top of page

အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအကြမ်းဖက် ARSA အဖွဲ့မှ အပြစ်မဲ့ အရပ်သားခရီးသွားပြည်သူလူထု များကို ခြုံခိုတိုက်ခိုက်၊အကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီးခေါ်ဆောင်သွားသော လုပ်ရပ်များနှင့်ပတ်သက်၍ ကနဦး ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၂) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာမှ အဖ ဦးအဒေါင်း၏သား ကိုထွန်းဝင်း (၃၀)နှစ် သည် ၎င်း၏ ခရီးသည် တင်ကားဖြင့်ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး များကို ဝယ်ယူ၍ ပြန်လာ သည့် ခရီးသည်(၅)ဦးကို တင်ဆောင်ပြီး ကျောက်ပန္ဒူရွာဘက်သို့ ထွက်ခွာလာခဲ့သည်။

 

အဆိုပါ ခရီးသည်တင်ကားသည် မောင်တောမြို့နယ်၊ မြိုယုရွာ၏အရှေ့ဘက် တံတားအနီးတွင် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ကားပေါ်၌ပါလာသော ခရီးသည်(၅) ဦးနှင့် ကားမောင်းသမားများအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိသော စားသုံးကုန်များအားလုံးကို ယူဆောင်သွားခဲ့သည်။

 

အာရက္ခတပ်တော်မှ အခင်းဖြစ်ပျက်ရာနေရာသို့သွားရောက်ပြီး အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများကို လိုက်လံရှာဖွေလျက်ရှိရာ အခင်းဖြစ်ပွားသည့် နေရာနှင့် မလှမ်းမကမ်း၌ ခရီးသည် (၅)ဦးထဲမှ ဝေဝေစိုး၊ အသက်(၃၀) နှစ်နှင့် နိုင်နိုင်ဆွေ၊ အသက်(၄၀) နှစ် တို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး သေဆုံးသူ ဝေဝေစိုး၏ သမီးငယ် ခိုင်မြတ်မွန် အသက်(၃)နှစ်ကို မိခင်၏ အလောင်းဘေးတွင်အသက်ရှင်လျက် တွေ့ရှိခဲ့ရသည်။

 

ထို့နောက်တွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာသော ကားမောင်းသူ ကိုထွန်းဝင်း၊ ခရီးသည် မောင်သန်းထွီး(၂၅)နှစ် တို့ကိုလည်းဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိခဲ့သည်။

 

အကြမ်းဖက်သတ်ဖြတ်သွားသော ARSA တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိပြီး အသေးစိတ်နှင့် နောက်ဆက်တွဲသတင်းများကိုထပ်မံတင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

 
 
 

Recent Posts

See All
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးရသတင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် (၀၀) နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရွာအချို့ ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရ

 
 
 
🚨 #Breakingnews

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် ၊ ည (၉) နာရီခန့်မှစတင်ပြီး ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့်တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။   (၁) ပုဏ္ဏားကျွန်းမြ

 
 
 

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page