top of page

အပစ္အခတ္သက္တမ္းတိုးၿပီး ႏွစ္ဦးႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲရန္ကမ္းလွမ္းခ်က္

ညီေနာင္မဟာမိတ္(၃)ဖြဲ႕၏ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား “ဆ႒မ” အႀကိမ္အားျဖင့္ သုံးလတာ ထပ္မံတိုးျမႇင့္ၿပီး ျမန္မာ့တပ္မေတာ္အား ႏွစ္ဦးႏွစ္ဖက္အပစ္အခတ္ရပ္စဲရန္ ကမ္းလွမ္းသည့္

ထုတ္ျပန္ေၾကညာခ်က္


အမွတ္ (၈/၂၀၂၀)

၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁) ရက္


ညီေနာင္မဟာမိတ္ (၃) ဖြဲ႕ျဖစ္ၾကေသာ ကိုးကန႔္ (MNTJP/MNDAA)၊ တအာင္း (PSLF/TNLA)၊ ရခိုင္ (ULA/AA) တို႔သည္-

(၁) ႏိုင္ငံေရးအရ အေရးေပၚျဖစ္ေနေသာျပႆနာမ်ားကို ႏိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးအေျဖရွာရန္

(၂) ျမန္မာအစိုးရ၊ ျမန္မာ့တပ္မေတာ္ႏွင့္ မိမိတို႔အဖြဲ႕အစည္းမ်ားအၾကားတြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အဆင္ေျပ ေခ်ာေမြ႕ေစရန္၊ လက္ေတြ႕က်ေသာလုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ရန္

(၃) ျပည္သူလူထု၏မ်က္ႏွာကိုေထာက္ရႈ၍ တိုက္ပြဲမ်ား လုံးဝမျဖစ္ပြားေစဘဲ ျပည္သူ႔အသက္၊ အိုးအိမ္၊ စည္းစိမ္မ်ားကို အကာအကြယ္ေပးႏိုင္ရန္

(၄) ႏွစ္ဦးႏွစ္ဖက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကို အမွန္တကယ္ေဆာင္႐ြက္ႏိုင္ရန္ ႏွင့္ ျပည္တြင္းစစ္မီး လုံးဝ ခ်ဳပ္ၿငိမ္းသြားေစရန္

(၅) Covid-19 ကူးစက္ေရာဂါကို ႀကိဳတင္ကာကြယ္တားဆီးေရး၊ ထိန္းခ်ဳပ္ႏိုင္ေရး၊ တိုက္ဖ်က္ေရးဆိုင္ရာ လုပ္ငန္းမ်ားကို အေထာက္အကူျပဳႏိုင္ရန္

(၆) ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ထိစပ္လ်က္ရွိေသာ အိမ္နီးခ်င္းႏိုင္ငံမ်ားအားလုံး၏ နယ္စပ္တည္ၿငိမ္ေအးခ်မ္းမႈ ရရွိေစရန္အတြက္ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေရးအား အႀကိမ္ႀကိမ္ ေၾကညာခဲ့ပါသည္။ ၂၀၁၉ ခုႏွစ္မွစ၍ ၂၀၂၀ ျပည့္ႏွစ္၊ ေမလကုန္အထိ (၅) ႀကိမ္တိုင္တိုင္ သက္တမ္းတိုးခဲ့ၿပီး ျဖစ္သည္။

ျမန္မာ့တပ္မေတာ္သည္လည္း မိမိတို႔နည္းတူ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲျခင္းအား အႀကိမ္ႀကိမ္ ေၾကညာေနေသာ္လည္း ႏွစ္ဖက္တိုက္ပြဲမ်ားမွာ မရပ္တန႔္ႏိုင္ဘဲ ဆက္လက္ျဖစ္ပြားေနပါသည္။ ဤသည္မွာ ျမန္မာ့တပ္မေတာ္ဖက္မွ ရခိုင္ေဒသတစ္ခုတည္းကို သီးသန႔္ခ်န္လွပ္ၿပီး ရကၡိဳင့္တပ္ေတာ္ တစ္ဖြဲ႕တည္းအား ၾကည္း၊ ေရ၊ ေလ ပူးေပါင္းထိုးစစ္ဆင္တိုက္ခိုက္ရန္၊ အျမစ္ျပတ္ေခ်မႈန္းရန္ ႀကိဳးစားလုပ္ေဆာင္ေနေသာေၾကာင့္ ရခိုင္ေဒသအတြင္း၌ ယခုကဲ့သို႔ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနရျခင္း ျဖစ္ပါသည္။

