top of page

အကြမ်းဖက်စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ဘာထလေရွာ၊ နွားတင်းကုပ်ရွာများအတွင်းနှင့် ဘာထလေချောင်း၌သွားလာနေကြသော အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၅)ဦးသေဆုံး၊ (၆)ဦး ဒဏ်ရာရ

  • Nov 16, 2025
  • 1 min read


ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ (စစ်ကော်မရှင်) ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာ၊ နွားတင်းကုပ်ကျေးရွာများအတွင်း နှင့် ဘာထလေ ချောင်းအတွင်းသွားလာနေကြသော အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၅) ဦးသေဆုံး၊ ဒဏ်ရာရရှိသူ (၆) ဦး ရှိခဲ့

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလ (၁၅) ရက်၊ နံနက် (၁၀) နာရီ (၀၃) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်) တပ်၏ ဂျက်လေယာဉ် (၂) စီးသည် အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်၊ ဘာထလေ ကျေးရွာနှင့် နွားတင်းကုပ်ကျေးရွာများအတွင်းသို့ ရော့ကတ် (၂) လုံးစီဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၌ ၎င်းရွာနှစ်ရွာအတွင်းမှ အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်သာမက ဘာထလေမြစ်ချောင်း ကမ်းဘေးရှိ စက်လှေ (၅) စီးတို့သည်လည်း ပျက်စီးခဲ့သည်။

 

ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း နွားတင်းကုပ်ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ (၂) ဦးသေဆုံးကာ အလတ်စား ဒဏ်ရာရရရှိသူ (၂) ဦးရှိခဲ့သည်။ ဘာထလေချောင်းအတွင်း သွားလာနေကြသော အပြစ်မဲ့ပြည်သူ (၃) ဦးသေဆုံးကာ အသေးစား၊ အလတ်စားဒဏ်ရာရရှိသူ (၄) ဦးရှိခဲ့သည်။

 

ထို့ကြောင့် စုစုပေါင်း (၅) ဦး သေဆုံးပြီး အသေးစား၊ အလတ်စားထိခိုက်ဒဏ်ရာရရှိသူ (၆) ဦး ရှိခဲ့သည်။

 

ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများစာရင်း အသေးစိတ်ကို ထပ်မံတင်ပေးသွားပါမည်။

 

သတင်းနှင့်ပြန်ကြားရေးအာရက္ခတပ်တော်


Recent Posts

See All

Comments


  • Telegram-White
  • YouTube
  • Vkontakte
  • Twitter

Copyright © 2020 Arakan Army

bottom of page