချီပြီး ဒုက္ခသည်စခန်းတွေနဲ့ ဒီတိုင်း ပိတ်လှောင်ထားတယ်။ တကယ်ဆို လူ့အခွင့် အရေးအရ အကာကွယ် ပေးတယ်ဆိုပေမယ့် ဒီထက်ကျယ်ပြန့်တဲ့ ရေရှည် စဉ်းစားမှုမျိုး ထားရှိမယ် ဆိုရင် ဒီဒုက္ခသည် တွေ အတွက် ပိုပြီး အကျိုးရှိစေပါတယ်။ ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ်စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ်အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။ ကလေးသူငယ်တွေ စာသင်ခွင့် မရှိဘူး။

တကယ်ဆို ဒီလောက်များတဲ့ လူဦးရေ၊ ဒီလောက်များတဲ့ ဒုက္ခသည်တွေအတွက် ထမင်းကျွေး၊ ဆေးကုရုံထက် အလုပ် အကိုင် အခွင့်အလမ်းတွေ vocational training (အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရပ် သင်တန်း)တွေ တခြား ပညာသင်ခွင့်၊ အခြေခံပညာ မကလို့ အဆင့်မြင့်ပညာတွေတောင် စဉ်းစားပေးသင့်တာပေါ့။ သူလည်း နိုင်ငံတကာ အကူအညီတွေ အများကြီး ယူပြီး လုပ်ပေးနေတာပဲ။

တကယ်စေတနာမှန်တယ် ဆိုရင် ဒါတွေလည်း စဉ်းစားသင့်တယ်။ သူတို့ထဲက ဒုက္ခသည် အကြီးအကဲတွေကလည်း ဒါတွေကို ဖြစ်အောင် ဆောင်ရွက်သင့်တယ်။ ဒီထက်ပိုပြီး အတွေးအခေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စေတနာလည်း မှန်ဖို့ လိုမယ် ထင်တယ်။ ဒါက အမြင်တခုကို ပြောပြတာပါ။ များသောအားဖြင့် သူတို့ ကိစ္စတွေကို ကျနော်တို့ သိပ်မပြော ဖြစ်ဘူး။ စိတ်ထဲမှာတော့ ရှိပါတယ်။

မေး။ ။ သူတို့ဘက်ကလည်း ရိုဟင်ဂျာဆိုတဲ့ အမည်နဲ့ နိုင်ငံသားထက် ကျော်လွန်တဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူမျိုးအဖြစ် တရားဝင် ရဖို့ကိုပဲ ဖြစ်ချင်တယ်လို့ ရပ်တည်ထားတယ်။ ရခိုင်တွေဘက်မှာလည်း လူဦးရေအရ ခြိမ်း ခြောက်မှုကို စိုးရိမ်တာမျိုး ရှိတယ်။ AAရဲ့ ရပ်တည်ချက်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ ပြဿနာ တခုဖြစ်လာပြီဆိုရင်တော့ ကိုယ်မလိုချင်တဲ့ အနေအထားတွေ ရှိနေလို့ပဲလေ။ အဲဒီ ပြဿနာ ဖြေရှင်းတဲ့ အချိန်မှာလည်း ကိုယ့်စိတ်တိုင်းကျ ပြီးချင်မှ ပြီးမှာပေါ့။ သူတို့ဘက်ကလည်း သူလိုချင်တဲ့တိုင်း ဖြစ်ချင်မှ ဖြစ်မှာပေါ့။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အနေအထား တခုမှာတော့ ကျနော်တို့ရအောင် ဖြေရှင်းရတော့မှာပဲ။ ဒါမျိုး မဖြေရှင်းရင် သူတို့လည်း မအေးချမ်းသလို ကျနော်တို့လည်း အေးချမ်းမှာ မဟုတ်ဘူး။

ဒါက ပြေလည်အောင် နည်းလမ်းတွေကို ကျနော်တို့ ရှာရမယ်။ ပြီးရင် တဖက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကလည်း အမျှော်အမြင်ကြီးကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်စရာတွေတော့ အများကြီး ရှိလာမှာပါ။ ကျနော်တို့က အခု ချိန်မှာ Non-State Actor ၊နိုင်ငံတခုရဲ့အစိုးရ မဟုတ်သေးတော့ တချို့ကိစ္စတွေကို ကြိုပြီး အရမ်းပြောလို့လည်း မဖြစ် သေးပါဘူး။

မေး။ ။ ရခိုင်ပြည်နယ်တွင်းမှာ လှုပ်ရှားနေတဲ့ ARSA လို အဖွဲ့မျိုးတွေရော ဘယ်လိုအခြေအနေနဲ့ ရှိနေလဲ။ AA ဘက် က သူတို့ရဲ့ပတ်သက်ပြီး မြင်ရတာ ဘာတွေ ရှိလဲ။

ဖြေ။ ။ ARSA ရဲ့စစ်ရေး လှုပ်ရှားမှုကတော့ ကျနော်တို့ သိပ်မမြင်ရဘူး။ သူတို့ စုဖွဲ့မှုတွေကိုတော့ ကျနော်တို့ သတင်း တွေ ကြားတယ်။ ရပ်ရွာတွေထဲမှာ ဒုက္ခသည် စခန်းတွေမှာတော့ ကြားပါတယ်။ ဒါပေမယ့် စုဖွဲ့မှုပေါ့ဗျာ။ ဘယ်နေရာ မှာ လူ ၅ ယောက်၊ အယောက် ၁၀ ၊ ၂၀ ၊ ၁၀၀ ဆိုတာမျိုးတော့ ကြားမိတယ်။ ဒါပေမယ့် လက်နက်ကိုင်ပြီး သင်တန်း တတ်နေတာတို့ စစ်ဆင်ရေး လှုပ်ရှားတာမျိုးတို့တော့ မတွေ့ပါဘူး။ နည်းနည်းပါးပါးတော့ ကြားမိတယ်။ သေနတ် ၃ လက်၊ ၄ လက်၊ ၁၀ လက်၊ အလက်၂၀ လောက်နဲ့ပဲ ဆိုတာ ကြားမိပါတယ်။

မေး။ ။ ARSA ကရော ရခိုင်ပြည်နယ်တွင်းမှာ ပြန်လည် ခေါင်းထောင်လာပြီး တိုက်ခိုက်မှုမျိုးတွေ လုပ်နိုင်လောက်တဲ့ အခြေအနေ ရှိနေသေးလား။

ဖြေ။ ။ ဒါတော့ မမြင်မိဘူး။ ဒါပေမယ့် ကျနော်တို့ မမြင်တဲ့ အတွက်ကြောင့် သူတို့ မရှိဘူးလို့လည်း မပြောရဲဘူး။ သူတို့ ရှိနေပြီး ကျနော်တို့ မမြင်မိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

  • Vkontakte Social Icon
  • Twitter
  • YouTube

Copyright © 2020 Arakan Army