ႀကိဳတင္ကန႔္သတ္ခ်က္မ်ား၊ တစ္ဖြဲ႕ဖြဲ႕အားခ်န္လွပ္ထားမႈမ်ားပါရွိေသာ ျမန္မာ့တပ္မေတာ္၏ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲေရးေၾကညာခ်က္မ်ားႏွင့္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူမွ သတင္းမီဒီယာမ်ား၌ ေျပာဆိုေန ျခင္းမ်ားမွာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေရွ႕ဆက္ရန္ အဟန႔္အတားျဖစ္ေနပါသည္။ သို႔ေသာ္လည္း ဤသည္ကို နည္းလမ္းရွာၿပီးေျဖရွင္းရန္ မိမိတို႔ဘက္မွ စိတ္ဆႏၵအျပည့္အဝရွိပါသည္။

ျမန္မာ့တပ္မေတာ္၏ မိမိတို႔အဖြဲ႕အစည္းမ်ားအေပၚ ထိုးစစ္ဆင္တိုက္ခိုက္ေနမႈမ်ားမွာ ရပ္တန႔္ျခင္း မရွိေသးသည့္အျပင္ လူမ်ိဳးေရးအမုန္းတရားမ်ားကိုအေျခခံ၍ အရပ္သားျပည္သူလူထုမ်ားအား ဦးတည္တိုက္ခိုက္မႈ မ်ိဳးကို ပိုမိုလုပ္ေဆာင္လ်က္ရွိသည္။ ထို႔အတူ ယခင္ထက္ႀကီးမားေသာ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ တိုက္ပြဲမ်ားမွာ ယေန႔အခ်ိန္အထိ ဆက္လက္ျပင္းထန္လ်က္ရွိပါသည္။ တစ္ၿပိဳင္နက္တည္းတြင္ ျမန္မာ့တပ္မေတာ္သည္ မိမိတို႔ျပည္သူလူထုမ်ားအား မတရားဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္း၊ မိမိတို႔ရပ္႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္၊ ေလေၾကာင္း၊ ေရတပ္သေဘၤာမ်ားမွ ေန႔ညအခ်ိန္မေ႐ြး ပစ္ခတ္တိုက္ခိုက္ေနျခင္းတို႔အျပင္ ႐ြာလုံးကြၽတ္မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားကို လူမ်ိဳးေရးအမုန္းတရား မ်ားျဖင့္ ေတာက္လွ်ာက္လုပ္ေဆာင္ေနခဲ့သည္။

ထို႔ေၾကာင့္ လက္ေတြ႕က်သည့္ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား စတင္ႏိုင္ရန္အတြက္ ျမန္မာ့တပ္မေတာ္ႏွင့္ မိမိတို႔ ႏွစ္ဦးႏွစ္ဖက္ တစ္ၿပိဳင္နက္တည္း အပစ္ရပ္စဲေရးအား အတူတကြပူးတြဲေၾကညာရန္ မိမိတို႔ဖက္မွ စိတ္ရင္းေစတနာအမွန္ျဖင့္ ကမ္းလွမ္းလိုက္ပါသည္။ ထို႔အတူ လက္ေတြ႕က်ေသာလုပ္ငန္းမ်ားကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ရန္အလို႔ငွာ တစ္ဖက္သတ္အပစ္အခတ္ ရပ္ဆိုင္းျခင္းအား ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁) ရက္ေန႔မွ ဩဂုတ္လ (၃၁) ရက္ေန႔အထိ “သုံးလတာ” အခ်ိန္ကာလအား “ဆ႒မ” အႀကိမ္ ထပ္မံသက္တမ္းတိုးျမႇင့္လိုက္ပါသည္။ ဤကဲ့သို႔ ကမ္းလွမ္းထားစဥ္အတြင္း ျမန္မာ့တပ္မေတာ္မွ မည္သည့္တစ္စုံတစ္ရာတုံ႔ျပန္မႈမရွိဘဲ ယခင္နည္းတူ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားကို ဆက္လက္ျပဳလုပ္ေနမည္ဆိုပါက မိမိတို႔အေနျဖင့္ အဖိႏွိပ္ခံျပည္သူလူထုမ်ားႏွင့္ လက္တြဲၿပီး “ယခင္နည္းတူ” မိမိကိုယ္မိမိ ခုခံေသာအေနျဖင့္ တုံ႔ျပန္ကာကြယ္သြားမည္ျဖစ္ေၾကာင္း မိမိတို႔ ညီေနာင္မဟာမိတ္ (၃) ဖြဲ႕၏ သေဘာထားကို ထုတ္ျပန္ေၾကညာအပ္ပါသည္။


ညီေနာင္မဟာမိတ္ (၃) ဖြဲ႕






Press Release of Three Brotherhood Alliance’s Unilateral Ceasefire Extension as a Sixth Term for Three Months and Offering a Bilateral Ceasefire to Myanmar Army


No. 8/2020

1 June 2020


Our Three Brotherhood Alliance of the Kokang (MNTJP/MNDAA), the Ta’ang (PSLF/TNLA) and the Arakanese (ULA/AA) has declared a unilateral ceasefire for several times with the aim:

(1) To resolve serious political problems through political dialogue,

(2) To effectively carry out practical tasks in conformity with the peace process between our organizations and the government of Myanmar and its military,

(3) To protect life and property of the general public for the sake of the majority of people occurring without any fighting,

(4) To actually implement bilateral ceasefire agreements and to end civil war completely,

(5) To assist the preventive and combative measures in the fight against the COVID-19 pandemic, and

(6) To promote peace in Myanmar and stability of the borders of neighbouring countries bordering with Myanmar. We have already extended our unilateral ceasefire for five terms from 2019 till May 2020.

Despite the fact that Myanmar Army has also declared a unilateral ceasefire for several times like us, clashes continue to have broken out. That the Myanmar Army has excluded the Arakan region and attempted to defeat the Arakan Army by launching their sea-land-air offensive attacks in Arakan, the unilateral ceasefires have not stopped the fighting.

The unilateral ceasefires of the Myanmar Army with the preconditions and exclusion of one of our member organizations and irresponsible sayings of the President Office’s spokesman on media have hindered the progress of peace process. Nevertheless, we are fully willing to solve it by seeking the best way.

The Myanmar Army has not halted their military aggression against our organizations but ramped up their intensified assaults targeting civilians based on racial hatred. In addition, the fighting is intensifying to date because the Myanmar Army has continued to conduct more all-out offensive attacks than previous assaults. Meanwhile, the Myanmar Army has continued to carry out burning down of entire village based on racial hatred in addition to committing arbitrary arrest, torture and killings of our civilians and attacking villages with artillery and light weapons from air and navy ships through day and night.

As a gesture of goodwill, we are therefore offering to announce jointly a bilateral ceasefire with Myanmar Army and our organizations at the same time from both sides in order to start pragmatic peace building process. In addition, we have extended a three-month-long unilateral ceasefire as a sixth term from June 1, 2020 till August 31, 2020 in order to effectively implement practical tasks. If the Myanmar Army has continued their offensive attacks like before without any response during the offering time of our unilateral ceasefire extension, we will take decisive defensive actions like before hand in hand with the oppressed peoples.


Three Brotherhood Alliance




ညီနောင်မဟာမိတ်(၃)ဖွဲ့၏ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား “ဆဋ္ဌမ” အကြိမ်အားဖြင့် သုံးလတာ ထပ်မံတိုးမြှင့်ပြီး မြန်မာ့တပ်မတော်အား နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းသည့် ထုတ်ပြန်ကြေညာချက်


အမှတ် (၈/၂၀၂၀)

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်


ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)၊ ရခိုင် (ULA/AA) တို့သည်-

(၁) နိုင်ငံရေးအရ အရေးပေါ်ဖြစ်နေသောပြဿနာများကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာရန်

(၂) မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် မိမိတို့အဖွဲ့အစည်းများအကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရန်၊ လက်တွေ့ကျသောလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်

(၃) ပြည်သူလူထု၏မျက်နှာကိုထောက်ရှု၍ တိုက်ပွဲများ လုံးဝမဖြစ်ပွားစေဘဲ ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးနိုင်ရန်

(၄) နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ရန် နှင့် ပြည်တွင်းစစ်မီး လုံးဝ ချုပ်ငြိမ်းသွားစေရန်

(၅) Covid-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်တားဆီးရေး၊ ထိန်းချုပ်နိုင်ရေး၊ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်

(၆) ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးအား အကြိမ်ကြိမ် ကြေညာခဲ့ပါသည်။ ၂၀၁၉ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ မေလကုန်အထိ (၅) ကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့ပြီး ဖြစ်သည်။

မြန်မာ့တပ်မတော်သည်လည်း မိမိတို့နည်းတူ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ် ကြေညာနေသော်လည်း နှစ်ဖက်တိုက်ပွဲများမှာ မရပ်တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေပါသည်။ ဤသည်မှာ မြန်မာ့တပ်မတော်ဖက်မှ ရခိုင်ဒေသတစ်ခုတည်းကို သီးသန့်ချန်လှပ်ပြီး ရက္ခိုင့်တပ်တော် တစ်ဖွဲ့တည်းအား ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ရန်၊ အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားလုပ်ဆောင်နေသောကြောင့် ရခိုင်ဒေသအတွင်း၌ ယခုကဲ့သို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရခြင်း ဖြစ်ပါသည်။

ကြိုတင်ကန့်သတ်ချက်များ၊ တစ်ဖွဲ့ဖွဲ့အားချန်လှပ်ထားမှုများပါရှိသော မြန်မာ့တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကြေညာချက်များနှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူမှ သတင်းမီဒီယာများ၌ ပြောဆိုနေ ခြင်းများမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက်ရန် အဟန့်အတားဖြစ်နေပါသည်။ သို့သော်လည်း ဤသည်ကို နည်းလမ်းရှာပြီးဖြေရှင်းရန် မိမိတို့ဘက်မှ စိတ်ဆန္ဒအပြည့်အဝရှိပါသည်။

မြန်မာ့တပ်မတော်၏ မိမိတို့အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ရပ်တန့်ခြင်း မရှိသေးသည့်အပြင် လူမျိုးရေးအမုန်းတရားများကိုအခြေခံ၍ အရပ်သားပြည်သူလူထုများအား ဦးတည်တိုက်ခိုက်မှု မျိုးကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ယခင်ထက်ကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ယနေ့အချိန်အထိ ဆက်လက်ပြင်းထန်လျက်ရှိပါသည်။ တစ်ပြိုင်နက်တည်းတွင် မြန်မာ့တပ်မတော်သည် မိမိတို့ပြည်သူလူထုများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိမိတို့ရပ်ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း၊ ရေတပ်သင်္ဘောများမှ နေ့ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေခြင်းတို့အပြင် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများကို လူမျိုးရေးအမုန်းတရား များဖြင့် တောက်လျှာက်လုပ်ဆောင်နေခဲ့သည်။

ထို့ကြောင့် လက်တွေ့ကျသည့်ငြိမ်းချမ်းရေးလုပ်ငန်းများ စတင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် မိမိတို့ နှစ်ဦးနှစ်ဖက် တစ်ပြိုင်နက်တည်း အပစ်ရပ်စဲရေးအား အတူတကွပူးတွဲကြေညာရန် မိမိတို့ဖက်မှ စိတ်ရင်းစေတနာအမှန်ဖြင့် ကမ်းလှမ်းလိုက်ပါသည်။ ထို့အတူ လက်တွေ့ကျသောလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ တစ်ဖက်သတ်အပစ်အခတ် ရပ်ဆိုင်းခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ “သုံးလတာ” အချိန်ကာလအား “ဆဋ္ဌမ” အကြိမ် ထပ်မံသက်တမ်းတိုးမြှင့်လိုက်ပါသည်။ ဤကဲ့သို့ ကမ်းလှမ်းထားစဉ်အတွင်း မြန်မာ့တပ်မတော်မှ မည်သည့်တစ်စုံတစ်ရာတုံ့ပြန်မှုမရှိဘဲ ယခင်နည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေမည်ဆိုပါက မိမိတို့အနေဖြင့် အဖိနှိပ်ခံပြည်သူလူထုများနှင့် လက်တွဲပြီး “ယခင်နည်းတူ” မိမိကိုယ်မိမိ ခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ကြောင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့





635 views
bottom of page